အရက်သောက်ချင်ပေမယ့် အရက်နာကျတာတော့ မကြိုက်ဘူးဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 5, 2020 . 2 mins read
Share now

ဒီဘက်ခေတ်ကြီးထဲမှာ အရက်ကို မသောက်ဖူးတဲ့သူဆိုတာ သိပ်ကိုရှားသွားပါပြီ။ လူငယ်တွေ အထူးသဖြင့် ယောက်ျားလေးတွေ အပေါင်းအသင်းတွေ စုံလာတဲ့အချိန်ဆိုရင် အရက်က ဝိုင်းကို ပိုအသက်ဝင်လာစေတဲ့ ဆေးတစ်ခွက်လို့လည်း ဆိုနိုင်ပါတယ်။ မိန်းကလေးတွေဆိုရင်လည်း နောက်ပိုင်းမှာ အရက်ကို အရင်ကထက် ပိုသောက်လာကြတာ တွေ့ရတယ်။ လူကြီးတွေဆိုရင်လည်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ၊ လုပ်ငန်းရှင်ပါတနာတွေနဲ့ တွေ့ရတဲ့အခါမျိုးမှာ အများကြီးမဟုတ်တောင် တစ်ခွက်လောက်တော့ မော့ကြတာပါပဲ။

အရက်နာကျခြင်း

အရက်သောက်ပြီးတဲ့အခါ အများစုဖြစ်တတ်တဲ့ ပြဿနာကတော့ အရက်နာကျတာပါပဲ။ အရက်နာကျတယ်ဆိုတာ အလွယ်ပြောရမယ်ဆိုရင် အရက်ထဲမှာ ပါတဲ့ ဓာတုဗေဒပစ္စည်းတွေ၊ အက်ဆစ်ဓာတ်တွေဟာ ကိုယ်ခန္ဓာထဲမှာ အဆိပ်အတောက်အဖြစ် ကပ်ကျန်ခဲ့ပြီး ခန္ဓာကိုယ်က ဒီအဆိပ်အတောက်ကို တုံ့ပြန်မိတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ခုပါ။

အရက်နာကျတဲ့ လက္ခဏာတွေက ဘာတွေလဲ။

• မောပန်းတာ၊ အားနည်းတာ
• ရေအလွန်ငတ်တာ၊ ပါးစပ်ခြောက်တာ
ခေါင်းမူး၊ ခေါင်းကိုက်တာ၊ ကိုယ်လက် ကြွက်သား ကိုက်ခဲတာ
• မူးဝေတာ၊ အန်တာ၊ ဝမ်းဗိုက်က နာကျင်တာ
အိပ်ရေးမဝသလို ခံစားရတာ
• အလင်းစူးမခံနိုင်တာ၊ အသံကျယ်ကြားရင် နားမခံနိုင်တာ
• အခန်းကလည်နေသလို ခေါင်းထဲ မူးဝေနေတာ
• ခြေလက် တုန်တာ
• အာရုံမစူးစိုက်နိုင်တာ
• စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်တာ
နှလုံးခုန်မြန်တာ စတဲ့ လက္ခဏာတွေ အတွေ့များတယ်။

များသောအားဖြင့် ဒီလက္ခဏာတွေကို အရက်သောက်ပြီး တရေးတမောအိပ်ပြီးလို့ မနက်နိုးထလာတဲ့အခါမှသာ ခံစားရတာဖြစ်ပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်ထဲမှာ အရက်ထဲက အယ်လ်ကိုဟောအဆိပ်တွေ တော်တော်များများ ကျန်ရစ်နေခဲ့တာကြောင့် အရက်နာကျတဲ့ လက္ခဏာတွေ ဖြစ်လာရတာပါ။

အရက်နာမကျအောင် အရက်ကို ဘယ်လိုသောက်လို့ရလဲ။

ဒီနည်းလမ်းတွေက တစ်ခါတလေ အရက်သောက်ပြီးလို့ နောက်နေ့မှာ အရက်နာကျတဲ့ လက္ခဏာတွေ ဖြစ်မလာစေအောင်၊ ပေါ်လာခဲ့ရင်လည်း ခံစားရတဲ့ ဝေဒနာကို အမြန်ဆုံး သက်သာစေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ အရက်သောက်တဲ့ အကြိမ်တိုင်းတော့ အရက်နာမကျအောင် လုပ်လို့ မရပါဘူး။

၁။ ဗိုက်ဟောင်းလောင်းနဲ့ ဘယ်တော့မှ မသောက်ပါနဲ့။

ဘီယာပဲဖြစ်ဖြစ်၊ အရက်ပဲဖြစ်ဖြစ် ကိုယ်က ဒီည သောက်တော့မယ်ဆိုတဲ့ အစီအစဉ်ရှိရင် အနည်းဆုံး ၂နာရီလောက်ကြိုတင်ပြီး ဗိုက်ကိုပြည့်နေအောင် စားထားပါ။ ကစီဓာတ်၊ အသားဓာတ်များတဲ့ အစားအစာတွေ၊ အဆီအစိမ့်တွေကို ကြိုပြီး စားပေးထားနိုင်ရင် ပိုကောင်းပါတယ်။

၂။ အဆီအစိမ့်များများစားပါ။

အဆီများတဲ့ အစားအစာတွေ၊ အကြော်တွေ၊ အကင်တွေဟာ ခန္ဓာကိုယ်က အရက်ကိုစုပ်ယူအား နှေးစေလို့ တော်ရုံနဲ့လည်း မမူးနိုင်တဲ့အပြင် မနက်မှာလည်း အရက်နာကျနိုင်ခြေ လျော့နည်းစေပါတယ်။ ကစီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားပေးလို့လည်း ဖြစ်ပါတယ်။

၃။ ရေသောက်ပါ။

အရက်ချည်းပဲ ဒိုင်ခံမော့တတ်တဲ့ အကျင့်ဟာ မနက်ခင်းမှာ အရက်နာကျတဲ့ ဝေဒနာကို ကောင်းကောင်းကြီးခံရမှာပါ။ အရက်လေး တစ်ခွက် သောက်လိုက်၊ အမြည်းလေး နည်းနည်းစားလိုက်၊ ရေလေး တစ်ငုံလောက် သောက်လိုက် လုပ်ပေးတာက ပိုကောင်းပါတယ်။ ဒါ့အပြင် အရက်ကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုလည်း ပြန်ဖြည့်ပေးနိုင်လို့ မနက်နိုးတဲ့အခါမှာ ပုံမှန်လောက် အာခေါင်ခြောက်နေတော့မှာ မဟုတ်ပါဘူး။

၄။ ဆေးလိပ်လျှော့သောက်ပါ။

ဆေးလိပ်တွေ အလွန်အကျွံသောက်တဲ့အခါမှာ အရက်နာကျတာ ပိုပြီးဖြစ်နိုင်သလို ခံစားရတဲ့ ဝေဒနာလည်း ပိုပြီးပြင်းထန်တာကို တွေ့ရပါတယ်။ ဒါကြောင့် မဖြစ်မနေသောက်မယ်ဆိုလည်း တစ်လိပ်လောက်ပဲ သောက်ပါ။

၅။ အချဉ်တစ်ခုခု စားပေးပါ။

တတ်နိုင်ရင် အရက်သောက်နေတဲ့အချိန်အတွင်း ချဉ်တဲ့ အသီးအနှံတစ်ခုခု ဒါမှမဟုတ် အချဉ်အရသာရှိတဲ့ အအေးကိုပါ တွဲပြီး သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ အချဉ်ဓာတ်ဟာ သွေးလည်ပတ်စီးဆင်းနှုန်းကိုလည်း ကောင်းမွန်စေသလို ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုပါ အပြင်ကို ထွက်လာစေအောင် ကူညီပေးနိုင်ပါတယ်။

နောက်ထပ် ဘာတွေလုပ်ပေးဖို့ လိုဦးမလဲ။

၁။ တတ်နိုင်သလောက် တန်ဆေး၊ လွန်ဘေးအနေနဲ့ အရက်ကို သင့်တော်ရုံသာသောက်ပါ။

၂။ ညတိုင်း အရက်သောက်တာမျိုးကို ရှောင်ပေးပါ။

၃။ အရက်သောက်ပြီးသွားရင် အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။ ပုံမှန်အိပ်နေကျ အိပ်ချိန် ပိုအိပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

၄။ အစာစားချင်စိတ်မရှိရင်၊ အန်ချင်သလို ဖြစ်နေရင်လည်း မနက်စာကို အလွတ်မခံပါနဲ့။

၅။ အစာစားတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ အစာကြေလွယ်စေမယ့် အရာတွေကို အဓိကစားပေးပါ။

၆။ ရေကို များများသောက်ပြီး ဆီးများများသွားပေးပါ။ ဒါမှ ကိုယ်သောက်ခဲ့တဲ့ အရက်ထဲက အဆိပ်အတောက်တွေကို ဆီးအဖြစ်နဲ့ အပြင်ကို စွန့်ထုတ်ပေးနိုင်မှာပါ။

၇။ လေ့ကျင့်ခန်း အပြင်းအထန်မလုပ်နိုင်ရင်တောင် ပေါ့ပေါ့ပါးပါး ကိုယ်လက်လေ့ကျင့်ခန်းမျိုးတော့ လုပ်ပေးပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

နာတာရှည်လေပြွန်ကျဉ်းရောဂါ ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းရင်းကတော့ ဆေးလိပ်သောက်တာ၊ လေထုညစ်ညမ်းတာနဲ့ Alpha-1 antitrypsinချို့တဲ့တာပဲ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ညဘက်ကောင်းကောင်း အိပ်ပျော် စေဖို့ ဒီအချက်တွေလိုက်နာစို့

ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ဖို့၊ အိပ်ရေးဝဖို့ အရေးကြီးပါတယ်။ အိပ်ရေးပျက်ရင် စိတ်မကြည်လင်ဘဲ ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ကိုဗစ်ဆေးရုံကြီးများသို့ ဆေးလိပ်နဲ့ အရက်ယူဆောင်လာခွင့်မပြုပါ။ ခိုးဝှက်ပြီးလည်း မယူလာရပါ။ အောက်ဆီဂျင်ပိုက်လိုင်းများရှိသည့်အတွက် အလွယ်တကူမီးလောင်နိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 21, 2020 . 3 mins read

COVID ကာလ အိပ်မပျော်တာ ဟော်မုန်းတစ်ခုခုဖောက်ပြန်နေလို့များလား

အိပ်မပျော်တာ ဟော်မုန်းကြောင့် ဖြစ်နိုင်သလို အိပ်ရေးပျက်ရင်လည်း ဟော်မုန်းတွေ ကမောက်ကမ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဖို့ အရေးကြီးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 16, 2020 . 3 mins read

သင့်အတွက် ရွေးချယ်ထားသည်

အရောင်တွေနဲ့ ခံစားချက်များ

အရောင်တွေနဲ့ ခံစားချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 3 mins read
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 13, 2020 . 3 mins read

သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 3 mins read

စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read