အလုပ်များတဲ့နေ့တွေမှာ နေ့ခင်းနေ့လယ်ပိုင်းတွေရောက်ရင် အိပ်ချင်သလိုလို အိပ်ငိုက်သလိုလိုမျိုး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အထူးသဖြင့် အလုပ်တွေများနေချိန်မျိုး၊ နေ့လယ်စာ စားထားပြီးချိန်မျိုးတွေမှာပေါ့။ အိမ်မှာရှိနေသူတွေအတွက်တော့ တရေးတမော အိပ်စက်ဖို့ အခွင့်အရေးရှိပေမယ့် လုပ်ငန်းခွင်ထဲက လူတွေအတွက်ကတော့ ဒီလိုအခွင့်အရေးမျိုး ရလာဖို့ ခက်ခဲပါတယ်။