backup og meta

အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

    အမဲသား ကြိုက်တဲ့သူတွေ အတွက်တော့ ပျော်ပြီးရင်း ပျော်ရမယ့် ဆောင်းပါးလေး ပါပဲ။ အမဲသားက ကျန်းမာရေးအတွက် ဘယ်လို ကောင်းကျိုးတွေ ယူဆောင်လာပေးနိုင် သလဲ ဆိုတာကို ဒီ ဆောင်းပါးထဲမှာ ဖော်ပြသွားမှာပါ။ ကဲ …. အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ အကြောင်း လေ့လာလိုက်ရအောင်နော်။

    အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

    အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကတော့

    ၁။ ပရိုတိန်းဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး ကြွက်သားတွေကို သန်မာစေပါတယ်။ ဒါ့အပြင် အနာအကျက် မြန်စေခြင်း၊ အားကစားသမားတွေ အတွက် ဒဏ်ရာ သက်သာစေခြင်း၊ ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ နဲ့ တွဲဖက်လုပ်မယ် ဆိုရင် ကြွက်သားတွေကို ထိန်းထားနိုင်ပြီး ကြွက်သား တက်စေခြင်း စတဲ့ ကောင်းကျိုးတွေလည်း ရရှိ နိုင်ပါသေးတယ်။

    ၂။ အမဲသားဟာ သွေးတိုး၊ စိတ်ဖိစီးမှုနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေပြီး နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို ၂၇% ထိ လျော့ကျစေနိုင်ပါတယ်။

    ၃။ အမဲသား မှာပါဝင်တဲ့ L-carnitine က ဆီးချို အမျိုးအစား (၂) လူနာတွေ အတွက် အကျိုးရှိစေပြီး သွေးတွင်းသကြားဓာတ် နဲ့ ကိုလက်စထရော ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။

    ၄။ အမဲသားမှာ အထူးသဖြင့် သံဓာတ်၊ ဖော့စဖောရပ်စ်၊ ဆယ်လီနီယမ် နဲ့ ဇင့်တို့လို သဘာဝ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ လူအများစုရဲ့ အာဟာချို့တဲ့ခြင်း ပြဿနာတွေကို အမဲသားနဲ့ အလွယ်တကူ ဖြေရှင်းလို့ ရပါတယ်။

    ၅။ သံဓာတ် အားနည်းတယ်၊ တစ်နည်းအားဖြင့် သွေးအားနည်းတယ် ဆိုတဲ့ သူတွေအတွက် အမဲသားက နတ်ဆေး တစ်ပါး ပါပဲ။

    အထူးသဖြင့် နွားရဲ့ အသည်းမှာ heme iron ပမာဏ ကြွယ်ဝစွာ ပါဝင်တာကြောင့် လိုအပ်တဲ့ သံဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

    ၆။ အမဲသားမှာ Carnosine ဓာတ် ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားကို မြင့်တက်စေပြီး ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။

    ၇။ အမဲသားမှာ ဗီတာမင် B12, B3, B6, B2 နဲ့ B5 တွေ ကြွယ်ဝစွာ ပါဝင်ပြီး ဗီတာမင် E နဲ့ K အနည်းငယ် ပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာ၊ အာရုံကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လာမှာကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

    ဒါတွေကတော့ အမဲသားက ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေပါပဲ။ ဒါ့အပြင် လုပ်စားရတာလည်း အင်မတန် လွယ်တယ် မဟုတ်လား။

    ချက်စားရမှာ ကြာတယ် ဆိုရင် အမဲသားပေါ် ဆား နဲ့ ငရုတ်ကောင်းလေး ဖြူးပြီး ထောပတ်လေး နည်းနည်းနဲ့ အိုးလူး ကင်လိုက်ရင် Steak ဖြစ်သွားတာပဲလေ။ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားပြီး ကျန်းမာသန်စွမ်းတဲ့ ဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

    Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement