ညအိပ်ညနေ လေဝင်လေထွက်ကောင်းအောင် ဘာဝတ်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 25, 2020 . 2 mins read
Share now

တစ်နေကုန် ရုံးအလုပ်၊ အိမ်အလုပ်တွေနဲ့ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်သမျှကို ပျောက်သွားစေဖို့ အကောင်းဆုံးအချိန်ဟာ ညအိပ်ချိန်ပါပဲ။ ညဘက်မှာ ကောင်းစွာ အိပ်စက်အနားယူနိုင်ဖို့ဆိုတာ ခန္ဓာကိုယ်နဲ့ အရေပြားက ပူလောင်အိုက်စက်နေတာမျိုး မရှိဘဲ အေးအေးလေးနဲ့ လေဝင်လေထွက်ကောင်းနေမှ အဆင်ပြေမှာပါ။ မြန်မာနိုင်ငံလို ပူနွေးစိုစွတ်တဲ့ နိုင်ငံမှာဆိုရင် ညဘက်အိပ်စက်ဖို့ အဝတ်အစားကို သေချာရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။

ညအိပ်ရင် ဘာဝတ်ကြမလဲ။

အမျိုးသားများအတွက် လမ်းညွှန်

မြန်မာအမျိုးသားတွေအတွက် အကောင်းဆုံးရွေးချယ်မှုကတော့ စွပ်ကျယ်နဲ့ ပုဆိုးပါပဲ။ ချည်သားစွပ်ကျယ်က ချွေးကို စုပ်ယူပေးသလို ပုဆိုးက လေဝင်လေထွက် ကောင်းတဲ့အတွက် လိင်အင်္ဂါက အနံ့အသက်ဆိုးတွေကိုလည်း လျော့နည်းစေပါတယ်။ ဘောင်းဘီလိုမျိုး ကိုယ့်အရေပြားနဲ့ အမြဲထိကပ်နေတာမဟုတ်လို့ အရေပြားယားယံတာ၊ ခြောက်သွေ့တာမျိုးလည်း သိပ်ပြီးမဖြစ်စေနိုင်ပါဘူး။ စွပ်ကျယ်၊ အကျီမပါဘဲ ပုဆိုးပဲ သီးသန့်ဝတ်ထားလို့လည်း ရပါတယ်။

ဘောင်းဘီဝတ်ရတာမှ ကြိုက်တယ်ဆိုရင် အားကစား ဘောင်းဘီအတိုကို ဝတ်အိပ်လို့ ရပါတယ်။ ချည်သားဘောင်းဘီမျိုးကို ဦးစားပေးရွေးချယ်ပါ။ အတွင်းခံနဲ့ ဝတ်အိပ်ရတာ ကြိုက်တဲ့ အမျိုးသားတွေအတွက် ပွပွယောင်းယောင်း လေဝင်လေထွက်ကောင်းမယ့် Boxer လို အတွင်းခံမျိုး ဝတ်အိပ်လို့ ရပါတယ်။ အရေပြားနဲ့လည်း သိပ်ပြီးမထိကပ်နေသလို ခါးစည်းကြိုးက တင်းကျပ်နေတာမျိုး မရှိလို့ အိပ်တဲ့အခါ အမျိုးသားများအတွက် သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။ ဒီလိုမှမဟုတ်လည်း ချည်သားနဲ့ လုပ်ထားတဲ့ ညအိပ်အကျီ၊ ဘောင်းဘီတွေကို ဝတ်ဆင်လို့ ရပါတယ်။

တစ်ယောက်တည်း နေတဲ့ အမျိုးသားတွေဆိုရင်တော့ အပေါ်က နည်းလမ်း (၂) မျိုးအပြင် ဘာမှမဝတ်ဘဲ အိပ်လို့လည်း ရပါတယ်။ အဝတ်မပါဘဲ အိပ်ခြင်းက အရေပြားနဲ့ အဝတ် ပွတ်တိုက်မှုမရှိတော့သလို လေဝင်လေထွက်ကောင်းတဲ့အတွက် အနံ့အသက်ဆိုးတွေလည်း နည်းသွားနိုင်တယ်။ မိမိခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ယုံကြည်စိတ်တိုးစေသလို လိင်စိတ်ဆန္ဒကိုလည်း ပိုပြီးနှိုးဆွပေးနိုင်ပါတယ်။

ဘာတွေရှောင်မလဲဆိုရင် နိုင်လွန်သား၊ ဂျင်းသားလိုမျိုး အရေပြားကို ပူစပ်ပူလောင်ဖြစ်ပြီး တင်းကျပ်နေစေမယ့် အဝတ်အစားမျိုးကို ရှောင်ပါ။ အရေပြားနဲ့ အဝတ်အစား မထိလေ၊ ပိုကောင်းလေပါပဲ။ အတွင်းခံဘောင်းဘီ အကျပ်တွေနဲ့ ဝတ်အိပ်တာမျိုး တတ်နိုင်သလောက် ရှောင်ပေးပါ။

အမျိုးသမီးများအတွက် လမ်းညွှန်

အမျိုးသမီးတွေအတွက် အပြင်သွားရင် ရွေးချယ်စရာ အဝတ်အစားတွေ များသလောက် အိပ်တဲ့အချိန်အတွက်တော့ ချည်သားအကျီနဲ့ ထမီကိုပဲ ဦးစားပေးပြီး ဝတ်ဆင်ပါ။ ထမီကို တင်းကျပ်နေအောင် မစည်းထားဘဲ မချောင်မ​လျော့ အနေအထားလောက်ပဲ ဝတ်ဆင်ပေးပါ။ ဒီလိုမှမဟုတ်ရင်လည်း ချည်သားနဲ့ ရက်လုပ်ထားတဲ့ ညဝတ်အကျီ၊ ဘောင်းဘီပွပွတွေကို ဝတ်ဆင်ပြီး အိပ်စက်လို့ ရပါတယ်။ အဓိက လေဝင်လေထွက်ကောင်းမှ မိန်းမကိုယ် ခြောက်သွေ့ခြင်း၊ အနံ့အသက်ဆိုး၊ ယားယံခြင်းတွေ ကင်းစင်မှာ ဖြစ်ပါတယ်။ ကိုယ်လုံးတီး ဝတ်အိပ်လို့တော့ ရပေမယ့် မှောက်အိပ်လို့ ဘရာစီယာအထိန်းမရှိတဲ့အခါ ရင်သားအနည်းငယ် နာကျင်တာမျိုးတော့ ရှိနိုင်ပါတယ်။

ဘာတွေကို ရှောင်ကြဉ်ရမလဲဆိုရင် အကျီ၊ ဘောင်းဘီ အကျပ်တွေကို ရှောင်ပါ။ အတွင်းခံ ဝတ်ပြီး မအိပ်ပါနဲ့။ ထမီဝတ်တဲ့အခါ အပြင်သွားရင် ဝတ်သလိုမျိုး ကျပ်ထုတ်နေအောင် မစည်းထားပါနဲ့။

ညအိပ်တဲ့ ကောင်းစွာအိပ်ပျော်နိုင်စေဖို့နဲ့ အရေပြား ပူစပ်ပူလောင် မဖြစ်အောင် ရေနွေးနွေးနဲ့ ရေချိုးပြီးမှ အိပ်လို့လည်း ရပါတယ်။ ကိုယ့်အိပ်တဲ့ အိပ်ရာက သန့်ရှင်းနေပါစေ၊ အသံလုံနေပါစေ။ ဖုန်းတွေ၊ ကွန်ပျူတာတွေကို အိပ်ရာထဲ မသယ်လာပါနဲ့။ အလုပ်ကိစ္စ၊ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာ၊ အတွေးပေါင်းများစွာကို အိပ်ခန်းအပြင်မှာ ထားခဲ့ပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာ့ ကိုဗစ်ကာကွယ်ဆေးရရှိရေး မျှော်လင့်ချက် ထိခိုက်မလား

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံ အခြေစိုက် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက လေဒီလေးတွေအတွက် အတော်လေး ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် အော်........ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

COVID ပိုးအသစ်နဲ့ နယူးရီးယားကြောင့် တတိယလှိုင်းဖြစ်လာနိုင်သလား

ရောဂါပိုးမျိုးစိတ်သစ်ထွက်ပေါ်လာချိန်ဟာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပရာ ဒီဇင်ဘာလဖြစ်နေခဲ့တာမို့ နိုင်ငံတကာမှာတော့ ထိန်းချုပ်ရခက်ခဲနေခဲ့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 21, 2021 . 2 mins read
လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 2 mins read
မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 7, 2021 . 3 mins read