backup og meta

အဆီကျခါးပတ် ဝတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီကျခါးပတ် ဝတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ။ ။

    ခေတ်ကြီးက တိုးတက်လာပြီဆိုတော့ ဝိတ်ကျဖို့အတွက် gym ဆော့တာက တစ်မျိုး၊ အဆီကျဆေးသောက်တာကတစ်မျိုး အပြင် ခုနောက်ပိုင်း အဆီကျခါးပတ်တွေပါ ခေတ်စားလာခဲ့ပါပြီ။ ဗိုက်အဆီကျ ခါးပတ်၊ ခါးအဆီကျခါးပတ် ၊ လက်မောင်းအဆီကျခါးပတ်၊ အဆီချ အင်္ကျီ၊ အဆီချအတွင်းခံဆိုပြီး အမျိုးမျိုးပေါ်လာပြီမဟုတ်လား။ အဲဒီ အဆီကျ ခါးပတ်တွေက တကယ်ရောကောင်းလို့လား။ သူတို့မှာ ဘယ်လိုကောင်းကျိုးတွေရှိလဲ ။ ။

    အဆီချ ခါးပတ်ဝတ်ခြင်းရဲ့ ကောင်းကျိုးများ ။ ။

    ကျောရိုးနဲ့ခါးထိခိုက်သူများအတွက် အထိန်းဖြစ်စေပါတယ်။

    ခါးနဲ့ နောက်ကျောပိုင်းကိုထိခိုက်ထားတဲ့သူတွေမှာ ကျောရိုးရဲ့ပုံစံကို ပြန်တည့်မတ်ဖို့နဲ့ ခါးကိုအထိန်းဖြစ်အောင် waist trimmers( ခါးသွယ်အဆီကျတဲ့ခါးပတ်) နဲ့ and compression bandages (ခါးထိန်းခါးပတ်) ဝတ်ပေးရပါတယ်။ ဒီလို ခါးပတ်တွေဝတ်ထားတော့ ထိုင်တဲ့အခါ သူက ကူထိန်းပေးပြီး ခါးနာခြင်းများကိုလည်း သက်သာစေပါတယ်။

    Slimming effect ( ခါးကိုသေးသွယ်စေပါတယ်)

    အဆီကျ ခါးပတ်ဝတ်ထားတာ ကြာလာတဲ့အခါ သူပတ်လည်ကကြွက်သားတွေကို ဖိထားသလိုဖြစ်တာကြောင့် ခါးကိုသေးသွယ်သွားသယောင်ထင်ရစေပါတယ်။

    Diet reminder ( အစားအများကြီး မစားမိဖို့ သတိပေးနေပါလိမ့်မယ်)

    ခါးပတ်ဝတ်ထားတဲ့အခါ တင်းနေလို့ အစားအများကြီး မစားမိချင်တော့တဲ့အပြင် ငါခါးပတ်လေးဝတ်ထားတယ် အစားလေးလျှော့စားမှ ဆီကြော်တွေ ရှောင်မှ ဆိုတဲ့ အသိလေး အမြဲကပ်နေမှာ ဖြစ်ပါတယ်။ ဝိတ်ကျဖို့ အဆီချဖို့အတွက် အရေးအကြီးဆုံးလုပ်ရမှာက အစားလျှော့ဖို့ပဲ မဟုတ်လား။

    အချိန်မရွေး နေရာမရွေး ခါးပတ်ဝတ်ထားလို့ရပါတယ်။

    ခါးပတ်ဝတ်ထားပြီးအပေါ်ကနေ အင်္ကျီထပ်ဝတ်လို့ရသလို အချိန်မရွေး နေရာမရွေး ဝတ်ရတာ လွယ်ကူတာကြောင့် ဝတ်ရ ဖြုတ်ရတာလည်း လွယ်ကူပါတယ်။

    ဗိုက်အဆီကို သွယ်ဝိုက်တဲ့ နည်းနဲ့ကျစေပါတယ်။

    အားလုံးသိကြတဲ့အတိုင်း ဗိုက်အဆီဆိုတာ ချရအခက်ခဲဆုံးအရာတွေထဲပါပါတယ်။ အဲဒီတော့ ခါးအဆီ ဗိုက်အဆီကျဖို့ ခါးပတ်တစ်ခုတည်းအားကိုးလို့မရပါဘူး။ လေ့ကျင့်ခန်းမှန်မှန်လုပ်မယ် အစားလျှော့စားမယ် ခါးပတ်လေးလည်း ဝတ်မယ်ဆိုရင် ခဏလေးအတွင်း ခါးနဲ့ ဗိုက်ကအဆီတွေ ကျစေမှာ အသေအချာပါ။

    ကိုယ်ခန္ဓာအနေအထားကို တည့်မတ်စေပါတယ်။

    ကိုယ်ခန္ဓာအချိုးအစားပုံကျနေဖို့၊ တည့်မတ်တဲ့ကိုယ်နေကိုယ်ထားရဖို့အတွက် ခါးပတ်က ကူညီပေးနိုင်မှာ အသေအချာပါ။

    ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးစေပါတယ်။

    ခါးလေးကလည်းသေး၊ ဝတ်ထားမှန်းလည်း လူမသိ၊ ခါးထိန်းလေးနဲ့ဆိုတော့ ကိုယ်ခန္ဓာကလည်း မတ်မတ်လေးဖြစ်နေတော့ လုံးဝကို စမတ်ဖြစ်နေတော့ပေါ့။

    ဒါပေမယ့်ဝတ်တဲ့အချိန်မှာ ဒါလေးတွေကို သတိထားပေးပါ။

    -ချိတ်တွေ အပြင်ကို ချွန်ထွက်မနေဖို့။

    -ကျပ်ညပ်နေအောင် မဝတ်ဖို့။ (သိပ်ကျပ်လွန်းရင် ကိုယ်တွင်းကလီစာတွေ ညှစ်သလို ဖြစ်သွားတတ်ပါတယ်။)

    -အချိန်အကြာကြီး မဝတ်ပါနဲ့။ (တစ်ခါဝတ်ရင် ၂နာရီထက် မပိုပါစေနဲ့။)

    -ဝတ်ရတာ သက်သောင့်သက်သာ မရှိဘူးလို့ ခံစားရတဲ့အခါ ချွတ်လိုက်ပါ။

    -ကိုယ်ဝန်ဆောင်ချိန်၊ ဗိုက်အောင့်နေတဲ့အချိန်၊ ခါးနာနေတဲ့အချိန်ဆို မဝတ်ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement