မှိုတက်တာမှန်သမျှ အန္တရာယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကြက်သွန်နီအခွံနား ကပ်ပါလာတတ်တဲ့ မှိုမည်းမည်းလေးတွေ သတိထားမိလား။ မှိုတက်တာက အဖြူ၊ အစိမ်း၊ အမည်း စတဲ့ ရောင်စုံမှိုတွေနဲ့တွေ့ရနိုင်ပါတယ်။ အစားအသောက်မှာပဲဖြစ်ဖြစ်၊ အသုံးအဆောင်နဲ့ အိမ်တွင်းတစ်နေရာမှာပဲဖြစ်ဖြစ် ဘာမှိုမဆို ကိုယ့်အတွက် အန္တရာယ်ရှိတယ်ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။

အစားအစာတင်မကပါဘူး၊ အမှိုက်တွေစုနေတာ၊ မစိုတစို မခြောက်တခြောက် အရာဝတ္ထုတွေ အိမ်ထဲမှာ ရှိနေရင်(အိမ်သန့်ရှင်းရေးပုံမှန်မလုပ်ရင်) အောက်သိုးသိုး မှိုနံ့တွေရနေမှာ သတိထားမိမှာပေါ့။ မြင်ရတာ မမြင်ရတာ ထား၊ အဲဒီမှိုကထွက်တဲ့ အမှုန်တွေက အဆုတ်ထဲရောက်တဲ့အခါ နာတာရှည်အဆုတ်ရောဂါ (COPD)လိုရောဂါတွေဖြစ်စေနိုင်တယ်၊ ဒါမှမဟုတ် ကိုယ်ခံအားစနစ်ကို အားနည်းစေလို့ တခြားရောဂါပိုးတွေကူးစက်ခံရလွယ်စေနိုင်တယ်။

မှိုကိုထိမိတာ၊ ရှူမိတာနဲ့ဓာတ်မတည့်တတ်သူမဟုတ်ရင်တောင် မျက်စိ၊ အရေပြား၊ အသက်ရှူလမ်းကြောင်း၊ လည်ချောင်း၊ အဆုတ်တို့လို ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိခိုက်စေတာ အမှန်ပါပဲ။ မှိုကြောင့် ဘာတွေဖြစ်လာနိုင်လဲ၊ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ကြည့်ရအောင် –

ပုံမှန်အားဖြင့် မှိုတွေကြောင့် –

  • ချောင်းဆိုးမယ်
  • အသက်ရှူသံတရွှီရွှီမြည်မယ်
  • နှာစေးမယ်
  • မျက်စိယား/စပ်မယ်
  • အသားတွေယားမယ်။

တကယ်လို့ မှိုနဲ့ဓာတ်မတည့်သူ ဒါမှမဟုတ် ပန်းနာရင်ကျပ်ရှိသူဆိုရင် –

  • ခေါင်းကိုက်တာ
  • နုံးတာ
  • ညအိပ်ချိန် ချောင်းထထဆိုးတာ
  • ထိပ်ကပ်နာဖြစ်လာတာ
  • ဓာတ်မတည့်လက္ခဏာတွေဖြစ်လာတာ
  • လေပြွန်ရောင်တာ
  • ကိုယ်ပူတာ
  • အသက်ရှူကျပ်တာ တွေဖြစ်လာနိုင်တယ်။

မှိုနဲ့ကြာရှည်ထိတွေ့မယ်၊ မှိုတွေကြားမှာနေလာတာကြာမယ်ဆိုရင်တော့ လက္ခဏာချက်ချင်း မသိသာရင်တောင် နောက်ပိုင်းဒါတွေဖြစ်လာနိုင်ပါတယ် –

  • ဆံပင်ကျွတ်တာ
  • စိုးရိမ်ပူပန်စိတ်များတာ
  • မှတ်ဉာဏ်မကောင်းတော့တာ
  • ခြေထောက်နဲ့လက် ထုံတာ
  • ဗိုက်အောင့်တာ
  • အလင်းရောင်မခံနိုင်တာ
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်တိုးလာတာ(သိပ်မစားဘဲ)
  • ကြွက်တက်တာ တွေဖြစ်လာနိုင်ပါတယ်။

အဆိုးဆုံးက အဆုတ်ကင်ဆာ၊ အသည်းကင်ဆာတို့လို ဆိုးရွားတဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ဘယ်သူတွေမှာ ထိခိုက်နိုင်ခြေ ပိုများလဲ

ဓာတ်မတည့်ဖြစ်တတ်သူတွေနဲ့ ပန်းနာရင်ကျပ်ရှိသူတွေအပြင် ဒီလူတွေမှာလည်း မှိုနဲ့ပတ်သက်ပြီး စိတ်ပူရပါတယ် –

  • ကလေးငယ်တွေ
  • အသက်ကြီးသူတွေ
  • အိတ်ချ်အိုင်ဗီ၊ ကင်ဆာ၊ အသည်းရောဂါစတဲ့ နာတာရှည်ရောဂါတို့ကြောင့် ကိုယ်ခံအားနည်းသူတွေကို ပိုပြီး ထိခိုက်နိုင်ခြေများပါတယ်။

မှိုအန္တရာယ်ကို ဘယ်လိုကာကွယ်၊ ဖြေရှင်းရမလဲ

  • အိမ်သန့်ရှင်းရေး ပုံမှန်လုပ်ပါ။
  • ရေချိုးခန်း၊ မီးဖိုခန်း စတဲ့ စိုစွတ်မှုရှိနိုင်တဲ့နေရာမှန်သမျှကို လေဝင်လေထွက်ကောင်းအောင် လုပ်ပါ။
  • အိမ်ကြမ်းပြင်နဲ့ အခန်းထောင့်တွေကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။
  • ရေယိုစိမ့်တာတွေ ရှိမရှိ မကြာခဏ စစ်ဆေးပါ။
  • မှိုတက်နေတာ တွေ့တာနဲ့ အမြန်သန့်စင်ပစ်ပါ။
  • မီးဖိုခန်းထဲမှာ ကော်ဇော်မခင်းပါနဲ့။
  • စာအုပ်အဟောင်း၊ သတင်းစာဟောင်းတွေကို ခြောက်သွေ့အောင်၊ သန့်ရှင်းသပ်ရပ်အောင် ထားပါ။ မထိန်းသိမ်းနိုင်ရင်၊ မလိုအပ်ရင် စွန့်ပစ်ပါ။ စိုထိုင်းမှုရှိလာရင်မှိုတွေ လွယ်လွယ် ဖြစ်လာနိုင်လို့ပါ။
  • ရေစိုဝတ်တွေ၊ စိုထားတဲ့ပစ္စည်းတွေကို ဒီတိုင်းပစ်မထားပါနဲ့။ သေချာသန့်စင်စီမံထားပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာများ

အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာများကို ကာကွယ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်ကိုဖျားနာစေမယ့် ပိုးဟပ်ဆိုးလေးများ

ပိုးဟပ်တွေဟာ စိတ်ပျက်စရာ ကောင်းရုံသာမက ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေ နိုင်တာမို့ သတိထားနှိမ်နှင်းသင့်ပါတယ်။ ပိုးဟပ် နဲ့ ကျန်းမာရေး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အသံ များ ရဲ့ အဓိပ္ပာယ်

ချောင်းဆိုး နှာချေတာတွေလိုမျိုး ခန္ဓာကိုယ်က ထွက်သမျှ အသံ တွေရဲ့ဖြစ်ပေါ်လာတဲ့အကြောင်းရင်းနဲ့သိထားသင့်တဲ့အချက်တွေကို ကျန်းမာရေးရှုထောင့်ကနေ ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

တက်တူး ထိုးပြီးချိန် အရေပြား ယားယံတာကို ဘယ်လိုသက်သာအောင် လုပ်မလဲ

တက်တူး၊ အရေပြား၊ အနုပညာ၊ လက်ဝတ်ရတနာ၊ ယားယံ၊ အနီကွက်၊ ပြန်လည်ကုစား၊ ဓာတ်မတည့်မှု၊ Eczema၊ Psoriasis Sarcoidosis၊ အရေပြားကင်ဆာရောဂါ၊ moisturizer

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
ဘေဘီလေးနဲ့ နေကြာစေ့

ဘေဘီလေးနဲ့ နေကြာစေ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read
နှင်းခူရှိသူတွေအတွက် စားသောက်မှုပုံစံ

နှင်းခူရှိသူတွေအတွက် စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 23, 2020 . 2 mins read
ဗီတာမင် PP ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲ။

ဗီတာမင် PP ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 17, 2020 . 1 min read