backup og meta

စိတ်မူမမှန်ခြင်း၏အတွေ့ရများသောလက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်မူမမှန်ခြင်း၏အတွေ့ရများသောလက္ခဏာများ

    စိတ်ဝေဒနာဆိုသည်မှာ ယိုယွင်းနေသော အတွေးများ၊ စိတ်ခံစားမှုများရှိသော ပြင်းထန်သည့် စိတ်ရောဂါဖြစ်ကာ ဤရောဂါနှင့် တွေ့ကြုံရသောလူသည် အမှန်တရားနှင့် ထိတွေ့မှု မရှိတော့ပါ။ စိတ်ဝေဒနာသည် အမှန်တကယ်မရှိသည့် အရာများကို အမှန်ဟု ယုံကြည်နေခြင်းဖြစ်သည်။ ပုံစံ(၂)မျိုးဖြင့် ဖြစ်ပွားသည်ကို တွေ့ရသည်။

    • Hallucination- တကယ်မရှိသည့် အရာများကိုကြားခြင်း၊ မြင်ခြင်း၊ ခံစားရခြင်း

    • Delusion- မဟုတ်သော ယုံကြည်မှုများကို ကိုင်စွဲထားခြင်း

    ယေဘူယျအားဖြင့် စိတ်ရောဂါ(၂)မျိုးမှ စိတ်ဝေဒနာကို ဖြစ်စေသည်။

    • Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ)

    • Mood or affective disorder (စိတ်ခံစားမှု မူမမှန်ခြင်း)

    ထူးခြားသော ရောဂါရှာဖွေမှုနှင့် အမျိုးအစားများက စိတ်ရောဂါ လက္ခဏာများကိုပြသနိုင်ပါသည်။ ထို့ပြင် လက္ခဏာများထပ်နေခြင်းလည်း ရှိနိုင်ပါသည်။ စိတ်ဝေဒနာသည် စိတ်ကစဉ့်ကလျားရောဂါနှင့် တွဲလေ့ရှိသည်။ အခြားလက္ခဏာများရှိသော်လည်း စိတ်ကစဉ့်ကလျားရောဂါကို စိတ်ဝေဒနာဟုပင် သတ်မှတ်သည်။ အခြားရောဂါများတွင်လည်း စိတ်ရောဂါ လက္ခဏာများရှိပါသည်။ စာရင်းအပြည့်အစုံမှာ-

    • Schizophrenia

    • Schizoaffective disorder and schizophrenia မျိုးခွဲများ

    • Persistent delusional disorders

    • Acute and transient psychotic disorders

    • အစွန်းရောက်စိတ်ရောဂါ (manic depressionဟုလည်းခေါ်သည်)

    • စိတ်ရောဂါအမူအရာများစွာ ဖြစ်သော စိတ်ကျရောဂါ

    • ကလေးမွေးပြီးနောက်ဖြစ်သည့် စိတ်ကျရောဂါ (တစ်ခါတစ်ရံ အလွန်ဆိုးဝါးသည်)

    • သုံးစွဲသော အရာဝတ္ထုများကြောင့်ဖြစ်သော စိတ်ကျရောဂါ (အရက်၊ မူးယစ်ဆေးဝါးနှင့် steroidတို့ပါဝင်သည်။)

    အချို့စိတ်ရောဂါပြဿနာများ

    အောက်ပါတို့သည် စိတ်ရောဂါလက္ခဏာများ၏ မူလအကြောင်းအရင်းများဖြစ်သည်။ သို့သော် စိတ်ဝေဒနာသည် အခြားရောဂါများကြောင့် ဖြစ်နိုင်သည်။ ၎င်းတို့မှာ-

    • ဦးနှောက်အကျိတ်(သို့) ရေအိတ်

    • သတိမေ့ရောဂါ (Alzheimer’s disease)

    • အာရုံကြောဆိုင်ရာရောဂါ ဥပမာ- Parkinson’s diseaseနှင့် Huntington’s disease

    • HIVနှင့် ဦးနှောက်ကို ထိခိုက်စေသည့် အခြားရောဂါပိုးများ

    • အချို့သော အတက်ရောဂါများ

    ရောဂါလက္ခဏာများ

    စိတ်ရောဂါလက္ခဏာများကို ခွဲခြားပြီး ထူးခြားသော ဖော်ပြချက်များပေးနိုင်သည်။ စိတ်ဝေဒနာ၏ အဓိကလက္ခဏာများမှာ-

    • Hallucinations- တကယ်မရှိသည့်အရာများကို ကြားခြင်း၊ မြင်ခြင်း၊ ခံစားရခြင်း၊ ပြင်ပလှုံဆော်မှုမရှိဘဲ သိမြင်နားလည်ခြင်း

    • Delusion- မှားယွင်းသော ယုံကြည်မှုများ၊ အထူးသဖြင့် အကြောက်တရား(သို့) တကယ်မရှိသော အရာများကို သံသယဝင်ခြင်းတို့ကို အခြေခံထားခြင်း

    Schizophrenia တွင်ပါဝင်သည့် စိတ်ရောဂါ လက္ခဏာများမှာ-

    • စုစည်းမှု မရှိသော အတွေး၊ စကား(သို့) အပြုအမူများ

    • ပရမ်းပတာအတွေးများ (ဆက်စပ်မှုမရှိသည့် ခေါင်းစဉ်များအကြားကူးသန်းခြင်း၊ အတွေးများကြား ထူးဆန်းသည့်ဆက်နွယ်မှုများ ပြုလုပ်ခြင်း)

    • သတိလစ်၍ တက်ခြင်း(unresponsiveness)

    စိတ်ဝေဒနာ၏ အစလက္ခဏာများ

    • သံသယဝင်ခြင်း

    • ထင်ယောင်ထင်မှားဖြစ်သော သိမြင်နားလည်မှုရှိခြင်း

    • စိတ်ဓါတ်ကျ၍ မိမိကိုယ်ကို သတ်သေသော အတွေးများရှိခြင်း

    • ထပ်တလဲလဲတွေးခြင်း

    • အအိပ်ရောဂါများ

    စိတ်ပညာရှင်များသည် အွန်လိုင်းပေါ်တွင် တင်ထားသော လက္ခဏာများတွင်မူတည်၍ ထိုလက္ခဏာများ များပြားလာပြီး ပိုဆိုးလာလျှင် စိတ်ရောဂါဝေဒနာပင်ဖြစ်သည်။

    ခြုံငုံကြည့်လျှင် စိတ်ရောဂါလက္ခဏာ အမျိုးအစားများစွာရှိပါသည်။ သင်သည် ထို လက္ခဏာများမှ တစ်ခု(သို့) နှစ်ခုသာတွေ့ကြုံရပါသည်။ စိတ်ဝေဒနာ၏ အတွေ့များဆုံးလက္ခဏာမှာ-

    • စကားပြောသံများ၊ အသံများကြားခြင်း(အကြားအာရုံ ကစဉ့်ကလျားဖြစ်ခြင်း)

    • အရာဝတ္ထုများမြင်ခြင်း

    • မကောင်းသောအနံများရခြင်း

    • ပုံမှန်မဟုတ်သည့် အကြံဉာဏ်(သို့) ယုံကြည်ချက်များ(delusions) လူတစ်ဦးနှင့် တစ်ဦးကွဲပြားပါသည်။

    • တစ်ပါးသူအပေါ် ယုံမှားသံသယဝင်ခြင်း

    • ရေဒီယို၊ တီဗွီ၊ သီချင်း(သို့) မဂ္ဂဇင်းမှ သတင်းများသည် သင့်ကိုသာညွှန်သည်ဟု ထင်နေခြင်း

    • အတွေးများ ရှုပ်ထွေးခြင်း၊ ရောထွေးသော စကားများပြောခြင်း

    • သင့် အတွေးများ(သို့) သင့်ခန္ဓါကိုယ်ကို ပြင်ပလွှမ်းမိုးမှုမှ ထိန်းချုပ်ထားသည်ဟု ခံစားရခြင်း

    • စိတ်အားထက်သန်မှု မရှိခြင်း တို့ဖြစ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement