အအိပ်လွန်ခြင်းကို အဖြစ်များစေတဲ့ အကြောင်းတွေက ဘာတွေလဲ။
နေ့လည်ဘက်မှာ အလွန်အမင်းပင်ပန်းတဲ့လူတွေက အအိပ်လွန်ခြင်း ပိုဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေတွေမှာ အိပ်ရေးပျက်တာ၊ ကျောက်ကပ်မကောင်းတာ၊ နှလုံးရောဂါ၊ ဦးနှောက်ထိခိုက်မှု၊ စိတ်ဓါတ်ကျခြင်းနှင့် သိုင်းရွိုက်ဟော်မုန်းနဲခြင်းတို့ ပါဝင်ပါတယ်။
အမေရိကန် အိပ်စက်မှုနဲ့ ပတ်သတ်မှုကို လေ့လာတဲ့အဖွဲ့ရဲ့ အဆိုအရ အမျိုးသားတွေက အမျိုးသမီးတွေထက် အအိပ်လွန်တဲ့ ပြဿနာပိုဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးလိပ်နဲ့ အရက်ကိုပုံမှန်သောက်သူတွေမှာ အအိပ်လွန်တာ ပိုဖြစ်တတ်ပါတယ်။ လေးလံထိုင်းမှိုင်းစေတဲ့ဆေးတွေမှာ အအိပ်လွန်ခြင်းနဲ့တူတဲ့ ဘေးထွက်ဆိုးကျိုးရှိပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Hypersomnia disorder (အအိပ်လွန်တဲ့ ပြဿနာ) ကို ဘယ်လိုအတည်ပြုပါသလဲ
အအိပ်လွန်တဲ့ ပြဿနာကိုသိဖို့အတွက် ဆရာဝန်က ရောဂါရာဇဝင်နှင့် ရောဂါလက္ခဏာကို မေးမြန်းပါလိမ့်မယ်။ တက်ကြွမှုကို စစ်ဆေးနည်းတွေနဲ့ စမ်းသပ်ပါလိမ့်မယ်။
ဆရာဝန်က အအိပ်လွန်တဲ့ ပြဿနာကိုသိဖို့ နည်းလမ်းမျိုးစုံနဲ့ စမ်းသပ်ပါလိမ့်မယ်။
အိပ်ချိန်ကို မှတ်ထားခြင်း။ ညဘက်သင့်အိပ်ချိန်ကို သိဖို့အတွက် အိပ်ရာဝင်ချိန်နှင့် နိုးထချိန်တွေကို မှတ်ထားခိုင်းပါလိမ့်မယ်။
အိပ်ချိန်ကို တိုင်းတာခြင်း။ သင့်အခြေအနေ ဘယ်လောက်ဆိုးနေလဲဆိုတာကို သိဖို့အတွက် တိုင်းတာပါလိမ့်မယ်။
အိပ်ချိန်အများအပြားကို တိုင်းတာတဲ့နည်း။ နေ့ဘက်အိပ်ချိန်တွေကို တိုင်းတာရပါမယ်။ ဒီနည်းက သင်အိပ်တဲ့ပုံစံတွေကို တိုင်းတာနိုင်ပါတယ်။
Polysmnogram။ ညဘက်အိပ်စက်နားနိုင်တဲ့ နေရာမှာနေပါ။ စက်တွေက သင့်ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ၊ မျက်လုံးရွေ့လျားမှု၊ နှလုံးခုန်နှုန်း၊ အောက်စီဂျင်ပမာဏနဲ့ လုပ်ငန်းတွေကို တိုင်းတာပါလိမ့်မယ်။
Hypersomnia disorder (အအိပ်လွန်တဲ့ ပြဿနာ) ကို ဘယ်လိုကုသပါသလဲ
အအိပ်လွန်တဲ့ ပြဿနာရှိနေတယ်ဆိုလျှင် ဆရာဝန်က သင့်ရောဂါကို ကုသဖို့အတွက် ဆေးတွေအများအပြားကို ပေးပါလိမ့်မယ်။ လန်းဆန်းစေတဲ့ဆေးတွေ၊ စိတ်ဓါတ်ကျသက်သာစေတဲ့ဆေးတွေ၊ ဆေးအသစ်အဆန်း( Provigil/ Xyrem) တို့ကိုပေးပါလိမ့်မယ်။
အိပ်ရင်းအောက်စီဂျင်နဲတဲ့ရောဂါရနေရင် ဆရာဝန်က သင်အိပ်နေစဉ် နှာခေါင်းကို အုပ်ပြီးအောက်စီဂျင် ပေးပါလိမ့်မယ်။
နှာခေါင်းကိုအုပ်ထားတဲ့ မျက်နှာဖုံးနဲ့ အောက်စီဂျင်ပေးတဲ့စက်နဲ့ ချိတ်ဆက်ပြီး အောက်စီဂျင်ကို တောက်လျှောက်ပေးပါလိမ့်မယ်။ နှာခေါင်းအတွင်းကို ဝင်ရောက်တဲ့ အောက်စီဂျင်ရဲ့ ဖိအားကြောင့် အသက်ရှူလမ်းကြောင်းကို ပွင့်နေစေပါတယ်။
သင်က နုံးစေတဲ့ဆေးတွေသောက်ထားလျှင် ဆရာဝန်ကို အိပ်ချင်စိတ်နဲစေတဲ့ ဆေးတွေနဲ့ အစားထိုးခိုင်းပါ။ သင်က ညဘက်ကို ပိုပြီးအိပ်စက်နိုင်ဖို့ အိပ်ရာစောစောဝင်ပါ။ အရက်နှင့် ကဖိန်းအသုံးပြုတာကို ရပ်လိုက်ပါ။
နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ
အအိပ်လွန်တဲ့ ပြဿနာအတွက် လိုအပ်တဲ့ နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။
အောက်ပါ နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက အအိပ်လွန်တဲ့ ပြဿနာကို ကူညီပေးပါလိမ့်မယ်။
တချို့ အအိပ်လွန်တဲ့ ပြဿနာကို ကာကွယ်ဖို့ နည်းမရှိပါ။ သင်က တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာအိပ်စက်ခြင်းနှင့် အရက်ဖြတ်ခြင်းတွေက အအိပ်လွန်တဲ့ ပြဿနာကို လျှော့ချပေးနိုင်ပါတယ်။ နုံးစေတဲ့ဆေးတွေနဲ့ ညဘက်အလုပ်လုပ်ခြင်းကို ရှောင်ပါ။
သင်သိလိုတာ ရှိပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး သင့်အတွက် သင့်တော်သောအဖြေကို ရယူနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။