အိပ်ရင်းစကားပြောတတ်တဲ့ အကျင့်လေးကို ဒီလိုဖျောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 9, 2020 . 2 mins read
Share now

အိပ်နေတုန်းစကားပြောတတ်တာကရောဂါတစ်ခုမဟုတ်ပေမယ့်ရေရှည်မှာ ကိုယ်မသိလိုက်ဘဲ မိသားစုကို အနှောင့်အယှက်ဖြစ်နေစေတာမျိုးဖြစ်နိုင်ပါတယ်။ အိပ်နေချိန်မို့ မသိစိတ်ကလှုပ်ရှားတဲ့အတိုင်း လုပ်ဆောင်မိတာကြောင့် ထိန်းဖို့ဆိုတာခက်မှာပါ။ ဒါပေမယ့် ကိုယ့်ကြောင့် မိသားစုဝင်တွေ၊ ချစ်ရသူတွေမှာ စိတ်အနှောင့်အယှက်ဖြစ်ရမှာကိုတော့ လိုလားမယ်မထင်ပါဘူး။ ဒီတော့ ဒီအကျင့်ကို ဘယ်လိုဖျောက်မလဲ။ဆောင်းပါးလေးထဲမှာဖတ်ကြည့်ပါနော်။

အိပ်နေစဉ်စကားပြောတာ

အိပ်နေရင်းစကားပြောခြင်းကိုဆေးပညာအခေါ်အဝေါ်အနေနဲ့somniloquy လို့ခေါ်ကြပါတယ်။ အိပ်ပျော်နေစဉ်မှာ စကားပြောတတ်တဲ့ ပုံမှန်မဟုတ်တဲ့အလေ့အထတစ်မျိုးပါ။ လူတိုင်းတော့ မဖြစ်နိုင်ပါဘူး။ အိပ်နေတုန်းစကားပြောတတ်တဲ့အကျင့်ရှိသူတွေက သူတို့ဆီမှာ ဒီအကျင့်ရှိနေမှန်းတောင် မသိကြပါဘူး။ အိပ်နေစဉ်စကားပြောတဲ့အခါ ပုံမှန်ပြောနေကျအသံနဲ့ မတူတတ်ပါဘူး။ မသိစိတ်ရဲ့စေခိုင်းမှုအတိုင်းလုပ်မိနေတဲ့အပြုအမူတစ်ခုပေါ့။ အိပ်နေစဉ်စကားပြောတာက REM အဆင့်မှာဖြစ်တာများပြီး non-REM (NREM) အဆင့်မှာ မဖြစ်တတ်ကြပါဘူး။ REM အဆင့်မှာ အိပ်မက်မက်နေရင်း အိပ်မက်ထဲကမှာမြင်မက်နေတဲ့ အကြောင်းအရာတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ နှုတ်ကနေအသံထွက်တာကြောင့် အိပ်နေစဉ်စကားပြောခြင်းဖြစ်စဉ်ဖြစ်လာရတာပါ။ အသံက သဲသဲကွဲကွဲတော့ သိပ်မဖြစ်တတ်ပါဘူး။

ဘယ်သူတွေမှာ အဖြစ်များလဲ

ဘယ်သူတွေမှာ ပိုအဖြစ်များတယ်ရယ်လို့တော့ မရှိပါဘူး။ ကလေးတွေမှာတော့ အဖြစ်များကြပါတယ်။ အထူးသဖြင့် အသက် ၃ နှစ်ကနေ ၁၀ နှစ်အရွယ် ကလေးတွေမှာ အဖြစ်များပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာတော့ အယောက် ၁၀၀ မှာ ၅ယောက်လောက်ပဲဖြစ်တတ်တာပါ။နေ့တိုင်းဖြစ်ခဲပြီး ၃လ၊ ၄ လတစ်ခါလောက်မှဖြစ်တတ်ကြပါတယ်။ ငယ်စဉ်မှာတော့ အိပ်နေစဉ်စကားပြေတာက မိန်းကလေးမှာရောယောက်ျာလေးမှာပါဖြစ်နိုင်ခြေအတူတူပါပဲ။ အသက်အရွယ်ရလာတဲ့ အခါမှာတော့ အမျိုးသားတွေက အမျိုးသမီးတွေထက်ပိုပြီး အိပ်နေစဉ်စကားပြောကြတာပိုများပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြမလဲ

အိပ်ပျော်နေစဉ်စကားပြောတာနဲ့အတူ အိပ်မက်ဆိုးတွေမက်မယ်။ခြေလက်တွေရုန်းကန်မယ်၊ချွေးထွက်မယ်။ အထိတ်လန့်အော်ဟစ်မယ်။ ခဏခဏဖြစ်နေမယ်။ စိတ်ဖိစီးစေမယ်။ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်တိုင်ပင်တာက အကောင်းဆုံးဖြစ်မှာပါ။

အိပ်နေစဉ် စကားပြောတဲ့အကျင့်ကိုဖျောက်လို့ရလား

အိပ်နေစဉ်စကားပြောတတ်တာကရောဂါမဟုတ်ဘဲ အကျင့်တစ်ခုပဲဖြစ်တာကြောင့်ဖျောက်ဖျက်လို့ရပါတယ်။

စိတ်ဖိစီးမှုလျှော့ချပါစိတ်ဖိစီးမှုများနေတာကလည်း အိပ်နေစဉ်စကားပြောခြင်းကိုဖြစ်တဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒါကြော်က့ စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျှော့ချပါ။

ယောဂကစားပါ -ယောဂက ခန္ဓါကိုယ်က ကြွက်သားတွေကိုပြေလျော့စေပြီး စိတ်တည်ငြိမ်စေနိုင်ပါတယ်။

တရားထိုင်ပါ – ဝင်သက်ထွက်သက်မှတ်တာကလည်း စိတ်ကိုတည်ငြိမ်အေးချမ်းမှုရစေတဲ့ အလေ့အကျင့်ကောင်းတစ်ခုပါ။ တစ်နေ့ကို ၁၅ မိနစ်လောက် ဝင်သက် ထွက်သက်မှတ်ပေးပါ။

လမ်းလျှောက်ပါ – တစ်နေ့တာမှာ စိတ်လက်အပန်းဖြေတဲ့အနေနဲ့ ၁၅ မိနစ် ကနေ နာရီဝက်လောက် လမ်းပုံမှန်လျှောက်ပေးတာကလည်း အိပ်နေစဉ်စကားပြောတကို သက်သာစေနိုင်ပါတယ်။

အရက် နဲ့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုရှောင်ပါ – ဒါတွေက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သလို အိပ်နေစဉ်စကားပြောမိတာကို ပါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒါတွေကိုလည်းလျှော့သောက်ပါ။

ကဖင်းလျှော့ပါကဖင်းက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အိပ်နေစဉ် စကားပြောတာကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လက်ဖက်ရည်၊ လက်ဖက်သုပ်၊ကော်ဖီတို့ကို တတ်နိုင်သမျှလျှော့သောက်ပါ။

အိပ်ရေးမပျက်ပါစေနဲ့ – အိပ်ရေးမဝတာကလည်း အိပ်နေစဉ်စကားပြောတာကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ညစဉ် အနည်းဆုံး အိပ်ချိန် ၇ နာရီလောက်ပုံမှန် အိပ်စက်ပေးပါ။

အိပ်ချိန်၊နိုးချိန်မှန်ပါစေ – အိပ်ချိန်ကို ပုံမှန်ရှိစေဖို့ နဲ့ မနက်ခင်းနိုးထချိန်ကို ပုံမှန်ဖြစ်စေတဲ့ အလေ့အထလေးပျိုးထောင်ယူပါ။ ဒါကလည်း အိပ်နေစဉ် စကားပြောတဲ့ အကျင့်ကိုဖျောက်ဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

စိတ်ဖိစီးမှုက ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲကို ဖြစ်စေပါတယ်။ ရာသီထိမ် တာတင်မက တခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အကျပ်အတည်းကာလဆိုပြီး ပိုသောက်မိနေပြီလား

ကိုယ်လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ၊ ကပ်ဘေးတွေကြောင့် စိတ်တွေညစ်လိုက်တာ၊ စိတ်တွေပင်ပန်းလိုက်တာဆိုပြီး နေ့စဉ်ရက်ဆက် ပိုသောက်မိနေပြီလား ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုတာကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားနေရနိုင်ပါတယ်။ ဒီအခြေအနေတွေကိူ အကောင်းဆုံး ကျော်လွှားဖို့ ဆိုရင်.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read