ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ဘယ်လိုကျော်လွှားကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 10, 2021 . 3 mins read
Share now

ဆိုရှယ်မီဒီယာ သုံးတယ်ဆိုတာ အရင်က ဖျော်ဖြေရေး တစ်ခုအနေနဲ့ သုံးခဲ့ကြပေမယ့် လက်ရှိမှာတော့ ဖျော်ဖြေရေးဆိုတာထက် ပိုနေပါပြီ။ စီးပွားရေးတွေ၊ ပညာရေးတွေ၊ ကိုယ့်ရဲ့ အောင်မြင်ကျော်ကြားမှုတွေ စတာတွေက ဆိုရှယ်မီဒီယာကို မှီခိုနေရပါပြီ။ ဒါတွေက ကောင်းတယ်ဆိုပေမယ့် သူတို့နဲ့အတူ တွဲပါလာတာကတော့ ဆိုရှယ်မီဒီယာက သတင်းအမှားတွေ၊ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပို့စ်တွေပါပဲ။

တစ်နေ့ကို နာရီပေါင်းများစွာ ဒီဆိုရှယ်မီဒီယာမှာ နေနေကြတဲ့အခါကျတော့ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ကိုယ်ကြည့်နေတဲ့ သတင်းတွေပေါ်လိုက်ပြီး စိတ်ကျန်းမာရေး အနည်းနဲ့အများ ထိခိုက်နိုင်ပါတယ်။ ဒီလိုဆိုပြီး ဆိုရှယ်မီဒီယာကို လုံးဝမသုံးဖို့ဆိုတာကလည်း ခက်ပါတယ်။

ဒီတော့ ဆိုရှယ်မီဒီယာကို သန့်သန့်ရှင်းရှင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုသုံးကြမလဲ။

ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ကျော်လွှားနိုင်စေဖို့

  • သတင်းတွေကို သတိထားပါ။

ဆိုရှယ်မီဒီယာမှာ ပေ့ချ်ထောင်တာ၊ လိုက်ခ်တွေရှာရတာ သိပ်လွယ်ပါတယ်။ ဒါကြောင့် သတင်းတစ်ခုရပြီဆိုတာနဲ့ ဟိုက ဒီက အပြိုင်တင်ကြပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ဒီသတင်းက မှန်လား၊ မမှန်လား ဆိုတာ မစိစစ်ကြပါဘူး။ နောက်ဆုံး သတင်းဖတ်တဲ့ သူကပဲ ခံရပါတယ်။ တစ်ခါ သူကလည်း မှန်မှန်းမသိ၊ မှားမှန်းမသိနဲ့ ထပ်ရှဲလေတော့ သတင်းမှားကို ဖြန့်တာသက်သက်ပဲ ဖြစ်သွားပါတယ်။

ဒါကြောင့် ဆိုရှယ်မီဒီယာမှာ မြင်ရသမျှကို စုံလုံးယုံလိုက်လို့ မဖြစ်ပါဘူး။ အနည်းဆုံးတော့ ဒီသတင်းကို ဘယ်ပေ့ချ်က တင်နေတာလဲ။ ဒါဟာ ဖြစ်နိုင်ရဲ့လားဆိုတာကို ကိုယ့်အသိဉာဏ်နဲ့ကိုယ် စဉ်းစားရမှာပါ။ နောက်ထပ်အရေးကြီးတာက မသေချာတဲ့ သတင်းတွေကို လျှောက်ပြီး မရှဲပါနဲ့။ တောမီးလို ပြန့်သွားပြီးမှ မဟုတ်ပါဘူးဆို နောက်က ဘွာတေးလိုက်လုပ်လို့ မရပါဘူး။

  • ကောမန့်တွေကြောင့် စိတ်မညစ်ပါနဲ့။

အကြောင်းအရာ တစ်ခုခုကို တင်လိုက်တဲ့အခါ သဘောကျတဲ့သူ ရှိသလို၊ မကျတဲ့သူလည်း ရှိမှာပါ။ လက်တောင် မညီသေးတာ၊ အကြိုက်မတူတာ မထူးဆန်းပါဘူး။ တချို့က ကိုယ်မကြိုက်တာကို မကြိုက်ဘူးလို့ ယဉ်ယဉ်ကျေးကျေး ပြောတတ်ပေမယ့် တချို့ကတော့ ဆဲရေးတိုင်းထွာတတ်ပါတယ်။ ဒီတော့ ပို့စ်တင်တဲ့သူ၊ အဆဲခံရတဲ့သူက စိတ်ဆင်းရဲရတာပေါ့။

ဒါကြောင့်ဆိုရင်တော့ စိတ်မဆင်းရဲဖို့ ပြောပါရစေ။ လေလှိုင်းထဲက ကိစ္စ လေလှိုင်းထဲမှာပဲ ထားခဲ့ပါ။ ပြင်ပဘဝထိ လိုက်မခံစားပါနဲ့။ ဆိုးဆိုးရွားရွား မန့်ထားရင် ဖျက်လိုက်ပါ။ မမြင်ရတော့လည်း စိတ်ချမ်းသာတာပေါ့။ အများစုက ကီးဘုတ်ဖိုက်တာများပဲ ဖြစ်ပြီး သင့်ကို ဘာမှမလုပ်နိုင်ပါဘူး။

ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ဘယ်လိုကျော်လွှားကြမလဲ။

စတေးတပ်တစ်ခုပဲ ဖြစ်ဖြစ်၊ ဗီဒီယိုတစ်ခုပဲ ဖြစ်ဖြစ် အမုန်းစကားတွေ ရေးထား၊ ပြောထားရင် မတုံ့ပြန်ပါနဲ့။ တတ်နိုင်ရင် အဆုံးထိမကြည့်ပါနဲ့။ ဘာ reaction၊ ကောမန့်မှ မပေးပါနဲ့။ လျစ်လျူရှုထားလိုက်ပါ။ ရှင်းရှင်း ပြောရရင် အဖက်မလုပ်ပါနဲ့။

သူတို့လိုချင်တာ လူတွေအများကြီး သူတို့ကို အဖက်လုပ် ကောမန့်တွေပေးပြီး၊ ရှာလိုက်တိုင်းမှာ ထိပ်ဆုံးရောက်နေစေချင်တာပါ။ ဒါကြောင့် မဟုတ်တဲ့အမုန်းစကားတွေ၊ သတင်းတွေနဲ့ လူတွေ စိတ်ဝင်စားအောင် လုပ်နေတာပါ။ ကိုယ်က ပါးနပ်စွာ တုံ့ပြန်ဖို့ လိုပါတယ်။

  • ရီပို့လုပ်ပါ။

ဆိုရှယ်မီဒီယာတွေမှာ မမှန်တဲ့ သတင်းတွေ၊ အမုန်းစကားတွေ၊ ခွဲခြားဆက်ဆံတာတွေကို တားမြစ်ဖို့ ရီပို့လုပ်လို့ရတဲ့ စနစ်ရှိပါတယ်။ အကောင့်တုနဲ့ မဟုတ်တာလုပ်နေတယ်၊၊ မမှန်တဲ့ သတင်းတွေ တင်နေတယ်။ လူအများစု စိတ်အနှောင့်အယှက်ဖြစ်စရာတွေ  ရေးနေ၊ ပြောနေတယ်ဆိုရင် သွားပြီးတော့ ရန်မဖြစ်ပါနဲ့။ ရီပို့လုပ်လိုက်ပါ။ နည်းပညာကို နည်းပညာနဲ့ပဲ ဖြေရှင်းလိုက်ပါ။

  • အကောင့်သန့်ပါ။

အကောင့်ထဲမှာ ကိုယ်နဲ့ သဘောထားမတိုက်ဆိုငိသူတွေ၊ မဟုတ်တမ်းတရားတွေ ရှဲနေတဲ့သူတွေ၊ သတင်းအမှားတွေကို တင်နေတဲ့ ပေ့ချ်တွေ ရှိမှာပါ။ ဆိုရှယ်မီဒီယာသုံးတိုင်းမှာ စိတ်ညစ်နေရပြီဆို ကိုယ့်အကောင့်ထဲမှာ ကိုယ်မကြိုက်တာတွေ ဘာတွေရှိနေလဲ တစ်ချက် ပြန်စစ်ပါ။ ကိုယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတာမှန်သမျှ အားလုံးရှင်းထုတ်ပါ။

ပြင်ပဘဝမှာ ရုန်းကန်နေရတဲ့အပြင် ဆိုရှယ်မီဒီယာမှာပါ စိတ်ညစ်နေရမယ်ဆိုရင် မဟုတ်သေးပါဘူး။ ကိုယ့်နားမှာ ကောင်းတာတွေပဲထားပါ။ မမြင်ချင်တာတွေ၊ ကိုယ့်ကို အဆိပ်အတောက် ဖြစ်စေတာတွေကို ဖယ်လိုက်ပါ။

ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ဘယ်လိုကျော်လွှားကြမလဲ။

  • သင်ကိုယ်တိုင်လည်း မဟုတ်တာတွေ မလုပ်မိပါစေနဲ့။

ဆိုရှယ်မီဒီယာဆိုတာလည်း ကိုယ့်ဘဝမှာ တစ်စိတ်တစ်ပိုင်းတော့ အရေးပါလာပါပြီ။ အရင်ကတော့ ဘာတင်တင်ဆိုပေမယ့် အခုတော့ သူဘာလဲ၊ ဘယ်သူလဲဆိုတော့ သိချင်ရင် ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ရနေပြီမို့လို့ သတိထားစေချင်ပါတယ်။

ကိုယ့်အကောင့်နဲ့ကိုယ် တင်ချင်တာတင်တာ ပြဿနာမရှိပေမယ့် ဆိုရှယ်မီဒီယာယဉ်ကျေးမှုကို လိုက်နာဖို့ လိုပါတယ်။ကိုယ့်အကောင့်တွေ မဟုတ်တဲ့ သတင်းတွေ မရှဲပါစေနဲ့။ မဟုတ်တဲ့ သတင်းတွေကို စရေးသူ၊ အမုန်းစကားတွေကို ဖြန့်ဝေသူဟာလည်း ကိုယ်မဖြစ်ပါစေနဲ့။

  • ပို့စ်တင်မယ်၊ ရှဲမယ်ဆို ဒီအချက်တွေ လိုက်နာပါ။ 

ပို့စ်တစ်ခုတင်မယ်ဆို တင်သင့် မတင်သင့် SPACE နဲ့ စဉ်းစားပါ။ 

S – Stop: စာရေးပြီးရင် တန်းပြီး မတင်ပါနဲ့။

P – Pause: ခဏစောင့်ပါ။ ဟိုအလုပ်၊ ဒီအလုပ်လေးတွေ လုပ်လိုက်ပါ။

A – Assess: ပြန်တွေးပါ။ ဒါတင်လို့ ဘယ်သူ့မှာ ဘာအကျိုးရှိသွားမှာလဲ။

C – Confirm: ကိုယ့်ကိုယ်ကို မသေချာရင် နီးစပ်တဲ့သူငယ်ချင်းကို မေးကြည့်ပါ။

E – Execute: ကျေနပ်ပြီ၊ နောင်တရစရာမရှိဘူး တင်ပါ။ မဟုတ်ဘူး၊ စိတ်ပြောင်းသွားရင် ဖျက်လိုက်ပါ။ ဒါက သင့်ကို သွေးဆူနေတဲ့အချိန်မှာ စိတ်လိုက်မာန်ပါ ပို့စ်မတင်မိအောင် ကူညီပေးပါလိမ့်မယ်။ တင်ပြီးမှ ပြန်ဖျက်ရတာထက်စာရင် အစကတည်းက ချင့်ချိန်ပြီး မတင်တာက ပိုကောင်းပါတယ်။

ပို့စ်တစ်ခု ရှဲတော့မှာလား။ ဒါဆိုရင် THINK ကို စဉ်းစားပါ

T: Is it true? ဒါမှန်ရဲ့လား။ ဘယ်သူတင်တာလဲ။ ဘယ်က တင်တာလဲ။ အထူးသဖြင့် ဖောလိုဝါး အများကြီးရှိတဲ့ အကောင့်ပိုင်ရှင်တွေ ပိုသတိထားသင့်ပါတယ်။

H: Is it hurtful? သူများကို ထိခိုက်စေမှာလား။ မှန်ပြီး သူများကို ထိခိုက်နစ်နာစေမယ့် အတင်းဆန်ဆန် ရပ်ကွက်သတင်းတွေက ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ အခန့်မသင့်ရင် victim blamingတို့၊ cyber bullyတို့ ဖြစ်သွားနိုင်ပါတယ်။

I: Is it illegal? တရားဥပဒေနဲ့ ညီညွတ်ရဲ့လား။ တရားမဝင်တဲ့ သတင်းတွေ၊ ဥပဒေတဲ့ မညီညွတ်တာတွေ တင်မိရင် cyber lawတွေ၊ တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမှာပါ။

N: Is it necessary? တကယ်လိုလို့လား။ ဒါတင်လိုက်လို့ ဘယ်သူမှ အကျိုးမရှိဘူးဆိုရင်၊ ပြဿနာတွေ၊ သတင်းအမှားတွေပဲ ဖြစ်စေတယ်ဆိုရင် မရှဲတာကောင်းပါတယ်။

K: Is it kind? အမုန်းစကားတွေကို တခုတ်တရ မရှဲပါနဲ့။ လူတွေကို ဒေါသဖြစ်ပြီး၊ ကိုယ်မကြိုက်တဲ့သူကို ပိုလူသိများအောင် လုပ်ပေးသလိုပဲ ဖြစ်နေပါလိမ်မယ်။

Takeaways

ဆိုရှယ်မီဒီယာဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အတိုင်းအတာတစ်ခုထိ အရေးပါလာတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာ ယဉ်ကျေးမှုကို နားလည်ရပါမယ်။  လူအများထိခိုက်စေမယ့် မဟုတ်တမ်းတရား သတင်းတွေ၊ အမုန်းစကားတွေကို ကျွန်တော်တို့က စမရှဲသင့်သလို၊ တင်တဲ့သူတွေကိုလည်း အားပေးအားမြှောက် မလုပ်သင့်ပါဘူး။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကပ်ဘေးကာလ မှာ စိတ်ဒုက္ခနည်းစေဖို့

ကပ်ဘေးကာလ မှာ သူသူကိုယ်ကိုယ် စိတ်ရော ကိုယ်ပါ ထိခိုက်နေမှာပါ။ ဒါပေမယ့် ရေရှည်တိုက်ပွဲဖြစ်တာကြောင့် စိတ်ရော ကိုယ်ရော ကြံ့ကြံ့ခိုင် နေဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

ဖေ့စ်ဘုတ်ခေတ်ကြီးမှာ စိတ်ချမ်းသာနေဖို့က မလွယ်ကူလှပါဘူး။ စိတ်ပင်ပန်း စရာ စိတ်ဖိစီးစရာအကြောင်းအရာတွေ အလွန်မှကို များလှတယ်မဟုတ်လား။

ရေးသားသူ Ye Zon Aung

ဆိုရှယ်မီဒီယာ သုံးရတာ ပင်ပန်းလာရင် Digital Detox လုပ်ကြည့်စမ်းပါလား

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ Detox Water သောက်ရတယ်မဟုတ်လား။ ခုလည်းဆိုရှယ်မီဒီယာကြောင့် စိတ်တွေပင်ပန်းနေချိန်မှာ Digital Detox လုပ်ကြည့်ပါလား

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 3 mins read