Immune thrombocytopenia (ITP) ကြောက်စရာကောင်းတဲ့ သွေးရောဂါတစ်မျိုး ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 28, 2019 . 2 mins read
Share now

ကိုယ့်ပတ်ဝန်းကျင်မှာ ဘာမှ ကြီးကြီးမားမား ပြင်းပြင်းထန်ထန် မထိခိုက်ဘဲ သွေးခြည်ဥ သွေးထွက်သံယိုဖြစ်တဲ့ လူတွေကို တွေ့ဖူးကြမှာပါ။ အရင်ဆောင်းပါးတွေဖြစ်တဲ့ thrombocytopenia အကြောင်း ဖတ်ဖူးကြမှာပါ။ အဲဒီ ရောဂါလိုပဲ Immune thrombocytopenia (ITP ) ဆိုတာ သွေးဆဲလ်တစ်မျိုးဖြစ်တဲ့ platelets ( သွေးခဲ သွေးဆဲလ်) လေး ပုံမှန်ရှိသင့်တာထက်ပိုနည်းနေလို့ပါ။ ပုံမှန်ရှိသင့်သလောက်မရှိဘဲ ဘာလို့နည်းနေရတာလဲ ဒီ ပြဿနာရဲ့ လက္ခဏာက ဘာတွေလဲဆိုတာ ဒီဆောင်းပါးထဲမှာ ပြောပြပေးတော့မှာပါ။ ဖြစ်တဲ့သူလည်း မရှားတဲ့အတွက် သိထားတော့ မမှားဘူးပေါ့။

ဒါဆို ဒီ Immune thrombocytopenia (ITP ) ပြဿနာ ဘာ့ကြောင့်ဖြစ်ရတာလဲ။

Immune ( ခုခံအားစနစ်) ကြောင့်ဖြစ်ရတာဆိုတော့ ပြောရမယ်ဆို ပြင်ပအကြောင်းအရာတစ်ခုခုကြောင့်ဖြစ်တာကထက် ကိုယ်တွင်းခုခံအားကို သွေးဆဲလ် (platelets ) ကို မှားတိုက်မိနေတာကြောင့် သွေးခဲမှာ မခဲတော့ဘဲ သွေးတွေယို သွေးခြည်တွေဥတာ ဖြစ်တာပိုများပါတယ်။ ITP ပြဿနာဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေကတော့

အရွယ်ရောက်ပြီးတဲ့သူတွေမှာဆို
ခုခံအားကျဆင်းမှု ကူးစက်ရောဂါရှိနေတဲ့သူတွေ
အသည်းရောင်ပြဿနာရှိနေတဲ့သူတွေ
• H. pylori ဘက်တီးရီးယားကြောင့် အစာအိမ်အနာဖြစ်နေတဲ့သူတွေက ITP ဝေဒနာပိုခံစားရနိုင်ပါတယ်။
• ငယ်ရွယ်တဲ့ မိန်းကလေးတွေက ပိုခံစားရနိုင်ပြီး
အဆစ်အမြစ်ရောင် လေးဘက်နာရောဂါ၊ lupus ရောဂါနဲ့ antiphospholipid syndrome ဝေဒနာခံစားနေရတဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။

ကလေးငယ်လေးတွေမှာဆို
ပကျိတ်ရောင်ရောဂါနဲ့ တုပ်ကွေးမိပြီးစ အချိန်တွေမှာ ဒီလို ITP ပြဿနာ ပိုတွေ့ရတတ်ပါတယ်။

ITP ရဲ့ လက္ခဏာတွေက ရော ဘာများလဲ။

ကလေးမှာလည်းဖြစ်နိုင် လူကြီးတွေမှာလဲ ဖြစ်နိုင်တယ်ဆိုတော့ ကိုယ့်ဆီမှာများ ဒီလို လက္ခဏာတွေရှိနေလားသိရအောင် ITP ရဲ့ လက္ခဏာတွေကို ပြောပြပေးချင်ပါတယ်။
• ပြင်းပြင်းထန်ထန်ထိခိုက်ထားတာမျိုး မရှိဘဲနဲ့ သွေးခြည်ဥတာ သွေးယိုစိမ့်တာတွေဖြစ်တာ
• Petechiae လို့ခေါ်တဲ့ ခြင်ကိုက်သလို အနီစက်လေးတွေ အရေပြားမှာ ပေါ်နေတာ ( ဖိလိုက်ရင် ရဲနေတာပျောက်မသွား) ခြင်ကိုက်တာက ဖိလိုက်ရင် ခဏ ပျောက်သွားတယ်
သွားဖုံးသွေးတွေယိုတာ၊ နှာခေါင်းသွေးလျှံတာ
• ဆီးနဲ့ ဝမ်းတွေမှာ သွေးစတွေပါနေတာ နဲ့
ဓမ္မတာ လာချိန် သွေးဆင်းများတာတွေပဲ ဖြစ်ပါတယ်။

ဘယ်လို အခြေအနေမျိုးက စိုးရိမ်ရလဲ။

• ITP နောက်ပိုင်းပြင်းထန်လာတဲ့ အခါမျိုးမှာတော့ ဦးနှောက်တွင်းသွေးယိုတာတဲ့ ပြဿနာ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ဒါက ဖြစ်တောင့်ဖြစ်ခဲတဲ့ အရာတစ်ခုပါ။
• နောက် ဒီ ရောဂါကို သတိထားရမယ့် လူတွေကတော့ကိုယ်ဝန်ဆောင်တွေပဲ ဖြစ်ပါတယ်။ ဒီပြဿနာရှိနေတယ်ဆိုတာ မသိဘဲ ခွဲစိတ်မှု လုပ်မယ် ရိုးရိုးမီးဖွားဖို့လုပ်မယ်ဆိုရင် မီးဖွားပြီးနောက်ပိုင်း သွေးသွန်တာ သွေးမတိတ်တဲ့ ပြဿနာတွေ ဆက်ဖြစ်နိုင်ပါတယ်။
ဒီတော့ ကိုယ့်ဆီမှာ သွေးယိုတတ်တာတွေ၊ သွေးခြည်ခဏခဏ ဥနေတာမျိုးတွေဖြစ်ခဲ့ရင် မပေါ့ဆဘ ဲဆေးခန်းသွားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ခံယူဖို့တော့လိုလိမ့်မယ်နော်။

ကဲဒီတော့ ITP ကို ဘယ်လို ကုသကြသလဲ။

ဆေးဝါးဆိုင်ရာကုသမှု

Steroids သောက်ဆေး – platelets သွေးဆဲလ်တွေကိုထိန်းထားဖို့ ဆရာဝန်က prednisone လို့ခေါ်တဲ့ သောက်ဆေးတွေ ပေးမှာဖြစ်ပြီး စိတ်ချရတဲ့ အခြေအနေတစ်ခုရောက်ရင်တော့ အဲဒီ စတီးရွိုက်သောက်ဆေးတွေကို တဖြည်းဖြည်း ပြန်လျှော့သွားဖို့လိုပါတယ်။
• Immune globulin – စတီးရွိုက်ဆေးတွေနဲ့ ထိန်းလို့မရတော့ဘူးဆိုရင် Immune globulin လို့ခေါ်တဲ့ အရေးပေါ် သွေးဆဲလ်တိုးပွားဆေးတွေ ထိုးသွင်းရတတ်ပါတယ်။
• နောက်ပြီး ရိုးတွင်းခြင်ဆီကနေ သွေးဆဲလ်တွေပိုထွက်အောင် အားပေးတဲ့ ဆေးတွေလည်း သောက်ဖို့လိုပါလိမ့်မယ်။
• သွေးဆဲလ်တွေ ခုခံအားကြောင့် ပျက်စီးရတာဆိုတော့ ခုခံအားကို လျော့သွားစေမယ့် ဆေးတွေလည်း သောက်ပေးရတတ်ပါတယ်။

ခွဲစိတ်ကုသမှု

အပေါ်မှာပြောခဲ့တဲ့ သောက်ဆေးတွေနဲ့ ထိန်းလို့မရတော့ဘူးဆိုရင် နောက်ဆုံးအဆင့်အနေနဲ့ splenectomy လို့ခေါ်တဲ့ သွေးဆဲလ်တွေကို ဒိုင်ခံထိုင်ဖျက်နေတဲ့ သရက်ရွက်ကြီးကို အပြီးတိုင် ထုတ်လိုက်တာပါပဲ။ ဒီနည်းလုပ်လိုက်တာကြောင့် သွေးဆဲလ်တွေ မြန်မြန်ပြန်တက်လာတယ်ဆိုပေမယ့် တစ်ဘက်မှာလည်း သရက်ရွက်မရှိတော့တာကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်းများပါသေးတယ်။ ဒီတော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဖြစ်နေတဲ့ ပြဿနာရယ် နောက်ဖြစ်လာမယ့် ဆိုးကျိုးတွေရယ်ကို သေချာချိန်ဆပြီးမှာ ကုသမှုတွေ လုပ်ဖို့ မှာလိုက်ပါရစေ ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မွေးကင်းစကလေးငယ်များ အသားဝါ ခြင်းနဲ့ ပတ်သတ်တဲ့သိကောင်းစရာများ။

အသားဝါ မွေးကင်းစကလေးငယ် ဉာဏ်ရည်ချို့တဲ့ jaundice ဇီဝကမ္မဖြစ်စဉ် သွေးနီဥ သွေးအုပ်စုမတည့် G6PD သည်းခြေပြွန်ရောင် အသည်းရောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ငှက်ပျောသီး တစ်နေ့ နှစ်လုံးစားတဲ့အခါ ဘာတွေဖြစ်မလဲ

ငှက်ပျောသီး၊ သစ်သီး၊ ချိုမြိန်တဲ့အရသာ၊ ရာသီမလာခင်၊ သွေးအားနည်းရောဂါ၊ နာကျင်ကိုက်ခဲမှု၊ ပိုတက်စီယမ်ဓာတ်၊ အစာအိမ်အနာ၊ ဝမ်းချုပ်ခြင်း၊ အမျှင်ဓါတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင်က သွေးအားနည်း တတ်သူလား

သွေးအားနည်း သွေးနီဥ သွေးယို ရိုးတွင်းခြင်ဆီ aplastic anaemia သံဓာတ်ချို့တဲ့ hemolytic anaemia ဘေလုံးကြီး သာလာဆီးမီးယား ခဲဆိပ်သင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
anemia, ကျန်းမာရေးစင်တာ ဧပြီ 23, 2020 . 2 mins read

သင် သွေး တစ်ခါလှူရင် လူ ဘယ်နှယောက်ကို ကယ်နိုင်မလဲ။

သွေး သွေးနီဥ သွေးဥမွှား သွေးရည်ကြည် သွေးတိတ် သွေးဆဲလ် သာလာဆီးမီးယား ပဋိဇီဝပစ္စည်း အညိုအမည်း နှာခေါင်းသွေးလျှံ သွားဖုံးသွေးယို

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အစာအိမ်အနာဖြစ်သူများအတွက် စားသောက်မှုပုံစံ

အစာအိမ်အနာဖြစ်သူများအတွက် စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 23, 2020 . 2 mins read
သွေးကျဲဆေးသောက်နေရသူတွေ ဂရုစိုက်သင့်တဲ့ နေထိုင်မှုပုံစံ

သွေးကျဲဆေးသောက်နေရသူတွေ ဂရုစိုက်သင့်တဲ့ နေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2020 . 2 mins read
အစာခြေလမ်းကြောင်း တွင် ဖြစ်တတ်သော အနာများနှင့် ဘယ်လိုကာကွယ်ကြမလဲ။

အစာခြေလမ်းကြောင်း တွင် ဖြစ်တတ်သော အနာများနှင့် ဘယ်လိုကာကွယ်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 20, 2020 . 2 mins read
ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေက ဘာကြောင့်မကောင်းတာလဲ

ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေက ဘာကြောင့်မကောင်းတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် မေ 18, 2020 . 2 mins read