backup og meta

Narcissist (ကိုယ့်ကိုယ်ကို အချစ်လွန်၊ အတ္တကြီးလွန်းသူ) များနှင့် အချစ်ရေး

Narcissist တွေဟာ ဘယ်လို လူမျိုးတွေ ဖြစ်တယ်ဆိုတာကို ရှေ့က ဆောင်းပါးမှာ ဖော်ပြပေးခဲ့ပြီးပါပြီ။ ဒီတစ်ခါမှာတော့ Narcissit တွေနဲ့ ချစ်သူဖြစ်လျက်သား ဖြစ်နေတဲ့အခါ သူတို့နဲ့ ဘယ်လို ဆက်ဆံကြမလဲဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Narcissist တစ်ယောက်နဲ့ ချစ်သူ ဖြစ်တဲ့အခါမှာ ပထမ ထင်မိမှာက ဟာ.. သူ အရမ်း မိုက်တယ်။ အရမ်းတော်တယ်။ အရမ်းလည်း ကြိုးစားတယ်။ အရမ်းလည်း ဂရုစိုက်ပေးတယ်ပေါ့။ Narcissist တွေက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ အဖြစ်များတာကိုး။

ဒါပေမဲ့ နည်းနည်း ကြာလာတဲ့အခါမှာတော့ သူတို့တွေဟာ အေးစက်တယ်။ ကိုယ့်ကို သိမ်းသွင်းတယ်။ ပြီးတော့ သွေးအေးရက်စက်တယ်ဆိုတာကို သဘောပေါက်လာပါတော့တယ်။ ဒါတင်ပဲလားဆိုတော့ သူတို့တွေက သစ္စာမရှိဘဲ အမြဲတမ်း ဒီ့ထက် ပိုကောင်းမယ့်၊ သူနဲ့ပိုပြီး လိုက်ဖက်နိုင်မယ့် လက်တွဲဖော်ကို ရှာနေတတ်ပါတယ်။ ကိုယ်ကလည်း သူတို့ထက် တော်နေမယ်ဆိုရင် ပိုဆိုးပေါ့။

တကယ်တော့ Narcissist တစ်ယောက်နဲ့ ပတ်သက်နေရတဲ့ အချစ်ရေးဟာ ပျော်စရာကောင်းတဲ့ အချစ်ရေးတစ်ခု ဖြစ်နေမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်မလွှတ်ခင်မှာ အတတ်နိုင်ဆုံးတော့ ကြိုးစားကြည့်ရမယ် မဟုတ်လား။ ဆိုတော့ ဒီ Relationship မှာ သင့် အခြေအနေ ဘယ်လို ရှိသလဲ အရင်စဉ်းစားပါ။ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမှ ဖြစ်မယ့်သူလား။

သူ့ရဲ့ လွှမ်းမိုးမှုတွေက သင့်အပေါ် မကောင်းတဲ့ ပြောင်းလဲခြင်းတွေ ဖြစ်စေသလား။ ကိုယ်ပိုင် အတွေးအခေါ်တွေ ပျောက်ရှစေသလား။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရိုက်ချိုး ခံနေရတာလား။ ဒါမှမဟုတ် ဒီအခြေအနေကို ကျေနပ် လက်ခံနိုင်ရဲ့လား။

ခဏတာ မဟုတ်ဘူးနော်။ တစ်ဘဝစာ ကြိုတွေးပါ။ ဘာလို့လဲဆိုတော့ Narcissist တစ်ယောက်နဲ့ ချစ်သူဖြစ်ခဲ့ရင် သူ့ရဲ့ အနိုင်ကျင့်မှုတွေကို ခံရနိုင်ခြေ အရမ်းများလို့ပါပဲ။

ဒါကိုမှ လက်မခံနိုင်ဘူး။ ပြောင်းလဲမှ ဖြစ်မယ်လို့ စဉ်းစားမိရင် သူ့ရဲ့ မလုံခြုံမှုတွေ၊ သိမ်ငယ်စိတ်တွေ၊ အငုံ့စိတ်တွေကို မြင်အောင်ကြည့်ပါ။ ပြီးတော့ သူ့ကိုယ်သူ ပိုပြီး တန်ဖိုးထားတတ်လာအောင် ဖြည်းဖြည်းချင်း ပြောပြပါ။ လိုအပ်လာရင် ကျွမ်းကျင် စိတ်ပညာရှင်တစ်ယောက်ယောက်ရဲ့ အကူအညီကို ယူပါ။

ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးလာအောင် ပြန်ပြီး တည်ဆောက်ရမယ် မဟုတ်လား။ ဆိုတော့ သားကောင်အဖြစ်မခံပါနဲ့။ မုဆိုးလည်း မဖြစ်သွားပါစေနဲ့။ တန်းတူညီမျှ ဆက်ဆံပါ။ ဒီလမ်းဟာ ခက်ခဲမှာ ကျိန်းသေပါပဲ။ ဒါပေမဲ့ လုပ်နိုင်မှာပါ။ ဆန္ဒရှိရင် ပြောင်းလဲနိုင်ပါတယ်။

Narcissist ကိုယ်တိုင်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ သူ့ကိုယ်သူ မြင်အောင် ကြည့်တတ်ဖို့၊ သူကိုယ်တိုင် အေးချမ်းဖို့၊ ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင် လုပ်နေတာတွေ ရပ်တန့်ဖို့၊ သူတို့ရဲ့ နှလုံးသားထဲက အသံကို နားထောင်တတ်ဖို့ လိုပါတယ်။

အမြဲမှတ်ထားရမှာက သူတို့တွေဟာ အကူအညီ လိုအပ်နေတဲ့လူတွေပါ။ အကူအညီပေးရမယ့် လူတွေပါ။ ကျွမ်းကျင်ပညာရှင်ရဲ့ အကူအညီနဲ့ သူတို့ကို လမ်းမှန်ပေါ် ဆွဲတင်ပေးဖို့ လိုပါတယ်။ ဒါမှသာ ဒီ Relationship ထဲက လူနှစ်ယောက်ရော၊ ဘေးပတ်ဝန်းကျင်၊ မိသားစု၊ အသိုင်းအဝိုင်း အားလုံးပါ အေးချမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒီလိုမှ မဟုတ်ဘူး။ ဒီ Relationship ကြီးကို ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး လမ်းခွဲမယ်ဆိုရင်တော့ Narcissist တစ်ယောက်နဲ့ လမ်းခွဲဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒီအကြောင်းကိုလည်း နောက်ထပ် ဆောင်းပါးတစ်ပုဒ်နဲ့ တင်ဆက်ပေးဦးမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။

ရေးသားသူ – Wathun Myet Chal

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.psychalive.org/narcissistic-relationships/

https://www.healthline.com/health/how-to-deal-with-a-narcissist#accept-them

https://www.webmd.com/mental-health/ss/slideshow-mental-narcissism

ယခုပုံစံ

28/08/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Chan Myae မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ပူပန်ခြင်း (Anxiety) ၏ ကိုယ်ခန္ဓာပေါ် ရိုက်ခတ်မှုများ

ရယ်မောခြင်းဖြင့် စိတ်နဲ့ ခန္ဓာကျန်းမာရေးကို မြှင့်တင်စို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/08/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement