‘မိမိကိုယ်ကို သတ်သေခြင်း’ တဲ့။ ရခဲလှတဲ့ လူ့ဘဝ (တစ်နည်း) အသက်တစ်ချောင်းကို ခက်ခဲပင်ပန်းစွာ ကြိုးစားရင်း အသက်ဆက်နေသူတွေရှိသလို ဘဝကို လက်လျှော့အရှုံးပေးပြီး အဆုံးသတ်ချင်သူတွေလည်း ရှိနေတာ ဒုနဲ့ဒေးပါပဲ။ ဒီထဲမှာမှ ပိုထူးဆန်းတာက ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သူတွေထဲမှာ လူသိများထင်ရှားပြီး ငွေကြေး၊အောင်မြင်မှုစသဖြင့် လူတိုင်းအားကျလောက်အောင် ပြည့်စုံကြွယ်ဝသူတွေလည်း ပါဝင်နေတာ အံ့ဩစရာပါပဲ။