backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မနှစ်မြို့ဖွယ်ဆက်ဆံရေးမှလွတ်မြောက်ရန်နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မနှစ်မြို့ဖွယ်ဆက်ဆံရေးမှလွတ်မြောက်ရန်နည်းလမ်းများ

နှလုံးသားရေးရာ ၊သူငယ်ချင်းမိတ်ဆွေနှင့် မိသားစုအပြင် သင့်ကိုစိတ်ကုန်ပင်ပန်း၍ အဆက်ဖြတ်လိုသော အခြားသောဆက်ဆံရေးမျိုးလည်းရှိနေနိုင်ရာ ဤဆောင်းပါးတွင် ထိုမနှစ်မြို့ဖွယ်ဆက်ဆံရေးမျိုးကို အဆုံးသတ်ရန် နည်းလမ်းများကို ဖော်ပြထားပါသည်။

မနှစ်မြို့ဖွယ်ဆက်ဆံရေးဆိုသည်မှာ

မနှစ်မြို့ဖွယ်ဆက်ဆံရေးဆိုသည်မှာ တစ်ခါတရံကိုင်တွယ်ဖြေရှင်းရ ခက်တတ်သည်။ သင်ကိုယ်တိုင်က ဘာလဲ နှင့် သင်ကဘာကိုအကောင်းဆုံးလုပ်နိုင်လဲကိုပါ မေ့လျော့သွားစေနိုင်သည်။ ထိုဆိုးရွားသောဆက်ဆံရေးကြောင့် တစ်ခါတရံ သင်ကိုယ်တိုင်က အခြေအနေအခါကိုလိုက်၍ တွေးတောဆင်ခြင်နိုင်စွမ်းပါ ကင်းမဲ့သွားတတ်သည်။ အောက်ပါတို့မှာမနှစ်မြို့ဖွယ်ဆက်ဆံရေး၏ အတွေ့ရများသော လက္ခဏာများဖြစ်သည်။

(၁) နစ်နာအောင်ဝေဖန်ခံရခြင်း

လူတစ်ဦးနှင့်တစ်ဦး နီးကပ်လေ တစ်ဦး၏အားနည်းချက်များ၊ လိုအပ်ချက်များကို မြင်လာလေဖြစ်သည်။ အပြုသဘောဝေဖန်ထောက်ပြခြင်းဖြင့် ပိုမိုတိုးတက်စေနိုင်သော်လည်း သင့်ကို (သို့မဟုတ်) အခြားတစ်စုံတစ်ယောက်ကို နာကျင်အောင်၊ ဂုဏ်သိက္ခါထိခိုက်အောင်ပြောဆိုလာပြီဆိုလျှင်တော့ ထိုဆက်ဆံရေးမျိုးကို ရပ်တန့်ပစ်သင့်သည်။

(၂) အပြန်အလှန်မဆွေးနွေးဘဲငြင်းခုံခြင်း

တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် ပဋိပက္ခများ၊ ငြင်းခုန်မှုများ တစ်ချိန်မဟုတ်တစ်ချိန် ကြုံနိုင်မည်ဖြစ်သည်။ သို့သော် အချိန်ရှိသရွေ့ ထိုကဲ့သို့ဖြစ်နေပြီး စေ့စပ်ဆွေးနွေးအဖြေရှာခြင်းမပြုလျှင်တော့ နှစ်ဦးသားဆက်ဆံရေးတွင့်ပဿနာတစ်စုံတရာ ရှိလာနိုင်သည်။

(၃) မိမိကိုယ်မိမိလက်ခံနိုင်မှုပျောက်ဆုံးခြင်း

ဆက်ဆံရေးတစ်ခုကြောင့်ဖြစ်ပေါ်လာသော အပြောင်းအလဲသည် သင့်ကိုယ်သင်ကောင်းသောပြောင်းလဲမှုဖြစ်စေလျှင် လက်ခံလိုက်ပါ။ သို့မဟုတ်ပါက ထိုဆက်ဆံရေးကြောင့် သင့်ကိုယ်သင်ဘာမှန်းမသိတော့သည့် အခြေအနေမျိုးရောက်ပြီဆိုလျှင်တော့ အဆင်မပြေသောဆက်ဆံရေးဟုဆိုရလိမ့်မည်။

(၄) အယူသက်သက်ပေးဆပ်မှုမရှိခြင်း

သင်၏စွမ်းဆောင်ရည်အားလုံးကို အသုံးချလိုက်ရပြီး သင့်အတွက်ဘာမှပြန်မရလျှင် စိတ်ခံစားမှုကောင်းမည် မဟုတ်ပါ။ ထို့ပြင် အချို့ဆက်ဆံရေးများ၌ သင့်ကိုထုံးတမ်းအတိုင်း ရပိုင်ခွင့်သာပေးပြီးသင်၏စွမ်းဆောင်ရည်အတွက် ချီးကျူးစကားဆိုရန်ပျက်ကွက်ခြင်းမျိုးလည်း ရှိနိုင်သည်။

(၅) ယုံကြည်မှုပျောက်ဆုံးခြင်း

ရေရှည်ဆက်ဆံရေးကောင်းမွန်ရန် ယုံကြည်မှုနှင့်သစ္စာရှိမှုပေါ်တွင် အခြေပြုရသည်။ ဥပမာဆိုရလျှင် မော်တော်ကားနှင့် ဓါတ်ဆီကဲ့သို့ဖြစ်သည်။ ဆီမရှိသောကားသည် ခရီးမရောက်နိုင်သကဲ့သို့ ယုံကြည်မှုမပါသောဆက်ဆံရေးသည်လည်း ထိုနည်းတူဖြစ်သည်။

(၆) ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်မရှိခြင်း

မည်သည့်ဆက်ဆံရေးတွင်မဆို သင်မလုပ်နိုင်သောအရာများအတွက်ငြင်းပယ်ခွင့်ရှိရမည်။ သင်နှင့်ဆက်ဆံနေရသူက သင့်အပေါ်လွှမ်းမိုးလွန်းပြီး သူအလိုရှိသည်များကိုသာ သင့်ကိုလက်ခံခိုင်းလျှင်ထိုဆက်ဆံရေးသည်မနှစ်မြို့ဖွယ်ဖြစ်လာသည်။

အဖြေရှာနည်းများ

• မိမိကိုယ်ကိုယုံကြည်ပါ။

• သင်၏လုပ်ဖော်ကိုင်ဖက်ကိုလေးလေးနက်နက်ပြောဆိုပါ။

• တစ်ဦးနှင့်တစ်ဦးဆက်ဆံမှုနွေးထွေးနေပါစေ။

• သင်၏အခွင့်အရေးနှင့် အပိုရပိုင်ခွင့်များကိုသေချာစွာသိနေပါစေ။

• အကောင်းမြင်ဝါဒရှိသောသူများနှင့်မိတ်ဖွဲ့ပါ။

• ကောင်းစွာအနားယူပါ။

• အတွေးအခေါ်သစ် နယ်ပယ်သစ်များကိုစိတ်ဝင်စားမှုပြုပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement