ဒီလိုရုံးကန်လှုပ်ရှားနေရတဲ့ဘဝထဲမှာ ပင်ပန်းဆင်းရဲမှုဒဏ်တွေ၊ နာမကျန်းမှု ဝေဒနာတွေနဲ့ ပြင်းထန်လှတဲ့ စိတ်ဖိစီးမှုတွေကို မတွန်းလှန်နိုင်ကြတော့တဲ့သူတွေဟာ ရှိနေတဲ့ လူ့ဘဝကို စွန့်ခွာပြီး ကိုယ်လွတ်ရုံးဖို့ ကြိုးစားကြလေ့ရှိပါတယ်။
WHO ရဲ့ အချက်အလက်တွေအရ ဒီကနေ့ ကမ္ဘာပေါ်မှာ စက္ကန့် ၄၀ ကို လူတစ်ဦးနှုန်း မိမိကိုယ်ကို သေကြောင်းကြံစည်နေကြပါတယ်။ ဆိုလိုတာက တစ်နှစ်ကို လူပေါင်း ၈ သိန်းခန့် ကိုယ့်ကိုယ်ကို သတ်သေနေကြတဲ့ သဘောဖြစ်ပါတယ်။
အဲ့ဒီထဲက ၇၉% ဟာ တစ်ဦးချင်းဝင်ငွေနည်းပါးတဲ့ (ဒါမှမဟုတ်) ဝင်ငွေအလယ်အလတ်သာရှိတဲ့ တိုင်းပြည်တွေမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ပိုမိုဆိုးရွားတဲ့အချက်ကတော့ သေဆုံးသူတွေရဲ့ ပျမ်းမျှ အသက်အရွယ်ဟာ အသက် ၁၅ နှစ်နဲ့ ၂၉ နှစ်အကြား အသက်အရွယ်မှာဖြစ်ပွားနေကြတာပါပဲ။ စီးပွားကို အားကြိုးမာန်တက် ရှာဖွေနေကြတဲ့အရွယ်ပေါ့။
ဒီကနေ့ ကမ္ဘာကြီးမှာ ဂုဏ်ဒြပ်တွေနဲ့ ပကာသဏတွေဟာ ရှေ့တန်းကိုရောက်လာပါတယ်။ ဒါ့အပြင် လူတစ်ဦးချင်းစီရဲ့ နေထိုင်မှုဘဝမှာ ငွေကြေးဥစ္စာလိုအပ်ချက်လည်း မြင့်မားလာနေတာ သိသာထင်ရှားလွန်းနေပါရဲ့။
ဒီလိုလူ့အဖွဲ့အစည်းကြီးထဲမှာ ရှင်သန်နေကြရတဲ့အခါ ငွေကြေးဥစ္စာရှာဖွေစုဆောင်းမှုက လူတစ်ဦးချင်းစီရဲ့ ဘဝမှာ အရေးအပါဆုံးကိစ္စရပ်ဖြစ်လို့လာတော့တာပေါ့။ နေ့စဉ်နဲ့အမျှ မိုးလင်းမိုးချုပ် ရုံးကန်လှုပ်ရှားနေရတာဟာ ငွေကြေးရှာဖွေဖို့ပါပဲ။ ဝင်ငွေရှာဖွေနိုင်မှာ အစားအစာဝယ်စားနိုင်မယ်၊ နေစရာရမယ်၊ မိသားစုကို ထောက်ပံ့နိုင်မယ်၊ အကြွေးဆပ်နိုင်မယ်၊ လုပ်ငန်းကို ရင်းနှီးမြှုပ်နှံနိုင်မယ်၊ စသဖြင့် အကြောင်းအရင်းကတော့ အမျိုးမျိုးပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။