အတွင်းခံနှင့် ရှက်ရွံ့ခြင်း ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read
Share now

ဒါပေါ့။ အတွင်းခံကို လူတိုင်း ဝတ်ကြတာပေါ့။ ဒါပေမဲ့ လျှော်ဖွပ်ပြီး လှန်းတဲ့အခါမှာတော့ ယောက်ျားလေး အတွင်းခံတွေဆို ဘယ်နေရာ ဘယ်လို လှန်းလှန်း ပြဿနာ မရှိပေမဲ့ မိန်းကလေး အတွင်းခံတွေကိုတော့ ထဘီနဲ့ အုပ်လှန်းတာက လှန်း၊ နေမရ၊ လေမရတဲ့ အိမ်တွင်း အရိပ်ထဲ ထည့် လှန်းလိုလှန်းနဲ့ ပြဿနာတွေ တန်းစီတက်ကြတော့တာပါပဲ။

ဘာကြောင့် ယောက်ျားလေး အတွင်းခံတွေက ပွင့်လင်းမြင်သာခွင့် ရှိပြီး မိန်းကလေး အတွင်းခံတွေကိုက ကွယ်ဝှက်နေကြတာလဲ။ တခြားအဝတ်တွေလည်း အဝတ်၊ အတွင်းခံလည်း အဝတ်ပါပဲ။

မရှက်ပါနဲ့။ ရဲရဲသာ အပြင်ထုတ်လှန်းပါ။ တကယ်က ယောက်ျားလေး အတွင်းခံ ဖြစ်စေ၊ မိန်းကလေး အတွင်းခံဖြစ်စေ၊ လေဝဝရှူရဖို့ လိုပါတယ်။

မိန်းကလေးတွေရဲ့ အတွင်းခံတွေဟာ မိန်းကလေးတွေရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း၊ အနူးညံ့ဆုံး အစိတ်အပိုင်းနဲ့ ကပ်ပြီး နေရတာပါ။ သူတို့တွေကို လျှော်ပြီး လှန်းတဲ့အခါ လူမြင်မှာ ရှက်လို့၊ ကြောက်လို့ဆိုပြီး ထဘီနဲ့ အုပ်ပြီးလှမ်း၊ တခြားရေစိုဝတ်တွေနဲ့ အုပ်ပြီး လှန်း၊ ရေချိုးခန်းထဲတင် လှန်း ဆိုတော့ တစ်ခါတလေ မခြောက်ဘဲ ဝတ်မိလို့ ဒုက္ခများကြတာတွေလည်း ထုနဲ့ဒေးပါပဲ။

ဒီလိုလှန်းလို့ ခြောက်သွားခဲ့ရင်တောင် ဘက်တီးရီးယားတွေမှိုတွေ၊ မျက်စိနဲ့ မမြင်ရတဲ့ ပိုးမွှားတွေက စိုထိုင်းတဲ့ နေရာတွေကို သိပ်ကြိုက်တယ်ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး။ နေရောင်၊လေရောင်မရဘဲ အပေါ်က တစ်ခုခု အုပ်ပြီး လှန်းတာ၊ စွတ်စို ထိုင်းမှိုင်းတဲ့ ပတ်ဝန်းကျင်တွေမှာ လှန်းတာက စောစောက ဘက်တီးရီးယားတွေ၊ မှိုတွေ ကပ်တွယ်ပေါက်ဖွားဖို့ အခွင့်အရေးကြီးပါပဲ။

ပြောခဲ့သလို ဒီအတွင်းခံတွေဟာ အနူးညံ့ဆုံး အစိတ်အပိုင်းနဲ့ ကပ်ပြီး တည်ရှိနေတာ ဖြစ်တဲ့အတွက် ဒီ အတွင်းခံတွေကနေတစ်ဆင့် မိန်းမကိုယ် ပိုးဝင်တာ၊ မှိုစွဲတာ၊ ဆီးပိုးဝင်တာ၊ အနံ့ဆိုးထွက်တာတွေ ဖြစ်လာနိုင်ခြေ ရှိပါတယ်။

ဒါကြောင့် အတွင်းခံတွေကို လျှော်ကြ၊ လှန်းကြတဲ့အခါ ရှက်မနေ၊ကြောက်မနေပါနဲ့။ အပြင်ထုတ်ပြီးသာ လှန်းပါ။ အယူသည်းပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခအရောက်မခံပါနဲ့။ အပေါ်က ရေစိုဝတ်တွေ၊ တခြားအဝတ်တွေ မအုပ်ပါနဲ့။

သူတို့ကို လေဝဝ ရှူခွင့်ပေးလိုက်ပါ။ နေရောင်ကောင်းကောင်း ခံခိုင်းလိုက်ပါ။ ခြောက်သွားသည့်တိုင်အောင် မဝတ်ခင်မှာ မီးပူတိုက်ပါ။ တခြားနေရာတွေက ဇာနဲ့ဖြစ်နေလို့ တိုက်မရဘူးဆိုရင်တောင် အလယ်က အစိတ်အပိုင်းလေးကိုတော့ မဖြစ်မနေ မီးပူတိုက်ပါ။

အတွင်းခံတွေကို တခြား အဝတ်အစားတွေနဲ့ ရောလျှော်တာမျိုးလည်း မလုပ်ဘဲ သီးသန့် လျှော်ပေးပါ။ လက်နဲ့ လျှော်ပေးတာက ပိုပြီး အဆင်ပြေမှာဖြစ်သလို အတွင်းခံအတွက် ချွတ်ဆေးတွေအမွှေးရည်တွေ၊ Softenerတွေ လုံးဝ၊ လုံးဝ မသုံးပါနဲ့။

ဒီ softner တွေရဲ့ အနံ့နဲ့ Softening ဖြစ်စေတဲ့ ပစ္စည်းတွေဟာ အတွင်းခံပေါ်မှာ အကြွင်းအကျန်အနေနဲ့ ကျန်ရစ်ခဲ့မှာမို့ မိန်းမကိုယ်နဲ့ ဓာတ်မတည့်တာတွေ ဖြစ်လာနိုင်ပါတယ်။

ကျန်းမာသန့်ရှင်းတဲ့ နေထိုင်မှုပုံစံမှာ အသားတကျ ဘေးကင်းနိုင်ကြပါစေ။

Wathun Myet Chal

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဝက်ခြံလေးတွေကို စိတ်ရှည်ပါ။

စိတ်တိုလို့ မျက်နှာတွေ ရောင်တဲ့အထိ ဝက်ခြံတွေကို ညှစ်ပစ်ဖူးတဲ့ အခိုက်အတန့်တွေရှိတယ်ဟုတ်။ တကယ်ကတော့ဒါက ဝက်ခြံတွေ ပိုဆိုးလာအောင် ကိုယ်တိုင်က လုပ်လိုက်မိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

တန်ဆောင်တိုင် လပြည့်ညဆို ငယ်ငယ်ကတည်းက ဆေးပေါင်းခတယ်ဆိုပြီး မစားချင်တောင် ဆေးဖြစ်ဝါးဖြစ်လေးစားဆိုပြီး ဖွားဖွားက ခွံပေးတဲ့ မယ်ဇလီဖူးသုပ်ကို စားဖူးတယ်ဟုတ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက်ရဲ့ ထူးခြားလှတဲ့ အခြားကျန်းမာရေးအာနိသင်များ

ထောလပတ်ရွက်က ဆံပင်ကို သန်စေသလို အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေများလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

COVID-19 ဗိုင်းရပ်စ်သယ်ယူထိန်းသိမ်းရေးပစ္စည်း         

နှကိုဗစ် စစ်ဆေးတဲ့အခါ ပန်းရောင်အရည်ထည့်ထားတဲ့ ပလတ်စတစ် ပြွန်လေးထဲကို ယူပြီးသား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေ ထည့်ယူသိမ်းဆည်းကြပါတယ်။

ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေသက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေသက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 7, 2021 . 2 mins read
မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 2 mins read
မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 1 min read