ဒီဘက်ခေတ်မှာ ညအိပ်မပျော်တဲ့ ပြဿနာရှိနေတဲ့ အရေအတွက်ဟာ အရင်တုန်းကထက် ပိုများလာတာ သတိထားမိကြမှာပါ။ များသောအားဖြင့် ညအိပ်မပျော်ဘူးဆိုတဲ့သူတွေထဲမှာ ဆယ်ကျော်သက်လူငယ်အရွယ်တွေ၊ အလုပ်အကိုင်မရှိသေးသူတွေ၊ ညဘက်မှာ အလုပ်လုပ်နေရသူတွေဟာ ပိုများလာတတ်ပါတယ်။ နောက်ထပ် သတိထားမိတဲ့ ပြဿနာအကြောင်းရင်းကတော့ ဖုန်းကို အလွန်အကျွံအသုံးပြုလာကြတာပါပဲ။