အစာအိမ်လေးနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 1 min read
Share now

အစာအိမ်ဆိုတာ အစာတွေကိုချေဖျက်ပေးတဲ့ ဗိုက်ထဲကအစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာအပြင် ဘာတွေသိထားပါသလဲ။ အစာအိမ်အကြောင်း သေချာမသိထားဘဲ မှတ်ထားတာတွေက မှန်ကန်ရဲ့လား။ အတော်များများ လက်ခံထားကြတဲ့ ယုံတမ်းစကားတွေထဲက ဟုတ်သယောင်ယောင်နဲ့ မှားနေတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…

(၁) အစာအိမ်ထဲမှာပဲ အစာခြေတယ်

အစာချေဖျက်ခြင်းရဲ့ အဓိကလုပ်ငန်းစဉ်က အူသိမ်ထဲမှာ လုပ်ဆောင်တာ ဖြစ်ပါတယ်။ အစာအိမ်က အစာတွေလက်ခံပြီးတဲ့အခါရောမွှေပြီး အပိုင်းအစငယ်တွေအဖြစ်ဖြိုခွဲပေးပါတယ်။ပြီးတော့မှ အူသိမ်ထဲကို နည်းနည်းချင်းအစုလိုက်ပို့ထုတ်ပေးပြီး အစာချေဖျက်မှုအများစုကို လုပ်ဆောင်တာဖြစ်ပါတယ်။ အများစုထင်ထားကြသလို အရင်စားတာကိုအရင်ခြေတာမျိုး အစဉ်လိုက်လုပ်ဆောင်တာမဟုတ်ပါဘူး။ အစာအိမ်ထဲရောက်လာသမျှကို အတူရောမွှေပြီး အူသိမ်ထဲကို ပို့တာဖြစ်ပါတယ်။

(၂) အစားလျှော့လိုက်ရင် အစာအိမ်ကျဉ်းသွားမယ်

လူတစ်ယောက်က အရွယ်ရောက်လာပြီဆိုရင် ဗိုက်ထဲကအစာအိမ်ဟာ ရှိသင့်တဲ့အရွယ်အစားထိ ဖွံ့ဖြိုးနေမှာပါပဲ။ အကြောင်းရင်းတစ်ခုခုကြောင့် ခွဲစိတ်မှုနဲ့မလုပ်ထားသရွေ့ အစာအိမ်က အလိုလိုကျုံ့သွားမှာမဟုတ်ပါဘူး။ အစားလျှော့စားရင်း သိပ်မစားနိုင်တော့တာက အစာစားချင်စိတ်ထိန်းချုပ်မှုကိုပြန်ချိန်ညှိဖို့ အထောက်အကူဖြစ်စေလို့ သိပ်မဆာတော့တာဖြစ်ပါတယ်။

(၃) ပိန်တဲ့သူတွေက အစာအိမ်ပိုသေးတယ်

“ ဘယ်စားနိုင်မလဲ လူကောင်သေးသေးလေးဆိုတော့” ဆိုတဲ့စကား ပြောမိဖူးကြတယ်မလား။ ပိန်တဲ့သူုတွေကို လျှော့တွက်မိကြတယ်လေ။ တကယ်တော့ အစာအိမ်ရဲ့အရွယ်အစားက လူကောင်ကြီးတာ၊ သေးတာ၊ ပိန်တာ၊ ဝတာနဲ့မဆိုင်ပါဘူး။ ကိုယ်တွင်းအင်္ဂါဖွံ့ဖြိုးမှုက လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ တချို့ပိန်ပိန်လေးတွေက ဝိတ်များတဲ့သူတွေနဲ့တန်းတူအရွယ်အစား သို့မဟုတ် ပိုကြီးတဲ့အစာအိမ်တောင်ရှိနေနိုင်ပါသေးတယ်။

(၄) အစာအိမ်အနာဖြစ်ရတာအစပ်တွေစားလို့

ဟိုးအရင်ကတော့ အစာအိမ်အနာဆိုတာ အစားအသောက်တချို့ကြောင့်ဖြစ်ရတာလို့ ဆရာဝန်တွေက ယူဆခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အခုတော့ အစာအိမ်အနာဖြစ်စေတာက အကိုက်အခဲပျောက်ဆေးတွေဆက်တိုက်သောက်လွန်းတာ၊H. pyloriလို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် စတဲ့အကြောင်းရင်းတွေကို သိလာကြပါပြီ။ အစားအသောက်ကြောင့် ဖြစ်ရတာချည်းမဟုတ်ဘူးဆိုပေမယ့်လည်း အစာအိမ်အနာကို သက်သာစေ ဒါမှမဟုတ် ပိုဆိုးစေနိုင်တဲ့ အစားအသောက်တွေတော့ရှိပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နေမကောင်းရင် ဆန်ပြုတ်စားပါဆိုတာက

ဆန်ပြုတ်ကို နေမကောင်းမှ မဟုတ်ပါဘူး။ သာမန်အချိန်တွေမှာလည်း သောက်ပေးလို့ရပါတယ်။ ဆန်ပြုတ်သောက်တာက ကျန်းမာရေးအတွက် ဘယ်လို ကောင်းလဲဆိုတော့.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးနဲ့ ဆန်ပြုတ်

ဘေဘီလေးက ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သောက်သုံးသင့်ပါတယ်။ ၆ လ ပြည့်ပြီးတဲ့အခါ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စမုန်စပါးရဲ့ ကျန်းမာရေးအာနိသင်

စမုန်စေ့က လူတိုင်းနဲ့ ရင်းနှီးပြီး ဖြစ်နိုင်ပေမယ့် စမုန်စပါးပင်ကိုတော့ သိထားမိသူ နည်းနိုင်ပါတယ်။ စမုန်စပါးပင်က ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

Gym ယုံတမ်းစကား ကြွက်သား ကိုယ်အလေးချိန် ကျန်းမာရေး အလှအပ ခန္ဓာကိုယ် ဝက်ခြံ ကျားဟော်မုန်း လိင်အင်္ဂါ လိင်မှုကိစ္စ သုက်လွှတ် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

အစာအိမ်ကြွက်သားများအားနည်းခြင်း

အစာအိမ်ကြွက်သားများအားနည်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အစာရေမျိုအနာဖြစ်ခြင်း

အစာရေမျိုအနာဖြစ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း

အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read