backup og meta

စိတ်ကစဉ့်ကလျားရောဂါ၏ တွေ့ရများသော လက္ခဏာများ


Dr. Thant Zin မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကစဉ့်ကလျားရောဂါ၏ တွေ့ရများသော လက္ခဏာများ

    စိတ်ကစဉ့်ကလျားရောဂါဟာ အတွေ့ရများတဲ့ ပြသနာဖြစ်ပါတယ်။ လူ ၁၀၀ မှာတယောက်ခန့်ဟာ စိတ်ကစဉ့်ကလလျားရောဂါ ဖြစ်နိုင်ပါတယ်။ ဒီရောဂါဟာ ငယ်ရွယ်စဉ်မှာ ဖြစ်နိုင်ပါတယ်။ စောစောပိုင်းမှာ တွေ့ရတာတွေကို ရှေ့ပြေးလက္ခဏာလို့ ခေါ်ပါတယ်။ အဲဒီအခြေအနေမှာ အိပ်စက်မှု၊ စိတ်ခံစားမှု၊ စိတ်အား ထက်သန်မှု၊ လူမှုဆက်ဆံရေးနဲ့ တွေးခေါ်နိုင်စွမ်း စတာတွေ သိသာစွာ ပြောင်းလဲ သွားပါတယ်။

    ဒီရောဂါဟာ သင့်ရဲ့ အတွေးအခေါ်၊ ခံစားမှုနဲ့ ပြုမူပုံတွေကို ပြောင်းလဲစေပါတယ်။ ဖြစ်တဲ့လူတွေမှာ တွေ့ရတဲ့လက္ခဏာဟာ တယောက်နဲ့တယောက်တော့ မတူပါဘူး။ လက္ခဏာဟာ ပေါ်လိုက်ပျောက်လိုကလည်း ဖြစ်တတ်ပါတယ်။ ဘယ်သူမှာ လက္ခဏာအားလုံးကို အမြဲတမ်းတော့ ဖြစ်မနေပါဘူး။

    ယေဘုယျအားဖြင့် သုံးမျိုးရှိပါတယ်။

    – ဖြစ်တည်မှုရှိသော လက္ခဏာများ (စတင်ဖြစ်ပျက်ခြင်း)

    – ဖြစ်တည်မှုမရှိသော လက္ခဏာများ (ဖြစ်ပေါ်နေသည်များ ရပ်တန့်သွားခြင်း)

    – သိမြင်ခြင်းဆိုင်ရာ လက္ခဏာများ (သတင်းအချက်အလက်နှင့် ဆက်နွယ်ခြင်း)

    အဲဒီလက္ခဏာတွေဟာ အသက် ၁၆နှစ်နဲ့ ၃၀ကြားမှာ စတင်ဖြစ်ပေါ်တတ်ပါတယ်။ အမျိုးသားများဟာ အမျိုးသမီးများထက် စောစီးစွာ ဖြစ်တတ်ပါတယ်။

    လက္ခဏာများ

    ဖြစ်တည်မှုရှိသော လက္ခဏာများ

    – ထင်ယောင်ထင်မှားဖြစ်ခြင်း။ များသောအားဖြင့် နားထဲမှာ အသံတွေကြားနေရပါတယ်။ ဒီအသံတွေဟာ ဘာလုပ်ရမယ်ဆိုတာ ပြောပါတယ်။ အန္တရာယ်ရှိတယ်လို့ သတိပေးနေတတ်ပါတယ်။ ကသိကအောင်ဖြစ်စရာတွေ ကြားရတတ်ပါတယ်။ အသံတွေဟာ တဦးနဲ့တဦးပြောနေသလို ဖြစ်တတ်ပါတယ်။

    – ယုံမှားလွန်ခြင်း။ ဒီရောဂါခံစားရသူများဟာ သူတို့ကို တစုံတယောက်က ထိန်းချုပ်ဖို့ ကြိုးစားနေတယ်၊ ရဲက နောက်ယောင်ခံလိုက်နေတယ် စသဖြင့် ခံစားနေရတတ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ တခြားသူ တယောက်ယောက်ဖြစ်နေတယ်လို့ ဥပမာ- ရုပ်ရှင်သရုပ်ဆောင်၊ သမ္မတစသဖြင့် ထင်တတ်ပါတယ်။ မိမိမှာ ကြီးမားတဲ့စွမ်းအားတွေ ရှိတယ်လို့ ထင်နေတတ်ပါတယ်။

    – အတွေးနှင့်အပြော ရှုပ်ထွေးခြင်း။ စိတ်ကစဉ့်ကလျား ဖြစ်သူများဟာ အတွေးတွေကို စုစည်းဖို့ ခက်ပါတယ်။ သူတို့ကို စကားပြောရင်လည်း ပြောတဲ့အတိုင်း နားမလည်ပါဘူး။ အာရုံမကပ်တာမျိုး ဖြစ်နေတတ်ပါတယ်။ သူတို့ပြောတဲ့အခါမှာလည်း စကားများဟာ အစီစဉ်တကျ ထွက်မလာတတ်ဘဲ အဓိပ္ပါယ်လည်း မဲ့နေတတ်ပါတယ်။

    ဖြစ်တည်မှုမရှိသော လက္ခဏာများ

    ခံစားမှုကင်းမဲ့ခြင်း။ ဒီလူနာမျိုးတွေကတော့ဆိုးဆိုးရွားရွားပဲ စိတ်ခံစားမှုမရှိဘဲ နေတတ်ပါတယ်။ သိပ်များများ မပြောတတ်သလို ခံစားမှုလည်း ထုတ်မပြပါဘူး။ ပြောရင်လည်း အတက်အကျ ခံစားမှုမရှိတဲ့ပုံနဲ့ ပြောဆိုတတ်ပါတယ်။

    ဆုတ်ခွာခြင်း။ လုပ်ကိုင်နေခြင်းအားလုံးကို ရပ်တန့်ပြီး သာသနာ့ဘောင်ဝင်သွားချင်တာမျိုး ဖြစ်ပါတယ်။

    နေ့စဉ်ရုန်းကန်နေရခြင်း။ ရေချိုးဖို့၊ မိမိကိုယ်ကို ဂရုစိုက်ဖို့ကိုတောင် အဆင်မပြေ ဖြစ်နေတတ်ပါတယ်။

    အစီအစဉ်မရှိခြင်း။ စိတ်ကစဉ့်ကလျား ဖြစ်သူများဟာ အချိန်စာရင်းနဲ့ လုပ်ကိုင်နိုင်ခြင်း မရှိပါဘူး။ လုပ်ကိုင်နေတုန်း ရပ်တန့်ပစ်တာ၊ တခါတလေ လုပ်စရာရှိတာကို လုံးဝကို စမလုပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    သိမြင်ခြင်းဆိုင်ရာ လက္ခဏာများ

    သိမြင်ခြင်းဟာ သင့်ဦးနှောက်ဟာ သင်ယူခြင်း၊ ခွဲခြားခြင်း၊ သတင်းအချက်အလက်ကို အသုံးချခြင်းစတာတွေမှာ ဘယ်လိုလုပ်ဆောင်လဲ ဆိုတာပေါ် မူတည်ပါတယ်။ စိတ်ကစဉ့်ကလျားဖြစ်သူများဟာ မှတ်ဉာဏ်ပိုင်း ဆိုင်ရာမှာ ပြသနာတွေ ရှိပါတယ်။

    အချက်အလက် မျိုးစုံကို တချိန်တည်းမှာ ရယူနိုင်ဖို့ ခက်ပါတယ်။ ဥပမာ ဖုန်းနံပါတ်နဲ့အတူ ညွှန်ကြားမှုတခုခု ကြားရတဲ့အခါမျိုး ဖြစ်ပါတယ်။

    – အာရုံစိုက်ရခက်တာကြောင့် အတွေးများကို စုစည်းရခက်ပြီး ဆုံးဖြတ်ချက်တွေချဖို့လည်း ခက်ခဲပါတယ်။ အာရုံကို စုစည်းရခက်ပါတယ်။ ဥပမာ ရုပ်ရှင်ကြည့်ရင်း ဖန်သားပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ အာရုံမရတာမျိုး ဖြစ်ပါတယ်။

    – ကွဲပြားသောလှုပ်ရှားပုံများ။ မြင်ရတာ သက်တောင့်သက်သာ မရှိပါဘူး။ သူတို့ဟာ တူညီတဲ့ လှုပ်ရှားမှုကိုပဲ ထပ်တလဲလဲ လုပ်နေတတ်ပါတယ်။ တခါတရံမှာ နာရီပေါင်းများစွာ ကြာသည့်တိုင်အောင် လှုပ်ရှားနေတတ်ပါတယ်။ ဒါကို ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေလို့ပဲ သတ်မှတ်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement