backup og meta

စိတ်ဖိစီးနေချိန်မှာ စိတ်နဲ့ခန္ဓါအား ငြိမ်းချမ်းစေသောနည်းလမ်းများ

စိတ်ဖိစီးနေချိန်မှာ စိတ်နဲ့ခန္ဓါအား ငြိမ်းချမ်းစေသောနည်းလမ်းများ

စိတ်ဖိစီးခြင်းဟာ မကုသရင် ကျန်းမာရေးပြဿနာ အတော်များများကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ဖြေရှင်းဖို့ နည်းလမ်းကတော့ ကိုယ်တိုင် ကြိုးစားကိုင်တွယ်ဖြေရှင်းခြင်းပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချဖို့ သင့်ရဲ့ စိတ်နဲ့ ခန္ဓါကိုယ်ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကြည့်ကြရအောင်။

စိတ်ကို တည်ငြိမ်အောင်ထားပါ။

ပထမဦးစွာ စိတ်ဖိစီးမှုဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်တယ်ဆိုတာကို အာရုံပြုထားပါ။ အောက်ပါအချက်တွေကို ပြုလုပ်နိုင်ပါတယ်။

ပြဿနာတွေကို ချရေးပါ။ အလုပ်၊ စာ၊ မိသားစု၊ သူငယ်ချင်း၊ အချစ် အစရှိတာတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ချရေးပါ။ စိတ်ဖိစီးစေတဲ့ အချက်အလက်တွေအကြောင်းကို ရေးနိုင်ပြီး ဒီအခြေအနေတစ်ခုချင်းစီမှာ ဘယ်လိုခံစားရသလဲဆိုတာပါ ရေးနိုင်ပါတယ်။ ပြီးရင်တော့ စိတ်ဖိစီးမှုကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ ရေးနိုင်ပါတယ်။ ဒါဟာ စိတ်ဖိစီးမှုကို ကောင်းစွာ ထိန်းချုပ်နိုင်စေဖို့ သင့်ကို ကူညီပေးနိုင်ပါတယ်။

စိတ်ခံစားချက်တွေကို သိမ်းမထားပါနဲ့။ ဖွင့်ထုတ်ပါ။ ငိုခြင်း၊ ရယ်ခြင်းတွေကို သင်ကြိုက်တဲ့ အချိန်လုပ်နိုင်ပါတယ်။ အခြားသူတွေနဲ့ သင့်အခြေအနေအကြောင်းကိုလည်း ပြောပြနိုင်ပါတယ်။ သင်ချစ်တဲ့သူတွေနဲ့ စကားပြောခြင်းဟာ သင့်ပြဿနာတွေကို ကူညီပေးမှာဖြစ်ပါတယ်။ သူတို့ဟာ သင့်အတွက် အသုံးကျတဲ့ အကြံဉာဏ်တွေကိုပေးနိုင်ပါတယ်။

ဆက်ဆံမှုတွေ (သူငယ်ချင်း၊ မိသားစု) ကို ကောင်းအောင်လုပ်ပါ။

အချို့ကျွမ်းကျင်မှုတွေကိုလေ့လာပါ။ စိတ်ဖိစီးမှုနဲ့ ရင်ဆိုင်ရချိန်မှာ အချိန်ကို အကျိုးရှိစွာ အသုံးချခြင်း၊ ပြဿနာဖြေရှင်းခြင်းတွေဟာ အကျိုးရှိပါတယ်။

သင့်ရဲ့စိတ်ကိုပျော့ပျော့ပြောင်းပြောင်းထားပြီး ပြဿနာကို ထိန်းချုပ်ပါ။ သင်ဟာ သင့်ဘဝရဲ့ အရာအတော်များများကို ထိန်းချုပ်နိုင်တယ်ဆိုတာ သိထားရင် စိတ်ဖိစီးမှုနည်းပါးအောင် ပြုလုပ်နိုင်ပါတယ်။

သင်ကြိုက်တဲ့အရာတွေကို ပြုလုပ်ပါ။ သင်အလုပ်ကြိုးစားပြီး အလုပ်ဆက်လုပ်ရနိုင်ပေမယ့် အလုပ်များခြင်းကို ကာကွယ်ဖို့ အနားယူခြင်းဟာလည်း အရေးကြီးပါတယ်။ အောက်ပါအချက်တွေကို လိုက်နာပါ။

  • အိမ်အလုပ်တွေဖြစ်တဲ့ သန့်ရှင်းရေးလုပ်ခြင်း၊ ဟင်းချက်ခြင်း၊ သစ်ပင်စိုက်ခြင်းတွေကို ပြုလုပ်ပါ။
  • စာရေးခြင်း၊ ပုံဆွဲခြင်း၊ သီချင်းဆိုခြင်းတွေကို ပြုလုပ်ပါ။
  • အိမ်မွေးတိရိစ္ဆာန်မွေးပါ။
  • စေတနာ့ဝန်ထမ်းအလုပ်တွေမှာ ပါဝင်ဆောင်ရွက်ပါ။
  • အတိတ်၊ အနာဂတ်အကြောင်း သိပ်မတွေးပါနဲ့။ လက်တွေ့ဘဝမှာသာ အသက်ရှင်နေထိုင်ပါ။
  • တရားထိုင်ခြင်း၊ guided imaginary နည်းလမ်းတွေကို အသုံးပြုပါ။

ကိုယ်ခန္ဓါကို တည်ငြိမ်အောင်ထားပါ။

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ စိတ်ဖိစီးမှုလျော့နည်းခြင်းနဲ့ ပတ်သက်လာရင် လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်ခန္ဓါကို တည်ငြိမ်စေပြီး နှလုံးနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတေါကိုဖြစ်စေပါတယ်။ တကယ်လို့ သင့်ဟာ လှုပ်လှုပ်ရှားရှားမလုပ်ဖူးသူဆိုရင် ပျော့ပြောင်းတဲ့လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်ခြင်းနဲ့ စတင်ကာ တဖြည်းဖြည်း ပြင်းအားတိုးမြှင့်ပါ။

နေ့စဉ်အလုပ်တွေဖြစ်တဲ့ ပန်းကန်ဆေးခြင်း၊ အဝတ်လျှော်ခြင်း၊ ကြမ်းတိုက်ခြင်းတွေဟာလည်း ကောင်းမွန်ပါတယ်။

အခြားနည်းလမ်းတွေဖြစ်တဲ့ အသက်ရှူလေ့ကျင့်ခန်း၊ ယောဂ၊ tai chi၊ ကြွက်သား အကြောလျှော့ လေ့ကျင့်ခန်းတွေဟာလည်း စိတ်ဖိစီးမှု ကျဆင်းစေပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ အသက်ရှူမှုကို ထိန်းပေးပြီး နှလုံးခုန်နှုန်းနှေးစေခြင်း၊ သွေးပေါင်ကျစေခြင်း၊ ကိုယ်ခန္ဓါမှ အောက်စီဂျင်အသုံးပြုမှုကို မြင့်မားစေခြင်းတွေကိုဖြစ်စေပြီး သင့်ကို စိတ်ဖိစီးမှုမှ ဖြေလျှော့ပေးနိုင်ပါတယ်။

ဒီရိုးရှင်းတဲ့အဆင့်တွေက သင့်ကို စိတ်ဖိစီးမှုနဲ့ ရင်ဆိုင်ရခြင်းကို ကူညီပေးနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ပြင်းထန်တဲ့ နာတာရှည် လက္ခဏာတွေကို ရင်ဆိုင်နေရဆဲဆိုရင် သင့်လျော်တဲ့ကုသမှုယူဖို့ ကျန်းမာရေးစောင့်ရှောက်သူနဲ့ ဆက်သွယ်သင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Stress Management – Ways to Relieve Stress.

http://www.webmd.com/balance/stress-management/stress-management-relieving-stress#1. Accessed March 31, 2017.

2. Exercising to relax.

http://www.health.harvard.edu/staying-healthy/exercising-to-relax. Accessed March 31, 2017.
3. Stress management.

http://www.mayoclinic.org/tests-procedures/stress-management/home/ovc-20255469. Accessed March 31, 2017.
4. Coping with Stress. https://www.cdc.gov/features/copingwithstress/. Accessed March 31, 2017.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆေးလိပ်ဖြတ်ဖို့ အဆင့်ငါးဆင့်

ဆေးလိပ်ဖြတ်ရန်အတွက် အပ်စိုက်ကုထုံး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement