ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
ရှက်ကြောက်ခြင်းဟာ နားလည်တတ်ကျွမ်းသူဆီက အကူအညီယူဖို့ အဟန့်အတား ဖြစ်စေပါတယ်။ ဒါပေမယ့် မိမိသွင်ပြင်အပေါ် ချို့ယွင်းချက်ရှိတယ်လို့ ခံစားလာရရင် ဆရာဝန်နဲ့ မြန်နိုင်သမျှမြန်အောင် ပြသသင့်ပါတယ်။
ဒီပြသနာဟာ သူ့အလိုလို ပျောက်မသွားနိုင်ပါဘူး။ မကုသဘဲထားရင်လည်း စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံစည်လိုသော အတွေးများ ဝင်လာခြင်း စတဲ့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေ ပေါ်လာနိုင်ပါတယ်။
သင့်အနေနဲ့ မိမိသွင်ပြင်အပေါ် ချို့ယွင်းချက်ရှိတယ်လို့ ခံစားလာရရင်၊ မိမိချစ်ခင်သူတွေမှာ ခံစားလာရတာတွေ့ရင် ဆရာဝန် (သို့) နားလည်တတ်ကျွမ်းသူနဲ့ ပြသပြီး အကြံဉာဏ်၊ ကုသမှုရယူခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။
အကြောင်းရင်းများ
Body Dysmorphic Disorder (ကိုယ်ခန္ဓါပုံပန်းမကျသလို ခံစားရခြင်းပြသနာ) ကိုဘာတွေကဖြစ်စေသလဲ
အကြောင်းအရင်း အတိအကျကို မသိရပေမယ့် တခြား စိတ်ပိုင်းဆိုင်ရာ ပြသနာတွေလိုပဲ အကြောင်းအားလုံး ပေါင်းစုံပြီး ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။
- မျိုးရိုးဗီဇ။ မိသားစုဆွေမျိုးထဲ ဒီပြသနာရှိသူတွေ၊ စွဲလန်းလှုံ့ဆော်မှုပြသနာ ရှိသူတွေမှာ အဖြစ်များပါတယ်။
- ဦးနှောက်ကွာခြားခြင်း။ ဦးနှောက်တည်ဆောက်ပုံနဲ့ အာရုံကြောပစ္စည်းများ ပုံမှန်မရှိခြင်းဟာ ဒီပြသနာကို အဖြစ်များစေပါတယ်။
- ပတ်ဝန်းကျင်။ ပတ်ဝန်းကျင်၊ ဘဝအတွေ့အကြုံ၊ ယဉ်ကျေးမှု စတာတွေဟာ ဒီပြသနာကို ဖြစ်ပေါ်စေရာမှာ အဓိကကျပါတယ်။ အထူးသဖြင့် အဆိုးမြင် အကဲဖြတ်ခြင်းတွေ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်က လစ်လျူရှုခံရခြင်း၊ အနိုင်ကျင့်ခံရခြင်း စတာတွေ ကြုံခဲ့ရခြင်းကြောင့်လည်း ဖြစ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။