backup og meta

အကြောက်လွန်ခြင်း အမျိုးမျိုး

အကြောက်လွန်ခြင်း အမျိုးမျိုး

Phobia (ကြောက်ခြင်း)သည် စိုးရိမ်စိတ်လွန်ကဲသောပြဿနာများထဲမှ တစ်ခုဖြစ်ပြီးအမှန်တကယ်မရှိ(သို့) အန္တရာယ်မရှိသည့် တစ်ခုခုကို အဆမတန်ကြောက်ရွံနေခြင်းဖြစ်သည်။ ထိုကဲ့သို့အရာများကိုရှောင်ရှားရန် ကြိုးစားခြင်းအားဖြင့် ကြောက်ရွံစိတ်ကိုပို၍ဖြစ်စေသည်။ အတွေ့ရများတဲ့ကြောက်ရွံ့မှုတွေအကြာင်းကို လေ့လာကြည့်ကြရအောင်။

ကြောက်ခြင်းအကြောင်း

မြွေတို့၊ ရေတို့ကိုကြောက်လန့်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော် ထိုကြောက်ရွံစိတ်သိပ် ပြင်းထန်လျှင် သင်ကိုဖိအားများစေသည်။ ၎င်းကိုကြောက်ရွံခြင်းဟု ခေါ်သည်။ ကြောက်ရွံခြင်းတို့သည် ငယ်စဉ်ဘဝကတည်းက ဖြစ်တတ်ပြီး ကြွက်၊ ပိုးကောင်၊ ကျောင်း၊ သွားဆရာဝန်၊ ရေ၊ မြွေ၊ လူအုပ်(သို့) တစ်ယောက်တည်းဖြစ်နေခြင်းတို့ကို ကြောက်တတ်ကျသည်။ ပုံမှန်အားဖြင့် လူတို့သည် အရာဝတ္ထုများသက်သက်ကို မကြောက်ပါ။ သို့သော် ၎င်းတို့က ဘယ်အရာတွေကိုဖြစ်စေသည် သင့်အပေါ်မည်သို့ သက်ရောက်စေနိုင်သည်ကို သင်ကြောက်ရွံ့ခြင်းဖြစ်နိုင်ပါသည်။

ကြောက်ရွံခြင်းကိုသေချာမကုသလျှင် ၎င်းသည် သင့်ကိုစိတ်ဓါတ်ကျခြင်းနှင့် အခြား စိတ်ရောဂါဝေဒနာများ(သို့) ကျန်းမာရေးညံ့ဖျင်းမှုများ ဖြစ်စေနိုင်ပါသည်။ နေစဉ်လုပ်ငန်းဆောင်တာများဖြစ်သည့် အလုပ်လုပ်ခြင်း၊ အိပ်ခြင်းတို့ကိုလည်းထိခိုက်နိုင်ပါသည်။

ကြောက်ခြင်းအမျိုးအစားများ

• Acrophobia; အမြင့်ကြောက်ခြင်း။ သင်ကိုယ်သင် အမြင့်တွင်မနေနိုင်ဟုခံစားရမည်။ သင်အမြင့်တွင်ရှိသောအခါတွင် ချွေးစေးပြန်ခြင်း၊ အသက်ရှူမဝခြင်းနှင့် နှလုံးခုန်မြန်ခြင်းတို့ကိုခံစားရနိုင်သည်။

• Agoraphobia ; လူသွားလူလာများသည့် နေရာများကိုကြောက်ရွံခြင်း။ လူအုပ်ထဲတွင်နေရသည်ကို ကြောက်လန့်နေလိမ့်မည်။ ထိုသူတို့ကအလွန်နားညည်းပြီးစိတ်မနှစ်မြို့စရာနှင့် ကြောက်စရာကောင်းသည်ဟုခံစားနေလိမ့်မည်။

• Claustrophobia ; အလုံပိတ်ခန်းကိုကြောက်လန့်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဓါတ်လှေကား၊ ကား။

• Animal phobia; တိရိစ္ဆာန်များကိုကြောက်ရွံခြင်းဖြစ်သည်။ ဥပမာအားဖြင့် ခွေး၊ ကြောင်၊ ကြွက်၊ မြွေနှင့် ပိုးကောင်များဖြစ်သည်။ အတော်များများသည် ငယ်စဉ်ဘဝကပင်စ၍ ကြောက်ကြလေ့ရှိသည်။

• Natural environment phobia; သဘာဝပတ်ဝန်းကျင်ရှိ ရေကြီးခြင်း၊ ရေ၊ မုန်တိုင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်းတို့ကိုကြောက်လန့်ခြင်းဖြစ်သည်။

• Blood-injiection-injury phobias; သွေးနှင့် အပ်တို့မြင်ရခြင်းကိုကြောက်ခြင်းဖြစ်သည်။ ၎င်းသည် အရင်တုန်းကဖြစ်ပျက်ခဲ့သော ဖြစ်စဉ်များကြောင့်သော်လည်းကောင်း၊ ကာကွယ်ဆေးထိုးရာမှလည်းကောင်းပေါ်ပေါက်လာနိုင်သည်။

အခြားအမျိုးအစားများ- လေယာဉ်ပျံပေါ်မှ ပြုတ်ကျမည်ကိုကြောက်ခြင်း၊ အဆောက်အအုံများကိုကြောက်ခြင်း၊ အလုပ်ကိုကြောက်ခြင်း၊ ကျောင်းကိုကြောက်ခြင်းတို့ဖြစ်သည်။

သင့်ဘဝတွင် ပိုးကောင်မှ အစလေယာဉ်ပျံအထိကြောက်ရွံမှုဖြစ်နိုင်သည်။ သင့်ငယ်စဉ်ဘဝတုန်းက ဖြစ်ပျက်ခဲ့သောအရာများကြောင့် သင့်တွင် ကြောက်ရွံမှုမျိုးစုံရှိနိုင်သည်။ သို့သော် ၎င်းတို့ကိုမကုသလျှင် စိတ်ကိုသာမက ခန္ဓါကိုယ်ကိုပါ ထိခိုက်စေနိုင်သော စိတ်ဓါတ်ကျခြင်းများဖြစ်လာနိုင်သည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Specific Phobias. http://www.webmd.com/anxiety-panic/specific-phobias. Accessed December 2, 2016.
  2. Understanding Phobias — the Basics. http://www.webmd.com/anxiety-panic/understanding-phobias-basics. AccessedDecember 2, 2016.
  3. Phobias. https://medlineplus.gov/phobias.html. AccessedDecember 2, 2016.

ယခုပုံစံ

03/02/2022

Dr. Kaung Thar မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement