မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
အိပ်ရေးပျက်တယ်ဆိုတာ လိုအပ်တဲ့ အိပ်စက်မှုမရရှိတာကို ခေါ်တာပါ။
အိပ်ရေးပျက်တဲ့ဒဏ်ကို အသက်ကြီးတဲ့လူတွေက ခံနိုင်ရည်ရှိကြပြီး ကလေးတွေ၊ လူငယ်တွေကတော့ ခံနိုင်ရည်မရှိကြပါဘူး။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
အိပ်ရေးပျက်ခြင်းရဲ့လက္ခဏာတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
အထက်တွင်ဖော်ပြထားသော လက္ခဏာတွေရှိမယ်ဆိုရင် ဒါမှမဟုတ် မေးချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နှင့်တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။
ကိုယ့်ဘာသာအိပ်ချိန်ကိုနည်းပါးစေခြင်း
အချို့ချို့သောသူတွေဟာ အိပ်စက်ခြင်းကို အချိန်ဖြုန်းတာလို့ သတ်မှတ်ကြပြီး ဖျော်ဖြေရေးတွေ၊ စာလုပ်ဖို့တွေနဲ့ ပိုက်ဆံတွေရှာဖွေဖို့ မိမိဘာသာ လျော့ချပြစ်တတ်ကြပါတယ်။ ထိုအရာတွေက လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။
အမှတ်တမဲ့အိပ်ရေးပျက်ကြခြင်း
အချိန်ပိုအလုပ်တွေ၊ မိသားစုကိစ္စတွေနဲ့ မနိုင်ဝန်တွေကြောင့် အိပ်ရေးပျက်ကြရပါတယ်။
အိပ်စက်ခြင်းနဲ့ နိုးထခြင်းတို့ လျော်ကန်မှုမရှိခြင်း
နောက်ကျမှအိပ်ခြင်း၊ အိပ်မက်ဆိုးကြောင့်လန့်နိုးခြင်းနဲ့ စောစောနိုးခြင်းတို့က အိပ်စက်ခြင်းကို ထိခိုက်နိုင်ပြီး အိပ်ရေးပျက်ခြင်းတွေ ပုံလာပါလိမ့်မယ်။ေ
ဆေးပညာပိုင်းဆိုင်ရာပြဿနာများ
စိတ်ဓါတ်ကျခြင်း၊ အိပ်စက်စဉ်အသက်ရှုရပ်ခြင်း၊ ဟော်မုန်းမညီမျှုခြင်းနဲ့ အခြားနာတာရှည်ရောဂါများတို့ပဲဖြစ်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ကုသမှုကတော့ ဇီဝပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ပြန်လည်ဖြည့်တင်းပေးခြင်း၊ အိပ်ရေးမပျက်စေရန်ကာကွယ်ခြင်းနှင့် အိပ်စက်ချိန်များကို ပြန်လည်ပေးဆပ်ခြင်းတို့ပဲဖြစ်ပါတယ်။ အကြွေးဆပ်ရန်အကောင်းဆုံးနည်းလမ်းကတော့ ထပ်အိပ်ဖို့ပဲဖြစ်ပါတယ်။ အိပ်စက်ဖို့ ဘယ်လောက်အကြွေးကျန်တယ်အပေါ်မူတည်ပြီး အချိန်ဘယ်လောက်ကြာလဲ ကွဲပြားနိုင်ပါတယ်။
အိပ်စက်ခြင်းအကြွေးတွေပြန်ပေးဖို့ အိပ်ချိန်ပြန်မပြည့်မချင်း အချိန်ပိုတွေ အိပ်စက်ခြင်းဖြင့် ပြန်လည် ဖြည့်တင်းပေးရပါလိမ့်မယ်။ နောက်ပိုင်းဆိုရင်တော့ အချိန်ပိုအိပ်စက်ဖို့ လိုမှာမဟုတ်တော့ပါဘူး။
အိပ်ချိန်အကြွေးတွေက နာရီရာချီ၊ထောင်ချီရှိမယ်ဆိုရင် အသိစိတ်နဲ့ အိပ်စက်မှုပုံစံကို နဂိုအတိုင်းဖြစ်အောင် ပြန်လည်ပုံသွင်းဖို့လိုသလို အချိန်အလုံအလောက်ပေးဖို့လည်း လိုအပ်ပါတယ်။ ပြန်နိုးလာတဲ့အခါမှာ လန်းဆန်းနေမယ်၊ တစ်နေ့လုံး မအိပ်ချင်တော့ဘူးဆိုရင် အိပ်ချိန်အကြွေးတွေ ဆပ်ပြီးပြီဆိုတာ ပြတာပါပဲ။ အိပ်ရေးပျက်တာတွေ ဆက်ဖြစ်နေမယ်၊ မကောင်းတဲ့လက္ခဏာတွေလည်း ဆက်ရှိနေမယ်ဆိုရင်တော့ မိမိဘာသာလေ့ကျင့်နေမယ့်အစား ကျန်းမာရေးကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။
အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ အိမ်တွင်းဆေးနည်းတွေက အိပ်ရေးပျက်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။
သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။