ရေဓာတ်များများပြည့်ဝစေနိုင်မယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် မတ် 26, 2020
Share now

ရေဓာတ်ကို ဘာကြောင့် သင်လိုအပ်သလဲ

လူ့ခန္ဓာကိုယ်ကို (၆၀)ရာခိုင်နှုန်းသောရေဓာတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ရေဟာသင့်ခန္ဓာကိုယ်အတွက် အလွန့်အလွန်ကို အရေးကြီးပါတယ်။ တစ်နေ့ကို ဖန်ခွက်(၈)ခွက် ကနေ (၁၀)ခွက်အထိ သင့်ခန္ဓာကိုယ်က လိုအပ်သလို သောက်သုံးပေး သင့်ပါတယ်။ ဘာကြောင့် ဒီလောက် သောက်သင့်သလဲ။ ဒါကတော့ရှင်းပါတယ်။ ရေဓာတ်မပြည့်ဝတဲ့အခါ မောပန်းလွယ်မယ်။ မလန်းဆန်း တော့ဘူး။  အာခြောက်လာမယ်။ အိပ်ရေးမဝတော့ဘူးစတဲ့ အဖြစ် တွေဖြစ်လာနိုင်ပါတယ်။ တစ်နေ့ကို သတ်မှတ်ထားတဲ့ ရေပမာဏအတိုင်း သောက်ဖြစ်ဖို့မလွယ်ပါဘူး။ အလွန်ပျင်းစရာကောင်းသလို အလုပ်ပိုတစ်ခုလို လည်းဖြစ်နိုင်ပါသေးတယ်။  အောက်မှာပြောပြမယ့် နည်းလမ်းတွေကတော့ ဒီပြဿနာကိုဖြေရှင်းလို့ရနိုင် တဲ့အရာတွေပါ။

(၁)    သင်ကြိုက်နှစ်သက်တဲ့အရသာတစ်မျိုးထည့်လိုက်ပါ။   ဥပမာ သခွားသီး၊ စတော်ဘယ်ရီသီး၊ ဂျင်း နဲ့ လီမွန်ရည်တစ်စက်နှစ်စက်စသည်ဖြင့် ထည့်လိုက်ခြင်းဟာ သင့်အတွက်သောက်ချင်စဖွယ် အရ သာလေးဖြစ်လာစေမှာပါ။ အသီးဖျော်ရည်မဟုတ်ဘဲ အသီးကို အလုံးလိုက် အရသာ အနည်းငယ် ပါအောင်ထည့် လိုက်တာကို ဆိုလိုတာပါ။

(၂)    အစပ်ထည့်ထည့်စားပါ။ သင့်ရဲ့အစားအစာထဲကို အစပ်အနည်းငယ်ထည့်စားတာဟာ သင့်ကို ရေပိုမိုဆာစေနိုင်ပါတယ်။ ရေဆာလာတဲ့အခါ သင်ရေများများသောက်လာစေမှာပါ။ သင်ဟာ အပူအစပ်မစားနိုင်တဲ့ သူဆိုရင်တော့ ဒီအချက်ကို ကျော်လိုက်ပါနော်။

(၃)    ပုံမှန်လုပ်ရိုးလုပ်စဉ်အဖြစ်သတ်မှတ်လိုက်ပါ။     မနက်အိပ်ရာနိုးနိုးချင်း၊ ညအိပ်ရာမဝင်ခင်၊ အစား မစားခင်၊ အစားစားပြီး၊ လေ့ကျင့်ခန်းမလုပ်ခင်၊ လေ့ကျင့်ခန်းလုပ်ပြီးချိန် စသဖြင့် သင်တစ်ခုခု မလုပ် ခင်နှင့် လုပ်ပြီးမှရေတစ်ဖန်ခွက် ပှံမှန်သောက်တာမျိုးကို အကျင့်လုပ်လိုက်ပါ။

(၄)    ရေဘူးကြီးကြီးသုံးပါ။   ။ရေဘူးကြီးကြီးထဲက ရေအများကြီးကိုသင်မြင်နေရတာဟာ သင့်ကိုရေ သောက်ချင်လာအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။

(၅)    Water application သုံးပါ။     (သို့မဟုတ်) Reminder သတိပေးချက်သဘောမျိုး ဖုန်းထဲမှာ Alarm ပေးထားလိုက်ပါ။ သင့်အလုပ်ရှုပ်နေတဲ့အခါမျိုးမှာ ရေကိုမသောက်မိဘဲနေပါလိမ့်မယ်။ Alarm ထမြည် လာတဲ့အခါရေသောက်မိမှာပါ။

(၇)    ရေဓာတ်ပြည့်ဝတဲ့အသီးတွေကိုစားပေးပါ။      သခွားသီး၊ ခရမ်းချဉ်သီးနဲ့ ဖရဲသီးတွေမှာရေ ဓာတ်ပြည့်ဝစွာပါဝင်ပါတယ်။ ဒီလိုအရသာလည်းရှိတဲ့အသီး အနှံတွေကိုစားပေးမယ်ဆိုရင် သင့် ခန္ဓာကိုယ်အတွက် ရေဓာတ်အလိုလိုဖြည့်ပြီးသားဖြစ်သွားမှာပါ။

(၈)    ရေဆာရင်ရေပဲသောက်ပါ။      ရေဆာလာတဲ့အခါ အချိုရည်တွေမသောက်လိုက်ပါနဲ့။ ရေတစ်ခု တည်းကိုပဲ ဦးတည်ပြီးသောက်လိုက်ပါ။ ရေဆာပြေသွားနိုင်တဲ့ အပြင်သင့်အတွက်လည်း အလွန် အကျိုးရှိပါတယ်။

ရေးသားသူ – ဒေါက်တာမှူး

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နုနယ်လှတဲ့ မျက်ဝန်းအစုံကို ဂရုစိုက်ကြမယ်

ခန္ဓာကိုယ် အစားအစာ မျက်လုံးမှုန် မျက်စိစမ်းသပ် အတွင်းတိမ် ကွန်ပျူတာ ဆေးလိပ်ဖြတ် နေကာမျက်မှန် ကိုယ်အလေးချိန် မျက်လုံးခြောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

စိုးရိမ်ပူပန်ခြင်းနဲ့ ညအိပ်မပျော်ခြင်း ဘယ်လိုဆက်စပ်နေနိုင်လဲ

စိုးရိမ်ပူပန် ညအိပ်မပျော် စိတ်ကျန်းမာရေး အိပ်ချိန် အိပ်ရေးမဝ အားမရှိ ကိုယ်ခံအား စိတ်ဖိစီးမှု အိပ်မက်ဆိုး တရားထိုင် ယောဂ စာဖတ် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ပဲသီးလေး နဲ့ ကျန်းမာရေး

မုန့်ဟင်းခါး အကျိုးကျေးဇူးတွေ ကျန်းမာရေး ပရိုတင်း ဗီတာမင် B Complex ပင်ပန်းနွမ်းနယ် ခန္ဓာကိုယ် အမျှင်ဓာတ် ဇီဝကမ္မဖြစ်စဉ် ကယ်လ်ဆီယမ် အာရုံကြော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

ကိုယ်လက်လှုပ်ရှားမှု ခန္ဓာကိုယ် ဦးနှောက်နဲ့အာရုံကြော သားသားမီးမီး လေ့ကျင့်ခန်း နှလုံး နှလုံး ကြွက်သား သွေးကြောပိတ်ဆို့မှု ခန္ဓာကိုယ် လေဖြတ် အဆုတ် ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

Scrub လုပ်တိုင်း ကောင်းသလား.............

Scrub လုပ်တိုင်း ကောင်းသလား………….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 2, 2020
ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာ (၅) မျိုး

ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာ (၅) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020
ဖျားနေတာမဟုတ်ဘဲ ကိုယ်အပူချိန်မြင့်တက်ရခြင်း အကြောင်းအရင်းများ

ဖျားနေတာမဟုတ်ဘဲ ကိုယ်အပူချိန်မြင့်တက်ရခြင်း အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020
သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ

သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020