အပူအပုပ်များလို့ ဝမ်းချုပ်တာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ဝမ်းချုပ်စေတဲ့အကြောင်းရင်းတွေမှာ စားသုံးတဲ့အစားအစာတွေထဲမှာ အပူအပုပ်များတာ၊အမျှင်ဓါတ်အားနည်းတာ၊ ဝမ်းသွားချင်နေချိန်မှာ အောင့်ထားလိုက်တာ၊ ရေအလုံအလောက် မသောက်တာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးတာတို့ကိုပဲ လူသိများကြပါတယ်။
ဒါပေမဲ့ ကိုယ်သောက်သုံးနေရတဲ့ ဆေးဝါးတွေ၊ အားဆေးတွေကြောင့်လိုမျိုး လူသိနည်းတဲ့ တခြားအကြောင်းရင်းတွေရှိနေသလို ဒါမှမဟုတ် ပြင်းထန်တဲ့ရောဂါတွေဖြစ်လာနိုင်တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ အဲသည်အကြောင်းရင်းတွေကတော့-

အူရောဂါ
အူရောဂါ (IBD)မှာ Crohn’s Disease နဲ့ ulcerative colitis ဆိုပြီး နာတာရှည်ရောဂါ အမျိုးအစားနှစ်ခုရှိပါတယ်။ နှစ်မျိုးစလုံးဟာ ကြွက်တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးဝမ်းသွားခြင်းနဲ့ တခြား ကျန်းမာရေးပြဿနာ တွေဖြစ်စေနိုင်ပါတယ်။

လည်ပင်းကြီးရောဂါ
လည်ပင်းကြီးရောဂါကြောင့် ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကိုနှေးကွေးစေနိုင်ပါတယ်။ ဒါပေမဲ့ သည်ရောဂါရှိသူတိုင်း ဝမ်းချုပ်တာ မဟုတ်သလို ဝမ်းချုပ်တိုင်းလည်း လည်ပင်းအကျိတ် ဂလင်းက လုပ်ဆောင်ချက်မကောင်းတာ မဟုတ်ပါဘူးလို့ ဘော့စတွန်မှ ပါမောက္ခ Carla H. Ginsburg က ပြောပါတယ်။

အကိုက်အခဲပျောက်ဆေးများ
အကိုက်အခဲပျောက်ဆေးတွေ၊ အထူးသဖြင့် narcotics တွေက ဝမ်းချုပ်စေတတ်ပါတယ်။

ချောကလက်
ချောကလက်က ဝမ်းချုပ်စေနိုင်တယ်လို့ လေ့လာမှုတချို့က ဆိုထားပါတယ်။ ၂၀ဝ၅ ခုနှစ် က လေ့လာမှုတစ်ခုအရ ရေရှည်ဝမ်းချုပ်နေသူတွေ ဒါမှမဟုတ် အူရောဂါရှိသူတွေမှာ ချောကလက်ကြောင့် ဝမ်းချုပ်ရတယ်လို့ ပြောလို့ရနိုင်ကြောင်းဖော်ပြခဲ့ပါတယ်။

ဗီတာမင်အားဆေးများ
အများအားဖြင့် ဗီတာမင်အားဆေးတွေကြောင့် ဝမ်းမချုပ်စေပေမဲ့ ကယ်လ်စီယမ်နဲ့သံဓါတ်လိုမျိုးပါဝင်ဓါတ်ပစ္စည်းတချို့ကြောင့် ပြဿနာရှိစေနိုင်ပါတယ်။

ဝမ်းနုတ်ဆေး အသုံးများလွန်းတာ
ဝမ်းနုတ်ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာသောက်သုံးသင့်ပါတယ်။
ကာလရှည်ကြာ သုံးစွဲမယ်ဆိုရင်ဝမ်းနုတ်ဆေးတွေကိုပဲ အားထားမှီခိုလာရတဲ့ အနေအထားဖြစ်လာစေနိုင်ပါတယ်။

နို့ထွက်ပစ္စည်းတွေ အစားများတာ
ချိစ်နဲ့တခြားအမျှင်ဓါတ်နည်းတဲ့၊ အဆီများတဲ့ အစားအစာတွေ(ဥနဲ့အသားတို့လို)ဟာ အစာခြေဖျက်နိုင်စွမ်းကို နှေးကွေးစေနိုင်ပါတယ်။

စိတ်ကျဝေဒနာ
စိတ်ကျဝေဒနာကြောင့်လည်း ခန္ဓါကိုယ်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို အကုန်နှေးကွေးစေတာကြောင့် အူကိုလည်းသက်ရောက်မှုရှိပြီး ဝမ်းချုပ်စေနိုင်ပါတယ်။

အစာအိမ် လေဆေးများ
အစာအိမ်လေဆေးတွေဟာ ရင်ပူနာအတွက်ထိရောက်လှပေမဲ့ အထူးသဖြင့် ကယ်လ်စီယမ် ဒါမှမဟုတ်အလူမီနီယမ်ပါဝင်တဲ့ ဆေးတွေမှာဝမ်းချုပ်တာလည်း ဖြစ်စေနိုင်တယ်လို့သိရပါတယ်။

သွေးကျဆေးနဲ့ အလာ့ဂျီဆေးများ
ဝမ်းချုပ်တာဟာ သွေးတိုးရောဂါကုသတဲ့အသုံးများတဲ့ ဆေးတချို့ရဲ့ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နိုင်ပါတယ်။ ဓါတ်မတည့်ဝေဒနာကိုကုသတဲ့ Antihistamines ဆေးတွေကလည်း ဝမ်းချုပ်စေနိုင်တယ်လို့ သိရပါတယ်။

ဆီးချိုရောဂါနဲ့ အာရုံကြောရောဂါများ
ဆီးချိုရောဂါဟာ လူတစ်ယောက်ရဲ့အစားအစာခြေဖျက်နိုင်စွမ်းကို ထိခိုက်စေနိုင်တဲ့အာရုံကြော ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။
ဆီးချိုရောဂါအဆင့်မြင့်နေသူတွေ အများစုမှာဝမ်းချုပ်ခြင်းကိုတွေ့ရတာကြောင့် အမြဲပုံမှန်ဝမ်း ချုပ်နေသူတွေဟာ သွေးတွင်းသကြားဓါတ်ကို စစ်ကြည့်သင့်ပါတယ်။ ပါကင်ဆန်ရောဂါလိုမျိုး အာရုံကြောရောဂါတွေဟာလည်း ဝမ်းချုပ်စေနိုင်တယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သာမာန် စိတ်ဓာတ်ကျ ခြင်းနှင့် စိတ်ကျရောဂါ ဝေဒနာ

စိတ်ဓာတ်ကျ စိတ်ကျရောဂါ လေ့ကျင့်ခန်း သတ်သေချင်တဲ့စိတ် မကောင်းမြင်စိတ် အာရုံမစိုက်နိုင် အပြစ်ရှိတဲ့စိတ် မျှော်လင့်ချက်မရှိ အရက်စွဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အစာမရှိဘဲ ပြေးသင့်သလား

ပြေးခြင်း နေထိုင်မှုပုံစံ ကိုယ်ခန္ဓာ အဆီလောင်ကျွမ်းမှု စွမ်းအင်ရယူမှု အစာအိမ်အူလမ်းကြောင်း ထိခိုက်ဒဏ်ရာ ကြွက်သားများ သွေးတွင်းသကြားဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

စိတ်ဓာတ်ကျနေသူကို ဘယ်လိုအားပေးမလဲ

စိတ်ဓာတ်ကျချိန် မျှော်လင့်ချက်မဲ့ခြင်း စိတ်ကျခြင်း အစားအစာ စိတ်ဖိစီးမှု စိတ်ကျန်းမာရေးဆရာဝန် ကိုယ်ချင်းစာစိတ် လေ့ကျင့်ခန်း အိပ်စက်ပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

အမျှင်ဓာတ်အကြောင်း သိသင့်သမျှ

အမျှင်ဓာတ် အာဟာရဓာတ် အစာအိမ်အူလမ်းကြောင်း သတ္တုဓာတ် ကိုယ်အလေးချိန် ဗိုက်ကယ်ခြင်း သံဓာတ် သရေစာ ရေများများသောက်ပါ အစားအစာ စားသုံးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
ပန်းသစ်ခွ နဲ့ ကျန်းမာရေး

ပန်းသစ်ခွ နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
သင့်ကလေးရဲ့ အစာခြေစနစ်က ဘယ်လောက်ထိ အရေးကြီးလဲ။

သင့်ကလေးရဲ့ အစာခြေစနစ်က ဘယ်လောက်ထိ အရေးကြီးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
ခန္ဓာကိုယ်ရဲ့ ရှေ့တန်း ခုခံအား တပ်များ အကြောင်း နှင့် ရှေ့တန်း ခုခံအား ကောင်းအောင် ဘယ်လိုလုပ်မလဲ။

ခန္ဓာကိုယ်ရဲ့ ရှေ့တန်း ခုခံအား တပ်များ အကြောင်း နှင့် ရှေ့တန်း ခုခံအား ကောင်းအောင် ဘယ်လိုလုပ်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020