စိတ်ညစ်ရင် အပျင်းပြေရုပ်ရှင်ကြည့်ပြီး ကိုယ့်စိတ်ကိုယ် အနားပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 25, 2020
Share now

ခုလို Covid-19 ကပ်ဘေး ကာလမှာ အလုပ်ပြန်လုပ်နေရတဲ့ သူတွေလည်း ရှိသလို အိမ်မှာပဲ အရင်လို နေနေရသေးတဲ့ သူတွေလည်း အများကြီးပါပဲ။ ရောဂါပိုးကလည်း ရာနှုန်းပြည့် ထိန်းချုပ်ထားနိုင်ခြင်း မရှိသေး၊ ရောဂါပိုး ကုသနိုင်တဲ့၊ ကာကွယ်ပေးနိုင်တဲ့ ဆေးတွေကလည်း မထွက်သေးတဲ့ အချိန်မျိုးမှာ ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှုကြီးကလည်း အပူလုံး ကျနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ခုလိုကာလမျိုးမှာ ကိုယ့်စိတ်ကိုယ် ဒုက္ခဖြစ်ခံမယ့်အစား စိတ်ပြေလက်ပျောက် ဖြစ်စေမယ့် အရာတွေ ရှာလုပ်တာ အကောင်းဆုံးပါပဲ။

ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးနဲ့ သင့်လျော်မယ့် အရာတွေ၊ ဘဝနေထိုင်မှုပုံစံနဲ့ အကောင်းဆုံးဖြစ်စေမယ့်၊ အကျိုးရှိစေနိုင်လောက်မယ့် အရာတွေကို အဓိက လုပ်သင့်ပါတယ်။ ဥပမာ ခုလို ကပ်ဘေးကာလမျိုးမှာ ဘာသာစကား၊ လက်မှုပညာ စတဲ့ အတတ်ပညာတွေကို အွန်လိုင်းကနေ တစ်ဆင့် သင်ယူလေ့လာတာ၊ ယနေ့ရဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေ၊ ကျန်းမာရေးအခြေအနေတွေကို မျက်ခြေမပြတ်အောင် ကြည့်ရှုတာ၊ စာဖတ်တာ၊ ရုံးနဲ့ သက်ဆိုင်တဲ့ အလုပ်ကိစ္စတွေ အိမ်ကနေ လုပ်တာ၊ အိမ်အတွက် ထမင်းဟင်း ချက်ပြုတ်ပေးတာ၊ အိမ်သန့်ရှင်းရေးလုပ်တာ၊ ကလေးတွေကို စာသင်ပေးတာ အစရှိသဖြင့် အများကြီး လုပ်လို့ ရပါတယ်။ အဲ့လိုမျိုး တစ်နေ့တာ လုပ်စရာတွေ ပြီးသွားပြီဆိုရင်တော့ စိတ်ပြေလက်ပျောက် ဖြစ်စေဖို့ ရုပ်ရှင်ကြည့်တာမျိုး လုပ်ဖို့ အကြံပေးချင်ပါတယ်။

ရုပ်ရှင်တွေဆိုတာ ကျွန်တော်တို့ရဲ့ စိတ်အာရုံကို လွှဲပြောင်းပေးနိုင်တဲ့ အရာတွေထဲက တစ်ခုပါ။ ဘယ်လောက်ပဲ စိတ်ညစ်နေတဲ့ လူတစ်ယောက် ဖြစ်ပါစေ၊ ကိုယ် ကြိုက်တဲ့ ရုပ်ရှင်တွေကို ကြည့်နေတဲ့အချိန်လေးမှာ စိတ်ညစ်စရာတွေဆိုတာ အချိန်တစ်ခဏတာတော့ မေ့သွားတတ်ကြတာပါပဲ။ ဟာသရုပ်ရှင်တွေ ဆိုရင်လည်း ကြည့်ရတဲ့သူတိုင်း စိတ်ကို ပျော်ရွှင်စေတယ်။ ဟာသ သရုပ်ဖော်ပြကွက်တွေကို ကြည့်ရင်း လူဟာ ရယ်မောမိတဲ့အခါ ပျော်ရွှင်ခြင်း ဟော်မုန်းတွေကို ကိုယ်ခန္ဓာက ထုတ်ပေးတယ်။ ဒီဟော်မုန်းတွေက လူတွေရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ မကောင်းတဲ့ ခံစားချက်တွေ၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အတွေးလွန်ခြင်းတွေကို လျော့ကျစေတယ်။
ရုပ်ရှင်လို့ ဆိုရာမှာ ကိုယ်ကြိုက်တဲ့ ဘယ်ရုပ်ရှင်မဆို ကြည့်လို့ ရပါတယ်။ အဓိက စိတ်ညစ်ရင် ရုပ်ရှင်ကြည့်ဖို့ ပြောရတဲ့ ရည်ရွယ်ချက်ကတော့ အားနေတဲ့ အချိန်လေးမှာ ကိုယ့်ရဲ့ ပင်ပန်းနေတဲ့ စိတ်ကို အပန်းဖြေစေဖို့၊ အထီးကျန်နေတဲ့ ခံစားချက်ကို ပျောက်သွားစေဖို့၊ ရယ်မောနိုင်စေဖို့၊ အတွေးမလွန်စေဖို့၊ စိုးရိမ်ပူပန်တာမျိုး မဖြစ်စေဖို့ပါပဲ။

ကိုယ့်ဘာသာ အခန်းထဲမှာလည်း ကြည့်လို့ရသလို မိသားစုနဲ့ အတူ ရုပ်ရှင်ကြည့်ရင်း ရယ်မောပျော်ရွှင်စွာနဲ့ အတူတကွ အချိန်ကုန်ဆုံးစေခြင်းဟာလည်း ကိုယ်နဲ့ ကိုယ့်မိသားစုကြားမှာ ရှိနေတဲ့ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာကို တိုးစေသလို စကားလည်း ပိုပြောစေတဲ့အတွက် အရမ်းကြီးတော့ အထီးကျန်သလို ဖြစ်မိမှာတော့ မဟုတ်ပါဘူး။

ဒီနေရာမှာ စိတ်ပြေလက်ပျောက်လို့ ရုပ်ရှင်ကြည့်ပါလို့ ပြောရခြင်းက ရုပ်ရှင်တစ်ခုတည်း တစ်နေ့လုံး ထိုင်ကြည့်ပြီး ကိုယ်လုပ်စရာရှိတာ လုပ်ဖို့ မေ့နေတာမျိုး မဖြစ်စေချင်လို့ပါ။ ခါတိုင်းအချိန်တွေထက် အားလပ်ချိန် ပိုလျှံထွက်နေတဲ့အခါ ကိုယ့်အတွက် အကျိုးရှိစေမယ့် အရာတွေထက် ကိုယ့်စိတ်ကို ပျော်ရွှင်စေနိုင်မယ့် အရာတွေ ရွေးလုပ်တာတော့ အကောင်းဆုံးပဲပေါ့ဗျာ။

သတိထားဖို့ကတော့ အချိန် အကြာကြီး တစ်နေရာထဲမှာ ထိုင်ကာ ရုပ်ရှင်ကြည့်တာမျိုး၊ ညမအိပ်ဘဲ ရုပ်ရှင်ကြည့်တာမျိုး မလုပ်ဖို့တော့ လိုမယ်နော်။ ကိုယ် လုပ်စရာ ရှိတာလုပ်၊ အားလပ်ချိန်မှာ ရုပ်ရှင်ကြည့်၊ ဗိုက်ဆာရင် အာဟာရပြည့်ဝစေလောက်မယ့် အစာအာဟာရတွေကို သေချာ စားသုံး၊ မိသားစု စကားဝိုင်းလေး ဖွဲ့ပြီး စကားလက်ဆုံကျ၊ ညကိုလည်း စောစောအိပ်၊ အိပ်ချိန်လေး ပြည့်ဝအောင် အိပ်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘာကြောင့် ငယ်ရွယ်လွန်းတဲ့ ကလေးတွေကို Mask ပေးမတပ်သင့်တာလဲ

COVID-19၊ ကလေး၊ ဆော့ကစား၊ အမွှေးဆပ်ပြာမျိုးထက်၊ ကိုယ်အပူချိန်၊ ဖျားနာနေသူ၊ ချောင်းဆိုးနေသူ၊ နှာချေနေသူ၊ မွေးကင်းစကလေး၊ ကာကွယ်ဆေး၊ Mask

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

တစ်နေ့တာမှာ ကော်ဖီသောက်လို့ အကောင်းဆုံးအချိန်

ကော်ဖီ အချိန် နေ့စဉ် ကျန်းမာရေး အခါးဓာတ် ဓာတ်မတည့် သွေးအားနည်း ဆီးချို ရင်တုန် အိပ်ချိန် အားကစား စိတ်ဓာတ် ဟော်မုန်း ဦးနှောက် မနက်ခင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ကလေးမှာ ဖြစ်တဲ့ COVID-19 နဲ့ Kawasaki ရောဂါ

Kawasaki COVID-19 ကိုဗစ် ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ ကိုယ်တွင်းရောင်ရမ်း ကလေးနဲ့COVID-19 အဖျားကြီး MIS-C SARS-CoV-2 အသက်အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

COVID-19နဲ့ Hydroxychloroquine အရှုပ်တော်ပုံ

hydroxychloroquine COVID-19 ကိုဗစ်ရောဂါ ကပ်ရောဂါ ကိုဗစ်ကာကွယ်ဆေး ကိုဗစ်ကုသဆေး ကိုဗစ်ကာကွယ်နည်း ဆေးစမ်းသပ်ချက် WHO သေနှုန်း နှလုံးခုန်မမှန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

လောင်းကစားစွဲလမ်းခြင်းဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာပါ

လောင်းကစားစွဲလမ်းခြင်းဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
ပုံရိပ်ဖော်နည်းပညာများကို COVID-19 ရောဂါရှာဖွေရေးတွင်အသုံးပြုခြင်း

ပုံရိပ်ဖော်နည်းပညာများကို COVID-19 ရောဂါရှာဖွေရေးတွင်အသုံးပြုခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
ကျန်းမာရေးအသိပညာ ကြွယ်ဝသူတစ်ယောက် ဖြစ်လာဖို့

ကျန်းမာရေးအသိပညာ ကြွယ်ဝသူတစ်ယောက် ဖြစ်လာဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020

စိန်ခေါ်မှုအသစ်ဖြစ်လာတဲ့ ကိုဗစ်ကာလ အဝလွန်ခြင်းပြဿနာ Quarantine 15

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020