backup og meta

အောက်စီတိုစင် (သို့မဟုတ်) အချစ်ဟော်မုန်း


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အောက်စီတိုစင် (သို့မဟုတ်) အချစ်ဟော်မုန်း

    အောက်စီတိုစင် ဆိုတာဘာလဲ

    ချစ်သူရည်းစား စုံတွဲတွေမှာ ကြည်နူးရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ အဲ့ဒီလိုအခိုက်အတန့်တွေမှာခန္ဓာကိုယ်ကထွက်လာတဲ့ဟော်မုန်းတစ်မျိုးပါ။Relationshipတစ်ခုကိုလည်းခိုင်မြဲစေနိုင်တဲ့ကြိုးတစ်ချောင်းလို့ပြောရင်လည်းမမှားပါဘူး။

    အချစ်ဟော်မုန်းဟာ ယုံကြည်မှုတွေ၊ခံစားမျှဝေနိုင်စွမ်းတွေ

    ကောင်းမွန်တဲ့အမှတ်တရလေးတွေအပြင် သစ္စာတရားကိုပါဖန်တီးပေးနိုင်ပါတယ်။

    အောက်စီတိုစင် ကိုတိတိကျကျပြောရမယ်ဆိုရင်

    မျိုးပွားခြင်းမှာအလွန်အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်တဲ့ဟော်မုန်းပါ။

    ဒါ့အပြင်အောက်စီတိုစင်ဟော်မုန်းကြောင့်အမျိုးသမီးတွေဟာကလေးမွေးဖွားတဲ့အချိန်မှာလွယ်လွယ်ကူကူမွေးဖွားနိုင်ပါတယ်။အမျိုးသားတွေရဲ့သုက်ကောင်ရွှေ့လျားမှုကိုကူညီပေးပါတယ်။

    အောက်စီတိုစင် ကသဘာဝအတိုင်းထွက်သလား

    ဦးနှောက်မှာရှိတဲ့ ဟိုက်ပိုသဲလမတ်စ်(Hypothalamus) ဆိုတဲ့အစိတ်အပိုင်းကနေထုတ်လုပ်ပြီးတော့ ပစ်ကျူထရီ (Pituitary) ဂလင်းကနေစစ်ထုတ်ပေးပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ကနေသဘာဝအတိုင်းထွက်နိုင်တဲ့ဟော်မုန်းပါ။

    အောက်စီတိုစင်ဟော်မုန်းကြောင့်စိတ်ဖိစီးမှုဖြစ်စေနိုင်လား

    မဖြစ်စေနိုင်ပါဘူး။ စိတ်ဖိစီးမှုကိုလျှော့တောင်လျှော့ချပေးနိုင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ရန်ဖြစ်နေတဲ့စုံတွဲတစ်တွဲဟာ အချစ်ဟော်မုန်းကြောင့်မြန်မြန်ပြန်ပြေလည်သွားနိုင်ပါတယ်။

    အောက်စီတိုစင်ဟော်မုန်းဟာမိခင်တစ်ယောက်အပေါ်ကိုဘယ်လိုသက်ရောက်နိုင်လဲ

    မိခင်တစ်ယောက်ကိုအလွန်အကျိုးပြုပါတယ်။

    ကလေမွေးဖွားတဲ့အချိန်မှာဆိုရင် အောက်စီတိုစင်ဟာသားအိမ်ညှစ်အားကောင်းအောင်အကူအညီပေးပါတယ်။တခြားတခြားလိုအပ်တဲ့ဟော်မုန်းတွေထွက်လာအောင်အားပေးတယ်။မွေးပြီးမိခင်တွေကိုတော့ သားအိမ်ပုံမှန် အရွယ်အစားရောက်အောင်ကူညီပေးပါတယ်။

    ကလေးနို့တိုက်ချိန်မှာဆိုရင်တော့ ကလေးအတွက်လုံလောက်တဲ့နို့ရည်ပမာဏရရှိဖို့ အောက်စီတိုစင်ကအပြည့်အဝတာဝန်ယူပေးမှာပါ။

    သုတေသနပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်တွေအရအောက်စီတိုစင်ဟော်မုန်းများများထွက်တဲ့မိခင်တွေဟာကလေးတွေကိုပိုဂရုစိုက်တတ်ကြပါတယ်။သူတို့ရဲ့ ကလေးလေးကိုအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်တတ်ကြတယ်။ ကြင်ကြင်နာနာနဲ့ထိတွေ့တာမျိုး၊ရေချိုးပေးတာမျိုး၊တီတီတာတာစကားပြောပေးတာမျိုး၊သီချင်းဆိုသိပ်တာမျိုး အစရှိတဲ့ ချစ်စဖွယ်အမူအရာလေးတွေပြုလုပ်ပေးတတ်ကြပါတယ်။

    ဒါကြောင့်အောက်စီတိုစင်ဟာမိခင်နဲ့ကလေးရဲ့ချစ်ခြင်းမေတ္တာကိုပိုမိုခိုင်မြဲစေပါတယ်။မိခင်အရင်းမှမဟုတ်ပါဘူး။မွေးစားမိခင်တွေ ကလေးထိန်းတွေမှာဆိုရင်လဲ အောက်စီတိုစင်ထွက်ပါတယ်။

    ဖခင်တစ်ယောက်အပေါ်သက်ရောက်မှုကရောဘယ်လိုရှိမလဲ

    မိခင်တွေလိုပါပဲ ။ အောက်စီတိုစင် များများထွက်တဲ့ဖခင်တွေဟာကလေးတွေအပေါ်မှာပိုစိတ်ရှည်ပြီး ပိုပြီးနွေးနွေးထွေးထွေး ဆက်ဆံတတ်ကြပါတယ်။

    အောက်စီတိုစင် ဟော်မုန်းကြောင့်ဘာလို့သစ္စာပိုရှိနိုင်တာလဲ

    အောက်စီတိုစင် ရဲ့လှုံ့ဆော်မှုကြောင့်အမျိုးသားတွေဟာကိုယ့်ရဲ့ ချစ်သူကလွဲပြီးတခြားအမျိုးသမီးတွေကိုစိတ်ဝင်စားမှုလျော့ကျသွားပါတယ်။အမျိုးသမီးတွေလည်းအလားတူပါပဲ။အချစ်ဟော်မုန်းကြောင့်သစ္စာတရားပိုမိုခိုင်မာလာမှာပါ။

    အောက်စီတိုစင်ကိုဆေးဝါးအနေနဲ့အသုံးပြုနိုင်လား

    ကလေးမွေးတဲ့အချိန်သားအိမ်ညှစ်အားကောင်းအောင်ထိုးဆေးအနေနဲ့သုံးနိုင်ပါတယ်။ကလေးမေွးပြီး သို့မဟုတ် ကိုယ်ဝန်ပျက်ကျြပီး သေွးသွန်ခြင်းကို ကြိုတင်ကာကွယ်တဲ့အနေနဲ့လည်းသုံးကြပါတယ်။ကလေးမွေးအပြီး မိခင်တွေမှာကြုံတွေ့ရတတ်တဲ့စိတ်ဓာတ်ကျခြင်းကိုကာကွယ်နိုင်တယ်လို့သုတေသနတစ်ခုမှာဖော်ပြထားပါတယ်။၂၀၁၇ ခုနှစ်ကလေ့လာချက်တစ်ခုမှာဆိုရင်တော့ အောက်စီတိုစင်ဟော်မုန်းဟာအော်တစ်ဇင် (Autism) ကလေးတေွကိုကုသရာမှာအထောက်အကူဖြစ်စေတယ်လို့ဆိုထားပါတယ်။အရက်နဲ့မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်တဲ့ရောဂါတွေကိုကုသရာမှာအကူအညီဖြစ်နိုင်မယ်လို့မေှျာ်လင့်ထားကြပါသေးတယ်။ဒါပေမယ့်သုတေသနပြုလေ့လာနေတုန်းရှိပါသေးတယ်။

    ဘာလို့အောက်စီတိုစင်ဟော်မုန်းကို အချစ်ဟော်မုန်းလို့ခေါ်တာလဲ

    ချစ်ခင်နှစ်သက်သဘောကျမှုတစ်စုံတစ်ခုကိုခံစားရတဲ့အခါထွက်လာတဲ့ ဟော်မုန်းမို့ပါ။သင့်ချစ်သူကိုပွေ့ဖက်တဲ့အခါမှာသာမက ခွေးလေး ကြောင်လေးတွေကိုပွေ့ဖက်တဲ့ အခါမျိုးမှာတောင် အချစ်ဟော်မုန်းထွက်ပါတယ်။

    ဒီတော့ သင့်ချစ်သူနဲ့အချိန်များများကုန်ဆုံးလေ အောက်စီတိုစင်ထွက်လေလေဖြစ်ပြီးတော့၊ အောက်စီတိုစင်ထွက်လေလေ သင်နဲ့သင်ချစ်သူရဲ့သံယောဇဥ်ကြိုးဟာပိုခိုင်မြဲလာမှာဖြစ်ပါတယ်။

    ရေးသားသူ – ဒေါက်တာမှူး

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement