အခုလိုကိုဗစ်ကာလမှာ ရောဂါပိုးကလည်း ရာနှုန်းပြည့် ထိန်းချုပ်ထားနိုင်ခြင်း မရှိသေး၊ ရောဂါပိုး ကုသနိုင်တဲ့၊ ကာကွယ်ပေးနိုင်တဲ့ ဆေးတွေကလည်း မထွက်သေးတဲ့ အချိန်မျိုးမှာ ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှုကြီးကလည်း အပူလုံး ကျနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ခုလိုကာလမျိုးမှာ ကိုယ့်စိတ်ကိုယ် ဒုက္ခဖြစ်ခံမယ့်အစား စိတ်ပြေလက်ပျောက် ဖြစ်စေမယ့် အရာတွေ ရှာလုပ်တာ အကောင်းဆုံးပါပဲ။