တားဆေးရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read
Share now

ကိုယ်ဝန်ရချင်လို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းတစ်ခုခုရှိလို့ပဲဖြစ်ဖြစ် နေ့စဉ်သောက်တားဆေးကို ရပ်လိုက်တဲ့အခါ ကြုံရနိုင်တဲ့အခြေအနေတွေကို ပြောပြပေးသွားပါ့မယ်။

နေ့စဉ်သောက်တားဆေးတွေက ဟော်မုန်းတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ ပျိုမေတို့အတော်များများသိပြီး ဖြစ်မှာပါ။ ခန္ဓာကိုယ်ရဲ့ပုံမှန်ဖြစ်စဉ်တွေအားလုံးနီးပါးအပေါ်ကို ဟော်မုန်းဓာတ်တွေသက်ရောက်မှုရှိတာကြောင့် ဟော်မုန်းပါတဲ့တားဆေးတွေ ရပ်လိုက်တဲ့အချိန်မှာလည်း ကိုယ်တွင်းပြောင်းလဲမှုတွေဖြစ်လာမှာ သေချာပါတယ်။ နေ့စဉ်သောက်တားဆေးသောက်သုံးမှုကို ရပ်လိုက်ရင် ခန္ဓာကိုယ်မှာဘာတွေဖြစ်လာနိုင်လဲဆိုတော့

၁ – ကိုယ်ဝန်ရသွားနိုင်ပါတယ်

နောက်နေတာမဟုတ်ပါဘူး။ တကယ်ဖြစ်ပါတယ်။ တားဆေးဆက်မသောက်တော့တာနဲ့ ရက်ပိုင်းအတွင်းမှာပဲ ဟော်မုန်းတွေကို ခန္ဓာကိုယ်ထဲကစွန့်ထုတ်လိုက်ပြီး သားဥပြန်ကြွေနိုင်ပါတယ်။ သားဥကြွေပြီဆိုတာနဲ့ ကိုယ်ဝန်ပြန်ရနိုင်တာကြောင့် ကလေးယူဖို့အစီအစဉ်မရှိသေးရင် ကွန်ဒုံးလိုမျိုး တခြားသားဆက်ခြားနည်းတစ်ခုခုကို ဆက်သုံးစွဲဖို့ အကြံပေးချင်ပါတယ်။

၂ – ရာသီပုံမှန်ပြန်လာဖို့ နည်းနည်းစောင့်ရတတ်တယ်

ဟော်မုန်းနဲ့ဆိုင်တဲ့ကိစ္စတွေအကုန်လုံးက နည်းနည်းရှုပ်ထွေးပါတယ်။ တားဆေးရပ်လိုက်တာနဲ့ ရာသီပုံမှန်ပြန်လာတဲ့သူတွေရှိသလို တချို့ကျလည်း ၂လ၊ ၃လလောက်စောင့်ရတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ စိတ်ရှည်ရှည်နဲ့ ၃လ လောက်စောင့်ကြည့်ပြီးတဲ့အထိ ရာသီပြန်မလာရင်တော့ ဆရာဝန်နဲ့ ပြသကြည့်တာမမှားပါဘူး။

၃ – ရာသီစက်ဝန်းအပြောင်းအလဲဖြစ်တတ်တယ်

တားဆေးက ရာသီပုံမှန်လာအောင် လုပ်ပေးပါတယ်။ တားဆေးဖြတ်ပြီးရင်တော့ လာနေကျရက်ထက် စောလာတာ၊ နောက်ကျလာတာတွေကြုံရတတ်ပါတယ်။ နောက်ပြီး ပုံမှန်ထက်သွေးဆင်းများတာတွေ၊ သားဥကြွေချိန်မှာ ကိုက်ခဲတာတွေလည်းဖြစ်နိုင်ပါတယ်။

၄ – ရာသီလာခါနီးဖြစ်တဲ့ပြဿနာ (PMS) တွေပြန်ကြုံရမယ်

ဟော်မုန်းပါတဲ့တားဆေးတွေရဲ့ အားသာချက်တစ်ခုက ရာသီလာခါနီးခံစားရတတ်တဲ့ ခေါင်းကိုက်တာ၊ ကြွက်သားကိုက်ခဲတာ၊ လေပွတာ၊ စိတ်အပြောင်းအလဲမြန်တာတွေကို သက်သာအောင်လုပ်ပေးပါတယ်။ ဒါ့ကြောင့်တချို့အမျိုးသမီးတွေက ဒီလက္ခဏာတွေသက်သာဖို့ တားဆေးသောက်သုံးတာတွေတောင် ရှိပါတယ်။ ဟော်မုန်းအတက်အကျဖြစ်တာကြောင့် ဒီလက္ခဏာတွေကြုံရတာဖြစ်တယ်လို့ယူဆကြပြီး တားဆေးထဲမှာပါတဲ့ ဟော်မုန်းတွေကြောင့် ဟော်မုန်းပမာဏကို ထိန်းညှိပေးသလိုဖြစ်ပြီး အပေါ်ကလက္ခဏာတွေကို သက်သာစေ ပါတယ်။ တားဆေးဖြတ်လိုက်ရင်တော့ ဒီလိုထိန်းညှိပေးတာမျိုး မရှိတော့တဲ့အတွက် PMSလက္ခဏာတွေ ပြန်ခံစားရနိုင်ပါတယ်။

၅ – တားဆေးဖြတ်လိုက်လည်း ကိုယ်အလေးချိန်ကျချင်မှ ကျမှာပါ

တားဆေးသောက်ရင် ကိုယ်အလေးချိန်တက်လာတယ်ဆိုတာ မမှန်ပါဘူး။ ဒါ့ကြောင့်တားဆေးဖြတ်လိုက်လည်း ပြန်ပိန်သွားမယ်လို့ ကံသေကံမ မမှတ်ယူစေချင်ပါဘူး။ တားဆေးနဲ့ ကိုယ်အလေးချိန်အတက်အကျ  ဆက်စပ်မှုရှိ ၊မရှိဆိုတာ အခုထိလည်းလေ့လာနေဆဲပဲရှိပါသေးတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်တက်တာက တားဆေးသောက်ခြင်း၊ မသောက်ခြင်းထက် ကိုယ့်ရဲ့စားသောက်နေထိုင်ပုံအပေါ်ပဲ မူတည်နေတယ်လို့ ပြောရမှာပါ။

၆ – ဝက်ခြံတွေပြန်ပေါက်လာနိုင်တယ်

တားဆေးတွေက ဟော်မုန်းထွက်မညီမျှတာကြောင့်ဖြစ်တဲ့ ဝက်ခြံထွက်တာနဲ့အမွှေးအမျှင်ထူတာကိုသက်သာ စေပါတယ် (လုံးဝပျောက်ကင်းတာမဟုတ်ပါဘူး၊ သက်သာသွားရုံပါပဲ)။ တားဆေးရပ်လိုက်ရင်တော့ ဟော်မုန်း အတက်အကျပြန်ဖြစ်လာပြီး ဒီပြဿနာတွေ ပြန်ကြုံရနိုင်ပါတယ်။

၇ – လိင်စိတ်ပြန်တက်လာသလိုခံစားရနိုင်တယ်

ဒီအချက်က မိန်းကလေးတိုင်းအတွက်တော့ မှန်ချင်မှမှန်ပါလိမ့်မယ်။ အမျိုးသမီးတချို့ကတော့ တားဆေးကြောင့် အမျိုးသားနဲ့အတူနေလိုစိတ် နည်းနည်းကျသွားတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့်တားဆေးဖြတ်လိုက်ချိန်မှာ အရင်လိုလိင်စိတ်ပြန်နိုးကြားလာတယ်လို့ ပြောကြားကြပါတယ်။ ဒီအချက်ကိုသိပ္ပံနည်းကျသက်သေပြထားတာမျိုး မရှိသေးပေမဲ့ ဟော်မုန်းဓာတ်တွေရဲ့ ရှုပ်ထွေးတဲ့လုပ်ဆောင်ချက်ကြောင့် လုံးဝမှားတယ်လို့လည်း ပြောလို့မရပြန်ပါဘူး။

‌ရေးသားသူ – Dr.Htoo Tint

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Micronutrient များ

ကိုယ်ခံအား (immunity) အတွက် အခြေခံလိုအပ်တဲ့ micronutrients ခေါ် ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုတော့ အတော်များများသတိမထားမိတတ်ကြပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ

ဆေးစွဲခြင်းက ပစ္စုပ္ပန် တည့်တည့်အတွက်လည်း မကောင်းသလို နောက်ပိုင်းမှာလည်း ဆိုးကျိုးတွေကို ပေးပါတယ်။ဆေးစွဲတာက စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Cardio ကစားကြမယ်။

cardio လုပ်ရင်း ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို သိရှိပြီး ထိရောက် အကျိုးရှိစွာ လေ့ကျင့်နိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Stay Home ကာလမှာ ထပ်ပြီးဝိတ်တက်လာမှာ စိုးရိမ်နေရပြီလား

Stay Home Covid-19 Gym ဝိတ်တက် ကပ်ဘေးကာလ ကိုယ်အလေးချိန် အစား လေ့ကျင့်ခန်း မုန့်ပဲသရေစာ ရုပ်ရှင် အလုပ် အိပ်ချိန် ကယ်လိုရီ အဆီ စိတ်ညစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

သင့်အရေပြားနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၆) ချက်

သင့်အရေပြားနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၆) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 1 min read
ကွန်ဒုံးလည်းသုံးမယ်၊ စိတ်ကျေနပ်မှုကိုလည်း တစ်ပြားမှမလျှော့နိုင်ပါဘူး ဆိုတဲ့ အမျိုးသားတွေအတွက်

ကွန်ဒုံးလည်းသုံးမယ်၊ စိတ်ကျေနပ်မှုကိုလည်း တစ်ပြားမှမလျှော့နိုင်ပါဘူး ဆိုတဲ့ အမျိုးသားတွေအတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ

အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
လိင်ဆက်ဆံမှုတစ်ခုအတွက်ဘာတွေကြိုတင်ပြင်ဆင်ရမလဲ

လိင်ဆက်ဆံမှုတစ်ခုအတွက်ဘာတွေကြိုတင်ပြင်ဆင်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read