အရင်ကတော့ ဗိုက်ဆာရင်ပဲ စားကြတာပါ။ ခုခေတ်ကတော့ အပြိုင်အဆိုင်များတဲ့ ခေတ်ဆိုတော့ စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့ စားလာကြပါတယ်။ အရင်ကတော့ စိတ်ထွက်ပေါက်ရှာမယ်ဆိုရင် ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်၊ မူးယစ်ဆေးသုံးတယ် စသဖြင့်ပေါ့။ ခုတော့ စားပါစားလာကြပြီ။ ရုတ်တရက်ကြည့်ရင်တော့ စိတ်ဖိစီးမှု ဖြေလျှော့တဲ့ နည်းလမ်းတွေထဲမှာ ဒီနည်းက အန္တရာယ်အကင်းဆုံးပဲပေါ့။