တစ်ခါတစ်လေမှာ အလိုလိုနေရင်း မပျော်မရွှင် စိတ်ကလေးလံထိုင်းမှိုင်းပြီး စိတ်ဓာတ်ကျဆင်းနေတာမျိုးကို လူတိုင်းနီးပါး ကြုံဖူးကြလိမ့်မယ်ထင်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုတွေ၊ လုပ်ငန်းခွင်ဖိအားတွေနဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကြောင့် ခုလို စိတ်ဓာတ်ကျတာမျိုးကို ကြုံရတတ်ပါတယ်။