အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဘာအကြောင်းကြောင့်မှ အနှောင့်နှေးမခံပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 27, 2020 . 2 mins read
Share now

မမျှော်လင့်ထားဘဲ အိမ်ထောင်ကျသွားတယ်၊ ကလေးရသွားတယ်၊ ဘာမှ ပြင်ဆင်မှု မရှိချိန်မှာ ဒီလိုတွေ ဖြစ်လာတော့ စီစဉ်ထားတဲ့ Life Goal တွေ၊ Career Goal တွေ အကုန်လုံး သဲထဲရေသွန်…

ခဏလေးပါ။ ပြောပြချင်လို့။ အိမ်‌ထောင်ပြုပြီးသွားတာနဲ့ ဘဝကြီးက တက်လမ်းတွေ မရှိတော့တဲ့ခေတ်က ကုန်ခဲ့တာ ကြာပါပြီ။ ကလေးတစ်ယောက် ရတာနဲ့ စီးပွားရေးနဲ့ မိသားစုရေးကြားထဲမှာ လှောင်ပိတ်နေရတယ်ဆိုတာ Family Planning ကို သေချာ မသုံးဖြစ်ခဲ့လို့ပါ။

အိမ်ထောင်မပြုရသေးတဲ့သူတွေ ဆိုရင် အိမ်ထောင်ကို ဘယ်အချိန်မှာ ပြုမယ်၊ အိမ်ထောင်ကျပြီးသူတွေဆိုရင်လည်း အိမ်ထောင်မပြုခင်ကတည်းက ကိုယ်က ဘယ်အချိန်မှာ ကလေးယူမယ်၊ ကလေးကို ဘယ်နှယောက်ယူမယ် ဆိုတာတွေ အားလုံးကို ကြိုတင်တွေးထားနိုင်မှ တန်ကာကျတဲ့ ခေတ်ကြီးပါ။

အမှတ်တမဲ့ နေရင်း ကလေးရလို့ ယူလိုက်ရတယ်၊ ဘာမှ စီစဉ်ထားတာ မရှိဘူးဆို ကိုယ်တိုင်လည်း ကသီလင်တ နိုင်သလို ကလေးအတွက်လည်း ဒုက္ခများပါတယ်။ ဒါကြောင့် အိမ်ထောင်မပြုခင်မှာဖြစ်စေ၊ ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြား ခြားချင်တဲ့အချိန်မှာ ဖြစ်စေ သားဆက်ခြားနည်းတွေကို သေချာ စနစ်တကျ လေ့လာထားဖို့ အရေးကြီးလာပါပြီ။

အိမ်ထောင်ပြုဖို့ ကြံစည်နေတဲ့သူတွေအတွက်ပဲ အရေးကြီးတာ မဟုတ်ဘူးနော်။ အပျိုဖော်၊ လူပျိုဖော်ဝင်လာကတည်းက ဒီနည်းလမ်းတွေကို သိထားသင့်ပါတယ်။ ဒါမှသာ မတော်တဆ ကိုယ်ဝန်ရသွားတာ၊ ဖျက်ချလို့ လူပါ အန္တရာယ် ဖြစ်ရတာ၊ ကပ်ပြီး ကလေးရလို့ မနိုင်မနင်းတွေ ဖြစ်ရတာ၊ စတဲ့ မတော်တဆပေါင်းများစွာကို ကာကွယ်နိုင်မှာပါ။

ဒါဆိုရင် သားဆက်ခြားနည်းတွေနဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့လိုလဲဆိုရင်

အမှန်တော့ ဒီနည်းလမ်းတွေ အားလုံးထဲမှာ ကွန်ဒုံးသုံးတာက လူကို ထိခိုက်မှု အနည်းဆုံး၊ အထိရောက်ဆုံး၊ အလွယ်ဆုံး ဖြစ်ပေမဲ့ အလွှာပါးကြောင့် ကမ္ဘာခြားတယ်ဆိုပြီး ကွန်ဒုံးကို အဖက်မလုပ်တာတွေ ရှိနေပါတယ်။ ဒီမှာတင် ဘာမှ မသုံးဘဲ အတူနေ၊ ပြီးရင် ကိုယ်ဝန်ရ၊ မဖြစ်တဲ့အဆုံး အိမ်ထောင်ကျ၊ ကလေးရ ဆိုတဲ့ အဖြစ်တွေ ဖြစ်လာတော့တာပါပဲ။

ထပ်ပြောပါမယ်။ အပျိုဘဝတုန်းက လုပ်ချင်လျက်နဲ့ မလုပ်လိုက်ရတာတွေကို အိမ်ထောင်သည် ဘဝရောက်လို့၊ အမေဖြစ်သွားလို့ ဆက်ပြီး မလုပ်ရဘူးလို့ မတွေးပါနဲ့။ အိပ်မက်တွေက မျက်စိရှေ့မှာပါ။ မိသားစုရှေ့ရေးကို သေချာ စီစဉ်ပြီး စနစ်တကျ ပလန်ချသွားမယ်ဆိုရင် အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မဝေးပါဘူး။

“Your Life, Your Choice” သင့်ဘဝ သင့်ရွေးချယ်မှုပါပဲ။

အိပ်မက်ကို အကောင်အထည်ဖော်ကြတဲ့သူတွေတိုင်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာ ဓမ္မတာပါ။ ဒါကို မမျှော်လင့်ဘဲ ရလာတဲ့ ကလေးငယ်ကြောင့်ဆိုပြီး လက်လျှော့ပြီး ထိုင်မနေပါနဲ့။ ကိုယ့် အနာဂတ်ကို ကိုယ်ပိုင်ပါတယ်။ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ အိပ်မက်ရှိရာ ပန်းတိုင်ကို လမ်းဖောက်နိုင်ပါစေ။

Wathun Myat Chel

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်ချရတယ်ဆိုပြီး မီးနီဖြတ်မလို့လား။ ခဏလေး နေပါဦး

မမျိုးဥကြွေချိန် ရာသီလာနေတုန်း လိင်ဆက်ဆံ သုက်ပိုး ဟော်မုန်းကပ်ခွာ အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်ခြေ IUD သားဆက်ခြားနည်း ကွန်ဒုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ခိုရင်အုပ် (Pectus carinatum)

ခိုရင်အုပ် Pectus carinatum ချိုးရင်အုပ် ကြက်ရင်အုပ် မွေးရာပါချို့ယွင်းချက် လူပျိုဖော်ဝင် အပြင်ကိုစူထွက် ငေါထွက်နေတဲ့ရင်အုပ် ရင်ညွန့်ရိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကိုယ်ဝန်မရအောင် ဘယ်လိုတားကြမလဲ

အတူနေခြင်း သားဆက်ခြားနည်းတွေ သွေးဆိပ်တက်တာ ကွန်ဒုံး တားဆေးများ ထိုးဆေး  သားအိမ်ထဲထည့်ပစ္စည်း  အရေးပေါ်သောက်ဆေး  လက်မောင်းထဲထည့်ပစ္စည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Seinn Moe Satt

အရေးပေါ်သန္ဓေတားဆေး ကိုပဲ အားမကိုးစေလိုတဲ့ အကြောင်းအရင်း

အရေးပေါ်သန္ဓေတားဆေး တားဆေး သန္ဓေတားဆေး Implant ကွန်ဒုံး HPV ဟော်မုန်း ခေါင်းကိုက် ကိုယ်အလေးချိန် သားဆက်ခြား ဆေးသောက် ဟော်မုန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလအတွက် အသင့်တော်ဆုံး သားဆက်ခြားနည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
Pubertyက hit ဦးမှာလား။

Pubertyက hit ဦးမှာလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 28, 2020 . 2 mins read

ကျဉ်းထဲကျပ်ထဲ အခြေအနေမျိုးမှာ ကိုယ်ဝန် မရချင်သူတွေအတွက် နည်းလမ်း ၄ ရပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 25, 2020 . 2 mins read
လူပြောများနေတဲ့ Menstrual Cup… တကယ်ရော ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

လူပြောများနေတဲ့ Menstrual Cup… တကယ်ရော ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 23, 2020 . 2 mins read