ဦးနှောက်ဖွံ့ဖြိုးအောင် ဗီဒီယိုဂိမ်းဆော့ပါ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဗီဒီယိုဂိမ်းတွေဟာ လူကြိုက်အများဆုံး ဖျော်ဖြေရေးနည်းလမ်းတွေထဲက တခုအဖြစ် လူသိများပါတယ်။ ကမ္ဘာတစ်လွှားက ဗီဒီယိုဂိမ်းဝါသနာရှင်တွေဟာ တပတ်ကို နာရီပေါင်း ၃ ဘီလီယံကျော်လောက်အထိ သူတို့ရဲ့  အချိန်တွေကို ဗီဒီယိုဂိမ်းတွေနဲ့  အသုံးချအပန်းဖြေနေကြပါတယ်။

စာရင်းဇယား လေ့လာချက်တွေအရ အမေရိကန်တနိုင်ငံတည်းမှာတင် လူဦးရေ သန်း ၁၅၀ လောက်က ဗီဒီယိုဂိမ်းဆော့ကြပါတယ်။ ဒါက သူတို့တိုင်းပြည် လူဦးရေရဲ့ ၄၇% နီးပါးပမာဏဖြစ်ပါတယ်။ သူတို့ဟာ တစ်ရက်မှာ ဂိမ်းဆော့ချိန် ၃ နာရီခန့် ပျမ်းမျှဆော့ကြပါတယ်တဲ့။ ပျမ်းမျှအသက်ကတော့ ၃၅ နှစ်ဖြစ်ပါတယ်။ ၇၂% သော ဂိမ်းဆော့သူတွေဟာ အသက် ၁၈  နှစ်နဲ့အထက် လူငယ်တွေဖြစ်ကြပါတယ်။ ၇၁% လောက်က ကလေးတွေဖြစ်ပြီးတော့ ၂၉% ကတော့ မိဘတွေကိုယ်တိုင်ဖြစ်ပါတယ်။ ဆိုလိုချင်တာက  ဗီဒီယိုဂိမ်းတွေဟာ ကလေးတွေနဲ့ လူငယ်တွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်း ပိုများတယ်ဆိုတဲ့ သဘောပါ။

ဖျော်ဖြေရေးနည်းစနစ်တွေရဲ့ ထုံးစံအတိုင်း အလွန်အကျွံအသုံးချမှုတွေရှိလာတာမို့ သိပ္ပံပညာရှင်တွေက ဘေးထွက်ဆိုးကျိုးတွေကို စနစ်တကျ လေ့လာသုတေသနပြုတာမျိုးတွေ ပြုလုပ်ခဲ့ကြပါတယ်။ အထူးသဖြင့် ဗီဒီယိုဂိမ်းတွေဟာ ဦးနှောက်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲဆိုတာမျိုးပေါ့။ လေ့လာချက်တွေအရ ဗီဒီယိုဂိမ်းတွေကနေ လူ့ဦးနှောက်ကို သိသိသာသာ အကျိုးပြုတယ်ဆိုတာကို သိနားလည်လာရပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေလဲဆိုတာကို လေ့လာကြည့်ရအောင်။

ဗီဒီယိုဂိမ်းတွေကို အလွန်အကျွံသဘောမဆောင်ပဲ ပုံမှန်တကျနဲ့ စည်းနဲ့ဘောင်နဲ့ ဆော့ကစားမယ်ဆိုရင် …

  • ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးပါတယ်။
  • ဖြတ်တိုးဉာဏ် အသုံးချနိုင်စွမ်းကိုလည်း တိုးမြှင့်ပေးပါတယ်။
  • ပင်ကိုယ်အရည်အသွေးနဲ့ အာရုံစူးစိုက်နိုင်စွမ်းတွေကိုလည်း တိုးတက်စေပါတယ်။
  • ဗီဒီယိုဂိမ်းတွေကို နည်းမှန်လမ်းမှန်ဆော့မယ်ဆိုရင် စိတ်ကျေနပ်နှစ်သိမ့်မှုကို ခံစားရစေနိုင်တာမို့ ဘဝနေထိုင်မှုနည်းလမ်းကောင်းတစ်မျိုးလို့လည်းဆိုပါတယ်။
  • အထူးသဖြင့် ဗီဒီယိုဂိမ်းတွေဟာ Brain-training Apps တွေလိုပါပဲ အသိအမြင်မူမမှန်တဲ့ရောဂါနဲ့ မှတ်ဉာဏ်ပျောက်ဆုံးတဲ့ရောဂါတွေကို ကုသရာမှာ အထူးအသုံးဝင်ပါတယ်။
  • သက်ကြီးရွယ်အိုတွေနဲ့သက်ဆိုင်တဲ့ မှတ်ဉာဏ်ဆိုင်ရာရောဂါတွေကို ဗီဒီယိုဂိမ်းနဲ့ ကုသနိုင်ပါတယ်။
  • Brain-training ဂိမ်းတွေကစားတာဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကို အကြီးအကျယ်အထောက်အကူပြုစေပြီး သက်ကြီးရွယ်အိုတွေကို စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေရရှိမှုတွေကို လျှော့ချပေးပါတယ်။

ဒါကြောင့်လည်း နိုင်ငံတကာမှာ ဗီဒီယိုဂိမ်းကို လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် သတ်မှတ်ထားသလို လူကြီးတွေနဲ့ ကလေးသူငယ်တွေအတွက် ဦးနှောက်နဲ့ မှတ်ဉာဏ်ဖွံ့ဖြိုးရေး Tool တစ်ခုအဖြစ် အသုံးချနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း ဗီဒီယိုဂိမ်းတွေဟာ အကြမ်းဖက်လိုစိတ်နဲ့ စိတ်ကျန်းမာရေးအန္တရာယ်တွေဖြစ်စေနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိထားပါတယ်။ ခုနောက်ပိုင်း သုတေသန စစ်တမ်းတွေအရဆိုရင်တော့ အဆိုပါအမူအကျင့်တွေဟာ ဗီဒီယိုဂိမ်းတွေနဲ့ တိုက်ရိုက်မသက်ဆိုင်ပဲ မိသားစု ပတ်ဝန်းကျင် နောက်ကြောင်းအခြေအနေတွေနဲ့ ပိုမိုသက်ဆိုင်လေ့ရှိကြောင်း သိလာရပြီဖြစ်ပါတယ်။

တစ်ခုရှိတာက ဗီဒီယိုဂိမ်းတွေဟာ ဦးနှောက်နဲ့ မှတ်ဉာဏ်ကို ကောင်းကျိုးတွေပေးနိုင်သလို တစ်ခြားတစ်ဖက်မှာလည်း အလွန်အကျူးဆော့ကစားမှုတွေကြောင့် ဘေးထွက်ဆိုးကျိုးတစ်ချို့ကြုံရနိုင်တာကို သတိမူဖို့ လိုအပ်ပါတယ်။ တစ်ချို့သော လေ့လာသုတေသနပြုချက်တွေအရ ဗီဒီယိုဂိမ်းတွေကို အလွန်အကျွံဆော့ကစားခြင်းဟာ ဦးနှောက်လုပ်ဆောင်ချက်တွေနဲ့ အလေ့အထတွေကို ပြောင်းလဲစေတယ်လို့လည်း ဆိုထားတာကြောင့်ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဇန်နဝါရီ 14, 2020 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 20, 2020

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။