တကယ်လို့ စိတ်ထိခိုက်စေတဲ့အရာက ကိုယ့်ရဲ့ အရင်းနှီးဆုံးသူတစ်ဦးဦးဖြစ်နေမယ်၊ မိသားစုဝင်တစ်ဦးဦးဖြစ်နေမယ်ဆိုရင်တော့ စဉ်းစားရမှာက ခွင့်လွှတ်ပေးမလားဆိုတာပါ။ ဒီနေရာမှာ ခွင့်လွှတ်ပေးတာကကောင်းတယ်ဆိုပေမယ့်ဖြစ်လာမယ့် အကျိုးဆက်တစ်ခုက သူ့ကိုနောက်တစ်ကြိမ်ယုံကြည်ဖို့ခက်သွားနိုင်တာပါ။ ဒီအနေအထားက အသစ်အသစ်သောပြဿနာတွေကို ဖန်တီးဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီတော့အကောင်းဆုံးဖြစ်စေမယ့်နည်းလမ်းကနောက်တစ်ကြိမ် ခံစားရမှုကင်းစေဖို့ဆိုရင် ခွင့်လွှတ်ပေးလိုက်ပြိး အရမ်းစိတ်မနှစ်ထားတော့ဖို့ပါ။ အရာရာကို သတိနဲ့ဆက်ဆံပြောဆိုတော့ပေါ့။ ဒီလိုအခြေအနေမှာ စိတ်သက်သာအောင်လုပ်ဆောင်လို့ရတဲ့နောက်ထပ်နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ ကိုယ့်အရင်းနှီးဆုံး၊ အယုံကြည်ရဆုံးသူကို ရင်ဖွင့်တိုင်ပင်ပါ။ တစ်ခါတလေ တစ်ယောက်တည်း ခံစားနေရတာထက် ရင်ဖွင့်ပြောပြမှုက စိတ်ကို သက်သာရာရစေပါတယ်။
ကိုယ့်ကိုယ်ကိုပြန်လည်တည်ဆောက်ခြင်း
တကယ်တော့ပြန်ဆန်းစစ်ကြည့်ရင် ကိုယ့်အတွက်တာဝန်အရှိဆုံးသူ ကကိုယ်တိုင်ပါ။ ဒီတော့ ကိုယ့်ကို ထိခိုက်စေတဲ့ အခြေအနေကနေရုန်းထွက်ဖို့ ကကိုယ်တိုင်ကြိုးစားရမှာပါ။ စိတ်ညစ်စေတဲ့အရာတွေကို တစ်ချိန်လုံးပိုက်မထားပါနဲ့။ ဒီတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင် တရားထိုင်တာမျိုးဖြစ်ဖြစ်၊ သီချင်းနားထောင်တာမျိုးဖြစ်ဖြစ်၊ စိတ်လက်အပန်းပြေစေမယ့် ဝါသနာပါရာတစ်ခုခုကိုလုပ်တာဖြစ်ဖြစ်လုပ်ပေးပါ။နောက်တစ်ခုက စာဖတ်တာမျိုးပေါ့။ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ခွင့်လွှတ်ပေးလိုက်ပါ။ ခွင့်လွှတ်ပေးမှုက စိတ်သက်သာရာရစေဖို့ အကောင်းဆုံးသောနည်းလမ်းပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။