backup og meta

လူမှုရေးရာ နှိုင်းယှဉ်ခြင်းများကို လေ့လာခြင်း

လူမှုရေးရာ နှိုင်းယှဉ်ခြင်းများကို လေ့လာခြင်း

လူမှုရေးရာနှိုင်းယှဉ်ခြင်းဆိုတာ (Social comparison ) စိတ်ပညာရှင်တစ်ဥိးဖြစ်တဲ့ Leon Festingerက ၁၉၅၄ခုနှစ်မှာအဆိုပြုခဲ့တဲ့ သီအိုရီတစ်ခုဖြစ်ပါတယ်။ အဓိကအယူအဆကတော့ လူတွေမှာ ကိုယ်ကိုယ်တိုင်နဲ့ အခြားအဆင့်အတန်းကလူတွေကို နှိုင်းယှဉ်တတ်တဲ့အကျင့်တစ်ခုရှိပြီး မျက်စိနဲ့မြင်ရတာပေါ်အခြေခံလို့ ဘဝအဆင့်အတန်းကို သတ်မှတ်လိုက်ကြတယ်ဆိုတဲ့ အယူအဆပါပဲ။

အခြေခံအားဖြင့်တော့ နှိုင်းယှဉ်မှု၂ မျိုးရှိပါတယ်။

အထက်ကလူနဲ့နှိုင်းယှဉ်ခြင်း (upward comparison) : အဓိပ္ပါယ်ကတော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် အဘက်ဘက်မှာ ကျွန်တော်တို့ထက် ပိုကောင်းပြီးပိုတော်တယ်လို့ ယူဆရသူတွေနဲ့ နှိုင်းယှဉ်လိုက်တာပါပဲ။ ဒါက ကျွန်တော်တို့ကို စိတ်မကောင်းဖြစ်စေပြီး မိမိကိုယ်ကို တိုးတက်အောင်ကြိုးစားဖို့ ဆုံးဖြတ်ချက်တွေဖြစ်လာစေပါတယ်။

အောက်ကလူနဲ့နှိုင်းယှဉ်ခြင်း (Downward comparison) : ဆိုလိုတာက ကျွန်တော်တို့ဟာ ကျွန်တော်တို့ထက် ပိုဆိုးတယ်လို့ထင်သူတွေနဲ့ နှိုင်းယှဉ်လိုက်ပြီး ကိုယ့်ကိုကိုယ်စိတ်ကျေနပ်မှုရစေတာပါ။

ခုလို မော်ဒန်ခေတ်ကြီးမှာ နည်းပညာတွေတိုးတက်လာပြီး အခြားသူတွေရဲ့ဘဝကို မီဒီယာတွေနဲ့ လူမှုကွန်ရက်ကတစ်ဆင့် ကြည့်ရှုနေနိုင်တာကြောင့် အရင်ကထက်စာရင် ပိုပြီးနှိုင်းယှဉ်ဖို့အခွင့်အရေး ပိုရလာကြပါတယ်။ ကျွန်တော်တို့ဟာ အများအားဖြင့် ကျွန်တော်တို့နဲ့မတိမ်းမယိမ်းအခြေအနေရှိသူတွေနဲ့သော်လည်းကောင်း လူတိုင်းနဲ့သော်လည်းကောင်း နှိုင်းယှဉ်နေတတ်ကြပါတယ်။ သင်က ပျော်ပျော်ရွှင်ရွှင်နေချင်တယ်ဆိုရင်တော့ ကိုယ့်ထက်နိမ့်ပါးသောလူတွေနဲ့ နှိုင်းယှဉ်ခြင်းတွေပြုလုပ်ဖို့တိုက်တွန်းထားပါတယ်။ ဒီလိုလုပ်တာက ခံစားမှုတွေကိုပိုကောင်းလာစေပြီး အားပေးသလိုလည်းဖြစ်စေပါတယ်။ သင်ယုံချင်မှယုံနိုင်ပါလိမ့်မယ်။ လူတွေက အများအားဖြင့် အခြားသူတွေ သူတို့ပြိုင်ဘက်တွေရဲ့ ပြဿနာတွေကိုကြားရတဲ့အခါ ပိုပြီးပျော်ရွှင်တတ်ကြပါတယ်။ ဒါဟာ အပြစ်ရှိတဲ့ပျော်ရွှင်မှုဆိုပေမယ့်လဲ လူတိုင်းက တစ်ခါတော့ခံစားဖူးကြတာပါပဲ။ ကဲခုဆို လူတွေဘာလို့အတင်းပြောကြလဲဆိုတာ သင်သိသွားပါပြီ။ ဒီသီအိုရီက ကျွန်တော်တို့ ပရဟိတလုပ်တဲ့အခါမှာ ဘာကြောင့်အရမ်းကို နေလို့ကောင်းရတာလဲဆိုတာကိုလည်း ရှင်းပြသွားနိုင်ပါတယ်။ ဆင်းရဲသူတွေနဲ့ မသန်စွမ်းသူတွေက ကျွန်တော်တို့ရဲ့ဘဝဟာပိုပြီးပြည့်စုံတယ်ဆိုတာကို ခံစားရစေတယ်လေ။ အနည်းဆုံးတော့ ဒီလိုလူမျိုးတွေထက်တော့ အများကြီး ပိုပြီးပြည့်စုံတာပဲမဟုတ်လား။

ဒါပေမယ့် အထက်ကလူတွေနဲ့နှိုင်းယှဉ်ခြင်းတွေကလည်း အဆိုးကြီးတော့မဟုတ်လှပါဘူး။ ဒီလိုလုပ်တာ ကျွန်တော်တို့ကို အားကျစေတယ်ဆိုတာတော့ မှန်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ထက်ပိုပြီးကောင်းတဲ့သူတွေကို မကောင်းတာတစ်ခုခုဖြစ်လာစေဖို့လည်း မျှော်လင့်တတ်ကြပါသေးတယ်။ ဒါပေမယ့် ဒါကသင့်ကိုပိုပြီးပြင်းပြင်းထန်ထန်ကြိုးစားဖို့ ဖိအားပေးတယ်။ သင်လုပ်ရမယ့်အရာကို ပိုပြီးအားထည့်လုပ်ဖို့ တွန်းအားပေးတယ်လေ။ တစ်စုံတစ်ယောက်ကို အားကျတယ်ဆိုရင်လည်း သူတစ်ပါးပျက်စီးအောင်လုပ်တာထက်စာရင် ဒီအားကျမှုက သင့်ကိုပိုပြီးတိုးတက်လာအောင် တွန်းအားပေးနေနိုင်သရွေ့တော့ အဆင်ပြေနေမှာပါ။

နှိုင်းယှဉ်တယ်ဆိုတာ လူသားတွေရဲ့အလုပ်ပါ။ ဒါကိုသင်ဖယ်ရှားလိုက်လို့ မရပါဘူး။ ဒါကြောင့် ဒါကသင့်အတွက် ဘယ်လိုအကျိုးရှိမလဲဆိုတာ သင်ယူကြည့်ရအောင်။ သင့်ရဲ့ လူမှုရေးနှိုင်းယှဉ်မှုတွေကို ရင်ဆိုင်နိုင်ပြီး ဒါတွေကို အကောင်းဘက်က အသုံးချနိုင်ပြီဆိုရင် သင်ဟာအမှန်တကယ်ကို ပိုပြီးကောင်းလာတော့မှာပါ။ ဒါ့အပြင် ပျော်ရွှင်မှုတွေကလည်း အတိုင်းအဆမရှိပဲပေါ့။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1.Got Happiness? Social Comparison Theory Can Help!
https://www.psychologytoday.com/blog/do-the- right-thing/201304/got- happiness-social- comparison-theory-can-help Assessed September 18, 2016

2. The Power of Benign Envy. https://www.psychologytoday.com/blog/ulterior-motives/201105/the- power-benign-envy Assessed September 18, 2016

3. What Is Social Comparison Theory. https://www.verywell.com/what-is- the-social- comparison-process-2795872 Assessed September 18, 2016

4. Social Comparison http://www.psych.purdue.edu/~willia55/Teaching/OldLectures/socialcomparison.html
Assessed September 18, 2016

 

ယခုပုံစံ

06/04/2022

Wathun Myat Chal မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ



Wathun Myat Chal မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement