ဆီးချို ရှိတယ်ဆို အချိုတွေ လျှာပေါ်မတင်နဲ့လို့ လူတွေက ပြောလေ့ရှိပါတယ်။ ဒါကြောင့် ဆီးချို သမားတွေခမျာ အသီးတွေ စားချင်ရင် တော်တော်စဉ်းစားရပါတယ်။ အသီးတော်တော်များများက ချိုတာကိုး။ ဒါပေမယ့် စဥ်းစားကြည့်ရင် အသီးက ချိုတယ်ဆိုပေမယ့် သူ့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါနေတဲ့အတွက် မစားဘဲရှောင်မယ်ဆိုရင် နှမြောစရာကောင်းပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုစားရမလဲဆိုတာ ပြောပြပေးပါမယ်။