လူသားတိုင်းကတော့ ကိုယ်ချစ်တဲ့သူနဲ့ ဝေးကွာရမှာကို လိုလားမယ်မထင်ပါဘူး။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ၊ ဘယ်လောက်ပဲ အသည်းမာတဲ့ သူတစ်ယောက်ဖြစ်နေပါစေ အသည်းကွဲနေတဲ့အချိန်မှာ အနည်းနဲ့ အများတော့ နာကျင်မှု၊ ဝမ်းနည်းမှု၊ ပူဆွေးမှု ဝေဒနာတွေကို ခံစားရမှာပါ။ ဒီလိုခံစားနေရတာကို ဘယ်လိုမှ မဖြေရှင်းဘဲ လွှတ်ထားလိုက်ရင် ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ လူမှုရေးမှာ ပြဿနာတွေ ကြုံလာနိုင်တဲ့အပြင် ရေရှည် စိတ်ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်ပါတယ်။ျ