ကြောက်စရာကောင်းလာသော ဆေးယဉ်ပါးပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 30, 2020 . 2 mins read
Share now

ဒီခေတ်မှာပဋိဇီဝဆေးဆိုတာ နားမစိမ်းတော့ပါဘူး။  ပိုးသတ်ဆေးလို့လဲ အရပ်ထဲမှာအလွယ်ခေါ်ကြပါတယ်။ အရင်ကဆို တစ်ခုခုနာဖျားရင် ဆေးသောက်ရမှာကြောက်ကြပါတယ်။ ခုတော့ဒီလိုမဟုတ်တော့ပါဘူး။ ဆေးတွေကိုအလွယ်တကူဝယ်သောက်နေကြပါပြီ။ ဒီထဲမှာပိုးသတ်ဆေးက ထိပ်ဆုံးကပါပဲ။ နှာစေးလည်း ပိုးသတ်ဆေး၊ လည်ပင်းနာ အမောက်စေး စသဖြင့် ပိုးသတ်ဆေးသောက်မှခေတ်မီသလိုလိုဖြစ်လာပါပြီ။ ဒါတွေရဲ့ နောက်ဆက်တွဲပြဿနာကတော့

                                   “ ဆေးယဉ်ပါး ပြဿနာပါပဲ။”

  • ဆေးယဉ်ပါးတယ်ဆိုတာဘာလဲ။

ဆေးယဉ်ပါးတယ်ဆိုတာ အလွယ်ပြောရင်ဆေးမတိုးတော့ပါပဲ။ ပဋိဇီဝဆေးဆိုတာ ဘတ်တီးရီးယားလို့ခေါ်တဲ့ ပိုးတွေကို သတ်ပေးတာပါ။ ဒါကြောင့် ဘတ်တီးရီးယားမဟုတ်တဲ့ ရောဂါတွေမှာ အသုံးမဝင်ပါဘူး။ မလိုအပ်ဘဲ ခဏခဏ ပိုးသတ်ဆေးတွေ သောက်တဲ့အခါမှာ ပိုးတွေက ဆေးကို ခံနိုင်ရည်ရှိအောင် အသွင်ပြောင်းလာကြပါတယ်။ အဲ့ဒီမှာဆေးမတိုးတော့တာပါပဲ။

  •  ဒါဆို တခြားဆေးပြောင်းသောက်မှာပေါ့။

ပြောသလောက်တော့ မလွယ်ပါဘူး။ ဆေးပြောင်းသောက်တယ်ဆိုဦးတော့။ ပိုပြီးအဆင့်မြင့်တဲ့ ဆေးကို ပြောင်းသောက်ရမှာပါ။ ဒါဆို ငွေကုန်ကြေးကျပိုများပါတယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။

  •  ဘာတွေဖြစ်လာနိုင်လဲ။

-ပုံမှန်သောက်နေကြဆေးနဲ့ မပျောက်တဲ့အခါ ဆေးအမြင့်တွေကို သုံးလာရပါမယ်။

-ငွေကုန်ကြေးကျတွေပိုများလာပါမယ်။

-ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေခံစားလာရပါမယ်။

-ဆေးယဉ်ပါးရောဂါတွေ ပိုများလာပါမယ်။ (ဥပမာ ဆေးယဉ်ပါး တီဘီ)

-ဆေးယဉ်ပါးပိုးတွေ သူများဆီကို ကူးသွားတဲ့အခါ သူပါ ကုသရခက်သွားပါမယ်။

-ဒီလိုနဲ့ အဆင့်ဆင့်ကူးပြီး ကုမရတဲ့ရောဂါအခြေအနေဖြစ်သွားပါမယ်။ ဘာနဲ့တူမလဲဆိုရင် ပိုးသတ်ဆေးတွေမပေါ်ခင်ကလိုပဲ ရောဂါဖြစ်ရင်ကုရမယ့်ဆေးမရှိဘဲ ငုတ်တုတ်ထိုင်နေရမယ့်ခေတ်ကို ပြန်ရောက်သွားပါမယ်။

  •  ဒါဆို လုံးဝမသောက်ရတော့ဘူးလား။

ဒီလိုဆိုလိုတာမဟုတ်ပါဘူး။ ပိုးသတ်ဆေးဆိုတာ အရမ်းကောင်းပါတယ်။ ပိုးသတ်ဆေးပေါ်ကတည်းက စပြီး ခုထိ လူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးဆိုတာ နောက်အနာဂတ်အချိန်အထိ လိုနေဦးမှာပါပဲ။ ရှိနေရဦးမှာပဲ။

ဒါကြောင့် ဆေးယဉ်ပါးမဖြစ်အောင် သတိထားရမှာပါ။

  •  ဆေးယဉ်ပါးမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။

ဆေးယဉ်ပါးဆိုတာ ပိုးသတ်ဆေးကို မဆင်မခြင်သောက်ရာကဖြစ်လာတာပါ။ ဒါကြောင့်

-ပိုးသတ်ဆေးကို မလိုအပ်ဘဲ မသောက်ပါနဲ့။ လိုမလိုသိရအောင် ဆရာဝန်နဲ့ပြသပါ။

-နေမကောင်းဖြစ်တိုင်း ပိုးသတ်ဆေးမသောက်ပါနဲ့။

-ဆေးဆိုင်က စပ်ဆေးတွေ အလွယ်တကူဝယ်မသောက်ပါနဲ့။

-ပိုးသတ်ဆေးသောက်မယ်စဉ်းစားတိုင်း ဆရာဝန်နဲ့ တိုင်ပင်ပါ။

-ဆရာဝန်က လိုအပ်လို့ သောက်ခိုင်းတဲ့အခါ ဆေးပတ်လည်အောင် သောက်ပါ။ သောက်ရမယ့် ပမာဏ၊ အကြိမ်ရေ၊ ရက် အတိအကျသောက်ပါ။ နေပြန်ကောင်းသွားလို့ ပိုးသတ်ဆေးကို ရက်မပြည့်သေးဘဲ ရပ်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သင်ဘာလို့ ခံတွင်းအနံ့ဆိုးရွားနေတာလဲ

Bad Breath၊ ခံတွင်းရနံ့ဆိုး၊ Sjogren's Syndrome၊ ပဋိဇီဝဆေး၊ Halitophobia၊ ဆေးလိပ်တွေ၊ စီးကရက်တွေ၊ ကွမ်းယာ၊ အချို၊ သကြား၊ ပရိုတိန်းဓာတ်၊ အယ်လ်ကိုဟော၊ ကော်ဖီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ကိုရိုနာဗိုင်းရပ်စ် Covid 19 နဲ့ပတ်သက်လို့အမေးများတဲ့ မေးခွန်းတွေနဲ့ WHO ရဲ့အဖြေများ

Covid 19 ကိုရိုနာဗိုင်းရပ်စ် ဟင်းသီးဟင်းရွက် ရောဂါပိုး အိမ်မွေးတိရစ္ဆာန် ရောဂါလက္ခဏာ ဆယ်ကျော်သက်တွေ ပဋိဇီဝဆေး ချောင်းဆိုးနှာချေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Seinn Moe Satt

အရက်သေစာနှင့် ပဋိဇီဝဆေးများ ပေါင်းစပ်ခြင်း၏ ဆိုးကျိုးများ

အရက်သေစာ ပဋိဇီဝဆေး ဘေးထွက်ဆိုးကျိုး ပျို့တက်ခြင်း ခေါင်းကိုက်ခြင်း အသားအရေ နီမြန်းခြင်း ကိုယ်ခန္ဓာ ဖျားနာနေခြင်း ဝမ်းပျက်ခြင်း ကျန်းမာရေးအခြေအနေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

Steroid ဆိုတာ ဘာလဲ

Steroidဆိုတာ အရောင်ကျဆေး ဟော်မုန်း ခန္ဓာကိုယ် steriodဆေး တီဘီ လေဖြတ် အသက်အန္တရာယ် ကိုယ်ခံအား ထိခိုက်ပွန်းပဲ့ အစာခြေရည် ရာသီစက်ဝန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ထဲမှာ စတီးရွိုက်တွေ များလာတဲ့အခါ

ကိုယ်ထဲမှာ စတီးရွိုက်တွေ များလာတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read
စတီးရွိုက်တွေကို ရုတ်တရက်ရပ်လိုက်မယ်ဆိုရင်

စတီးရွိုက်တွေကို ရုတ်တရက်ရပ်လိုက်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read
ကိုဗစ်က ဘာလို့အသေအပျောက်တွေ များလာတာလဲ။

ကိုဗစ်က ဘာလို့အသေအပျောက်တွေ များလာတာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 18, 2020 . 3 mins read
Keto dietက အတက်ရောဂါကို သက်သာစေသလား

Keto diet က အတက်ရောဂါကို သက်သာစေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 16, 2020 . 2 mins read