backup og meta

စိတ်ကျရောဂါကုဆေးများ ဘယ်လို အလုပ်လုပ်သလဲ


Dr. Thant Zin မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျရောဂါကုဆေးများ ဘယ်လို အလုပ်လုပ်သလဲ

    စိတ်ကျရောဂါကုဆေးများဟာ စိတ်ဓါတ်ကျဆင်းမှုကို ကုသရန်ဖြစ်ပြီး ပြန်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ တခြားပြသနာတွေမှာလည်း သုံးနိုင်ပါတယ်။ အဲဒါတွေကတော့

    – စိတ်စွဲလွန်ခြင်း

    – စိတ်ပူပန်ခြင်းပြသနာ

    – ထိခိုက်မှုအပြီး စွဲမြဲကျန်ခဲ့သော စိတ်ဖိအားပြသနာ၊ စတာတွေ ဖြစ်ပါတယ်။

    စိတ်ကျရောဂါကုဆေးများဟာ စိတ်ကျခြင်းရဲ့ လက္ခဏာတွေကို ကုသပေးနိုင်ပေမယ့် အကြောင်းရင်းများကိုတော့ အမြဲတမ်း မပျောက်စေနိုင်ပါဘူး။ ဒါကြောင့် ဆိုးရွားတဲ့ စိတ်ဓါတ်ကျခြင်းနဲ့ တခြားစိတ်ပိုင်းဆိုင်ရာ ပြသနာတွေမှာ တချို့ကုထုံးများနဲ့ပေါင်းစပ်ခြင်း ဖြစ်ပါတယ်။

    စိတ်ကျရောဂါကုဆေး အမျိုးအစားများ

    စိတ်ကျရောဂါကုဆေး အမျိုးအစားများစွာ ရှိပါတယ်။ အဲ့ဒါတွေကတော့

    – SSRI အုပ်စုဝင်ဆေးများ

    – SNRI အုပ်စုဝင်ဆေးများ

    – Tricyclic အုပ်စုဝင်ဆေးများနှင့် ဆက်စပ်ဆေးများ

    – MAOI ဆေးများ

    – အခြား စိတ်ကျရောဂါကုဆေးများ စတာတွေ ဖြစ်ပါတယ်။

    သူတို့ဟာ တူညီတဲ့ဦးနှောက် ဓါတ်ပစ္စည်းများပေါ် လုပ်ဆောင်ပြီး တူညီတဲ့သက်ရောက်မှုတွေ ရှိပါတယ်။ ဒါပေမယ့် အမျိုးအစားမတူတဲ့အတွက် တည်ဆောက်ပုံကွဲပြားပြီး ဘေးထွက်ဆိုးကျိုးတွေလည်း ကွဲပြားပါတယ်။

    စိတ်ကျရောဂါကုဆေး ဘယ်လိုအလုပ်လုပ်လဲ

    စိတ်ကျရောဂါကုဆေး အမျိုးအစားပေါင်းများစာ ရှိပေမယ့် အလုပ်လုပ်ပုံတူကြပါတယ်။ သူတို့အားလုံးက ဦးနှောက်ရဲ့ နာဗ်ကြောလျှပ်ကူး ပစ္စည်းများကို မြင့်တက်လာစေပါတယ်။

    Tricyclic စိတ်ကျရောဂါကုဆေးများဟာ

    – Norepinephrine

    – Serotonin စတာတွေကို မြင့်တက်စေပါတယ်။

    Tricyclyc ဆေးအကြောင်း

    – ရှေးအကျဆုံး စိတ်ကျရောဂါကုဆေး အမျိုးအစားဖြစ်ပြီး ၁၉၅၀ ကျော်ကာလမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။

    – သူတို့ဟာ noradrenaline နဲ့ serotonin တို့ ဦးနှောက်မှာ အာနိသင်သက်ရောက်မှုကို ပိုမိုကြာမြင့်စေပါတယ်။

    – သူတို့ဟာ တည်ဆောက်ပုံအရ ကွင်း ၃ကွင်းရှိလို့ tricyclic လို့ ခေါ်ခြင်း ဖြစ်ပါတယ်။

    – တခြား စိတ်ကျရောဂါကုဆေးတွေနဲ့ ယှဉ်ရင် ဘေးထွက်ဆိုးကျိုး ပိုများပါတယ်။

    Tricyclic နှင့်ဆက်စပ်ဆေးများ

    – သူတို့ဟာ tricyclic ဆေးများနဲ့ အလုပ်လုပ်ပုံတူပေမယ့် ဖွဲ့စည်းတည်ဆောက်ပုံ ကွဲပါတယ်။

    – တခြား စိတ်ကျရောဂါကုဆေးတွေနဲ့ ယှဉ်ရင် ဘေးထွက်ဆိုးကျိုး ပိုများပါတယ်။ ဒါပေမယ့် muscarinine ဓါတ်ကို ဆန့်ကျင်ရာမှာ tricyclic လောက် မဆိုးပါဘူး။

    MAOI အုပ်စုဝင်ဆေးများ

    – Phenelzine

    – Isocarboxazid

    – Moclobemide စတာတွေ ဖြစ်ပါတယ်။

    MAOI အုပ်စုဝင်ဆေးများအကြောင်း

    – ဒီဆေးများဟာ noradrenaline နဲ့ serotonin ဓါတ်တွေကို ဖျက်ဆီးတဲ့ အင်ဇိုင်းကို ဟန့်တားပေးတာကြောင့် အဲ့ဒီဓါတ်တွေကို ကိုယ်ခန္ဓါထဲမှာ ပိုပြီးကြာကြာရှိစေပါတယ်။

    – အစားအစာတချို့နဲ့ မတည့်တာကြောင့် MAOI ဆေးသောက်မယ်ဆိုရင် အစားစားတာ သတိပြုရပါမယ်။

    – ဒါကြောင့်မို့ တခြားဆေးတွေနဲ့ အဆင်မပြေမှ MAOI အုပ်စုဝင်ဆေးများကို ညွှန်တတ်ပါတယ်။

    – သူတို့ကို အထူးကုဆရာဝန်များကပဲ ညွှန်သင့်ပါတယ်။

    Tricyclic နဲ့ MAOI အုပ်စုဝင်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများကတော့

    – အိပ်ငိုက်ခြင်း

    – ကိုယ်အလေးချိန်တက်ခြင်း

    – အာခေါင်ခြောက်ခြင်း

    – ဝမ်းချုပ်ခြင်း

    – မူးဝေခြင်း

    – လိင်ကိစ္စဆိုင်ရာ ပြသနာရှိခြင်း စတာတွေဖြစ်ပါတယ်။

    ဒီဘေးထွက်ဆိုးကျိုးတွေကြောင့် ဆရာဝန်များဟာ စိတ်ကျရောဂါကုဆေးအသစ်များကိုပဲ ညွှန်းတတ်ကြပါတယ်။ တချို့လူနာတွေမှာ ဆေးအသစ်တွေဟာ အဟောင်းတွေလိုပဲ အလုပ်မဖြစ်ပါဘူး။ အညွှန်းအများဆုံးဆေးကတော့ SSRI အုပ်စုဝင် ဆေးအမျိုးအစားဖြစ်ပြီး

    – Fluoxetine

    – Paroxetine

    – Fluvoxamine

    – Sertraline

    – Citalopram စတာတွေ ပါဝင်ပါတယ်။

    SSRI အုပ်စုဝင်ဆေးအကြောင်း

    – သူတို့ကို ၁၉၈၀ နောက်ပိုင်းနှစ်တွေမှာ ထုတ်လုပ်ခဲ့ပြီး အသုံးပြုခဲ့တာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ ဖြစ်ပါတယ်။

    – သူတို့ဟာ serotonin ကို အာရုံကြောဆဲလ်တွေက ပြန်လည် ရယူခြင်းကို တားဆီးပြီး ဦးနှောက်ထဲမှာ ကြာကြာနေစေပါတယ်။

    – တခြားစိတ်ကျကုဆေးတွေထက်စာရင် SSRI အုပ်စုဆေးတွေဟာ ပြသနာသိပ်မရှိပါဘူး။

    – UK မှာ စိတ်ကျရောဂါကုဆေးအဖြစ် အများဆုံး ညွှန်းကြပါတယ်။

    SSRI ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ serotonin ဓါတ်ကို မြင့်တက်စေတာပါပဲ။ ဒီဆေးတွေဟာ သိပ်မဆိုးတဲ့ စိတ်ဓါတ်ကျခြင်းတွေအတွက် မထိရောက်တော့ဘူးဆိုရင် serotonin ထိန်းညှိခြင်းဟာ တိုက်ရိုက်မဟုတ်တဲ့ ကုသခြင်းပဲ ဖြစ်ပါလိမ့်မယ်။

    စိတ်ကျရောဂါကုဆေးတမျိုးဖြစ်တဲ့ venlafaxine ကို SNRI အုပ်စုအနေနဲ့ ဖော်ပြကြပါတယ်။ သူဟာ serotoninနဲ့ noradrenaline ကို မြင့်တက်စေပါတယ်။

    SNRI အကြောင်း

    – ၁၉၉၀ ကျော်ကာလမှာ ထုတ်လုပ်ခဲ့တာကြောင့် စိတ်ကျရောဂါကုဆေးတွေမှာ အမျိုးအစားသစ်လို့ ဆိုနိုင်ပါတယ်။

    – SSRI နဲ့ အလုပ်လုပ်ပုံတူပါတယ်။ သူက noradrenaline အတွက် ပိုပြီး အလုပ်လုပ်ပါတယ်။

    – သူတို့ဟာ ဦးနှောက်ဓါတ်ပစ္စည်းများကို ဦးတည်ရာ ရွေးချယ်ရာမှာ tricyclic တွေထက်ပိုပြီး ထိရောက်ပါတယ်။ ဒါကြောင့် မလိုတဲ့ဓါတ်ပစ္စည်းတွေကို မသက်ရောက်တော့ဘဲ ဘေးထွက်ဆိုးကျိုးလည်း နည်းစေပါတယ်။

    – တခါတရံ ဆိုးရွားတဲ့ စိတ်ကျခြင်းအပြင် စိတ်ပူပန်ခြင်းတွေအတွက်ပါ သုံးပါတယ်။

    မှတ်ချက်။ စိတ်ကျရောဂါကုဆေးတွေကို တခြားရောဂါတွေအတွက်လည်း သုံးပါတယ်။ ဥပမာ- tricyclic ဆေးများဟာ ထုံဆေးအာနိသင်မျိုး ရှိတာကြောင့် အာရုံကြောဒဏ်ရာကြောင့် ကြာရှည်စွာနာကျင်တဲ့ ဝေဒနာတွေအတွက် သုံးကြပါတယ်။ SSRI ဆေးကိုလည်း serotoninနဲ့ ပတ်သက်မှုရှိတဲ့ စိတ်ပူပန်တဲ့ ရောဂါတွေမှာ ပေးကြပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement