အဓိပ္ပါယ်ဖွင့်ဆိုချက်
Social anxiety disorder (social phobia) (စိုးရိမ်လွန်သောရောဂါ) ကဘာလဲ။
အချို့သောအခြေအနေများတွင် စိုးရိမ်တတ်ကြသည်မှာ ပုံမှန်ဖြစ်သည်။
ဥပမာ – ရည်းစားနဲ့ချိန်းတွေ့ခြင်း(သို့)လူအများရှေ့တွင်တင်ပြရှင်းလင်းမှုများလုပ်ခြင်း တို့သည်
အစာအိမ်ထဲတွင် လိပ်ပြာများရောက်နေသကဲ့သို့သောစိတ်လှုပ်ရှားစိုးရိမ်သည့် ခံစားမှုကိုပေးနိုင်ပါသည်။ သို့သော် ဆိုရှယ်ဖိုးဘီးယားဟုခေါ်သော စိုးရိမ်လွန်ခြင်း ရောဂါတွင် နေ့စဉ် လူအများနှင့်ဆက်ဆံရသည်ကို ကြောက်ခြင်း၊စိုးရိမ်ခြင်း၊ကိုယ့်ကိုယ်ကို သတိထားမိနေခြင်း နှင့် ရှက်ခြင်း တို့ဖြစ်နေတတ်သည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများက မိမိကို ဝိုင်းအပြစ်ပြောကြမည်ကို ကြောက်လန့်စိုးရိမ်နေ၍ဖြစ်သည်။
စိုးရိမ်လွန်ခြင်းသည် နာတာရှည်ဖြစ်ပွားနိုင်သည့် စိတ်ရောဂါတခုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်း၊ဆေးများဖြင့်ကုသခြင်း၊နှင့် စိတ်ဖိစီးမှုများကို မည်ကဲ့သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို လေ့လာသင်ကြားခြင်းတို့ဖြင့် မိမိကိုယ်ကိုယုံကြည်မှုနှင့် အခြားသူများနှင့် ဆက်ဆံမှုတို့အား တိုးတက်ကောင်းမွန်စေပါသည်။
Social anxiety disorder (social phobia) (စိုးရိမ်လွန်သောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ
လက်ရှိ စိတ်ပိုင်းဆိုင်ရာရောဂါများတွင် တတိယကမ္ဘာ့အဖြစ်အများဆုံး ရောဂါဖြစ်သည်။ အစိုးရ၏စောင့်ကြည့်မှတ်သားထားသော အချက်အလက်စာရင်းများအရ မည်သည့်အချိန်တွင်မဆို လူဦးရေ၏ 7ရာခိုင်နှုန်းသည် စိုးရိမ်လွန်ခြင်းရောဂါကို ခံစားနေကြရသည်။ ဘဝတစ်လျှောက်လုံးရှိ မည်သည့်အချိန်တွင်မဆို ထိုရောဂါဖြစ်ပွားနိုင်သည့် ဖြစ်နိုင်ချေသည် 13ရာခိုင်နှုန်းထက်အနည်းငယ်မျှပင် မြင့်တက်နေသည်ဟုဆိုသည်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Social anxiety disorder (social phobia) (စိုးရိမ်လွန်သောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ
အထူးသဖြင့် ကလေးများတွင် ရှက်တတ်ခြင်း (သို့) အချို့သော ကိစ္စများတွင် စိတ်သက်သောင့်သက်သာမဖြစ်ခြင်း တို့သည် စိုးရိမ်လွန်ခြင်းရောဂါတွင် မရှိမဖြစ်လိုအပ်သော လက္ခဏာများမဟုတ်ပေ။ လူအများနှင့် ဆက်ဆံရာတွင် မိမိ၏သက်သောင့်သက်သာရှိနေမှုရှိမရှိမှာ မိမိ၏ကိုယ်ရည်ကိုယ်သွေး၊အလေ့အကျင့်များနှင့် ဘဝတစ်လျှောက်ခံစားတွေ့ကြုံခဲ့ရမှုများအပေါ်မူတည်ပြီး လွန်စွာကွဲပြားသည်။ အချို့သော ဝေဒနာရှင်များသည် မိမိခံစားရသည်ကို သိပ်မဖော်ပြကြပဲ ပေါင်းသင်းဆက်ဆံရာတွင်ပင်တက်ကြွနေတတ်သည်
နေ့စဉ်တွေ့ကြုံရသော သာမန် စိုးရိမ်မှုများနှင့်ယှဉ်ပါက စိုးရိမ်လွန်ခြင်းရောဂါတွင်
ကြောက်ခြင်း၊စိုးရိမ်လွန်ခြင်း၊အလုပ်၊ကျောင်း (သို့)အခြားသောနေ့စဉ်လုပ်ငန်းဆောင်တာများကို ရှောင်ဖယ်နေခြင်းတို့ပါဝင်လေ့ရှိသည်။
- စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူများ
စိုးရိမ်လွန်ခြင်းရောဂါတွင် ပါဝင်သောလက္ခဏာများမှာ
- လူအများက ဝိုင်း၍ဝေဖန်ခံရမည့် အခြေအနေများကို ကြောက်ရွံ့ခြင်း
- မိမိကိုယ်ကိုအရှက်ရစေခြင်း (သို့) စော်ကားမိခြင်းတို့ဖြစ်သွားမည်ကို တွေးပူနေမိခြင်း
- မိမိမှ အခြားသူအား စိတ်အနှောင့်အယှက်ဖြစ်မည်ကိုပူပန်ခြင်း
- သူစိမ်းများနှင့် စကားပြောရခြင်း (သို့) ပူးပေါင်းလုပ်ကိုင်ရခြင်းတို့ကို ကြောက်ခြင်း
- မိမိ၏စိုးရိမ်သည့်ပုံစံကို အခြားသူများမှ သတိထားမိမည်ကို စိုးရိမ်ကြောက်ရွံနေခြင်း
- ရှက်သွေးဖြာခြင်း၊ချွေးပြန်ခြင်း၊တုန်နေခြင်း (သို့)အသံများကတုန်ကယင်ဖြစ်ခြင်း စသော ကိုယ်နေအမူအယာများ ဖြစ်ပွားမည်ကို စိုးရိမ်ကြောက်လန့်ခြင်း
- အရှက်ရမည်ကို စိုးရိမ်ကြောက်ရွံ့၍ လူများကို စကားပြောခြင်း(သို့) အခြားသောအရာများလုပ်ဆောင်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း
- မိမိအား အာရုံအစိုက်ခံရနိုင်သည့် အခြေအနေများကို ရှောင်ခြင်း
- မိမိမှ ကြောက်လန့်နေသော အရာတခုခုတွင် ပါဝင်ဆောင်ရွက်ရမည်ကို စိုးရိမ်ပူပန်ခြင်း
- ပေါင်းသင်းဆက်ဆံမှုတခုပြုလုပ်ပြီးတိုင်း မိမိ၏လုပ်ဆောင်မှုအား ခွဲခြမ်းစိတ်ဖြာသုံးသပ်နေခြင်း နှင့် ပေါင်းသင်းဆက်ဆံရာတွင် မိမိဘက်မှ လိုအပ်ချက်နှင့်အပြစ်များရှိမရှိကို ရှာဖွေနေတတ်ခြင်း
- ပေါင်းသင်းဆက်ဆံရာတွင် တွေ့ကြုံရသော အဆင်မပြေမှုတခုမှ အဆိုးဆုံးသောဖြစ်လာနိုင်သည့် ရလဒ်များကိုသာ တွေးနေမိခြင်း
- ကလေးများတွင်ကား လူကြီးများဖြင့် ဆက်ဆံရပါက
ငိုခြင်း၊ဒေါသထွက်ခြင်း၊မိဘများအားတွယ်ကပ်နေခြင်း(သို့) အခြားသော လူမှုဆက်ဆံရေးများတွင် စကားပြောရန်ရှောင်ဖယ်နေခြင်းတို့ဖြစ်တတ်သည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။