backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

စိတ်ဖိစီးနေပြီလား ။ ဒီလိုကျော်လွှားလိုက်ပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

စိတ်ဖိစီးနေပြီလား ။ ဒီလိုကျော်လွှားလိုက်ပါ။

တစ်နေ့တာမှာ မိသားစုတာဝန်တွေကြောင့်ဖြစ်ဖြစ် အလုပ်ကိစ္စတွေကြောင့်ဖြစ်ဖြစ် စိတ်ဖိစီးနေပြီလား ။ လူရယ်လို့ဖြစ်လာတဲ့အခါစိတ်ဖိစီးမှုနဲ့ ခပ်ကင်းကင်းနေဖို့ဆိုတာက လွယ်ကူလှတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒီတော့ ရှောင်လွှဲဖို့ခက်တဲ့ စိတ်ဖိစီးမှုကို အကောင်းဆုံးကျော်ဖြတ်နိုင်မှ နောက်ထပ်နောက်ထပ်သော ဖိစီးမှုတွေကနေ ကင်းဝေးမှာလေ။ ဒီတော့ ရှောင်လွှဲရခက်တဲ့ စိတ်ဖိစီးမှုကို အကောင်းဆုံးကျော်ဖြတ်ရအောင်လား။ စိတ်ဖိစီးနေပြီလား ။ ဒီလိုကျော်လွှားလိုက်ပါ။

စိတ်ဖိစီးနေပြီလား ။ ဒီလိုကျော်လွှားလိုက်ပါ။

စိတ်ဖိစီးမှုက ထိုင်ပြီးတွေးနေလေလေ စိတ်ထိခိုက်ရနိုင်ခြေက များလာလေလေပါ။ ဒီတော့ စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာမှာ မထိခိုက်စေဖို့အတွက် ဒီနည်းလမ်းလေးတွေကို ကျင့်သုံးစေချင်ပါတယ်။ စိတ်ဖိစီးနေပြီလား ။ ဒီလိုကျော်လွှားလိုက်ပါ။

(၁) အသက်ကို ခပ်ပြင်းပြင်းရှူပါ

အသက်ကို ရှိုက်ပြီးရှူလိုက်ပါ။ ဒါက စိတ်ဖိစီးမှုကို အထိရောက်ဆုံးဖြေရှင်းနိုင်မယ့် ရိုးစင်းတဲ့ နည်းလမ်းတစ်ရပ်ပါ။ ဒီလိုလုပ်ဆောင်ပေးလိုက်ခြင်းအားဖြင့်

(၂) တရားထိုင်ပါ

ဒီနည်းကတော့ ရှေးအစဉ်အဆက်ကတည်းက စိတ်ကိုရော ကိုယ်ခန္ဓာကိုပါ ပြေလျော့စေဖို့ ကျင့်သုံးလာခဲ့တဲ့ နည်းလမ်း တစ်ခုပါ။

တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်လောက် ငြိမ်ငြိမ်လေးထိုင်ပြီး သက်သောင့်သက်သာဖြစ်တဲ့ အနေအထားမျိုးနဲ့ တရားထိုင်ပေးပါ။ စိတ်က တစ်ခုတည်းသောအရာပေါ်မှာပဲ အာရုံစိုက်လို့ ဝင်သက်ထွက်သက်မှတ်ပေးပါ။ ဒီနည်းကလည်း စိတ်ဖိစီးမှုကို ကင်းစေတဲ့ နည်းတွေထဲက တစ်ခုပါ။

(၃) လေ့ကျင့်ခန်းလုပ်ပါ

တစ်နေ့တာမှာ ၁၅ မိနစ်လောက်တော့

ဒီလိုလေ့ကျင့်ခန်းလေးတွေကို အချိန်ပေးလုပ်ပေးတာက ခန္ဓာကိုယ်ကျန်းမာစေသလို စိတ်ဖိစီးမှုကိုလည်း ကင်းစေနိုင်မှာပါ။

(၄) စိတ်ကူးယဉ်ပါ

ဒီနည်းလမ်းကလည်း စိတ်ဖိစီးမှုကို အကောင်းဆုံးပြေလျော့စေမှာပါ။ ဖြစ်ချင်တဲ့ စိတ်ကူးတွေကို ပုံဖော်ကြည့်ပါ။ စိတ်ကူးယဉ်တာက အပြုသဘောဆောင်သလို စိတ်ကို အေးချမ်းစေပါတယ်။ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုပေးနိုင်ပြီး စိတ်ဓာတ်ခွန်အားကို တိုးစေနိုင်ပါတယ်။

(၅) အစားကောင်းကောင်းစားပါ

ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီး၊ ကဗ္ဗလာသီးတွေ စားသုံးပေးမှုက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ကျဆင်းစေနိုင်ပါတယ်။ ဒါ့ပြင် Omega-3 ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေကိုလည်း စားပေးနိုင်ပါတယ်။

(၆) ကိုယ့်ကိုကိုယ် အကောင်းမြင်ပါ

လူတစ်ယောက်က ကိုယ့်ကိုကိုယ် အဆိုးပဲမြင်နေမယ်ဆိုရင် စိတ်ဖိစီးမှု ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် အပြုသဘောဆောင်တဲ့ အတွေးတွေတွေးပါ။ ကိုယ့်စိတ်ခွန်အားကို ဖြည့်ပေးနိုင်သူက ကိုယ်တိုင်ပဲဆိုတာကို မမေ့ပါနဲ့။ အပျက်သဘောဆောင်တဲ့ အတွေးတွေကို အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ အစားထိုးလိုက်ပါ။

(၇) အိပ်ရေးဝဝအိပ်ပါ

ညဘက်မှာ အိပ်ရေးဝဝအိပ်တာက စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ဖို့ အကောင်းဆုံးအားဖြည့်နည်းတစ်မျိုးပါ။ ဒါကြောင့် ညစဉ်တိုင်းမှ အနည်းဆုံး အိပ်ချိန် ၇ နာရီထားပြီး စိတ်ဖိစီးမှုကို အကောင်းဆုံးကျော်လွှားလိုက်ပါ။

စိတ်ဖိစီးမှုရဲ့ အနိုင်ယူမှုကို မခံဘဲ ဒီနည်းလေးတွေ သုံးပြီး အကောင်းဆုံး ရင်ဆိုင်ကျော်လွှားကြရအောင်လား…Hello ဆရာဝန်ပရိသတ်ကြီးရေ…………..

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement