နေ့စဉ်စားသုံးနေတဲ့ ထမင်းက ခန္ဓါကိုယ်ကို ဘယ်လောက်ထိအကျိုးပြုနေသလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ထမင်းကမြန်မာလူမျိုးတွေအဓိကစားသုံးတဲ့အစားအစာတစ်ခုပါ။ ထမင်းက ဘယ်လိုအရောင်အဆင်း ဘယ်လိုအရသာရှိတယ်ဆိုတာကိုတော့ အထူးတလည်ပြောပြဖို့လိုမယ်မထင်ပါဘူး။ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်လောက်စားဖြစ်နေတဲ့ ထမင်းက ခန္ဓါကိုယ်အတွက် ဘယ်လောက်တောင် အကျိုးပြုပေးနေလဲဆိုတာကိုတော့ သိပ်သတိမထားမိကြပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေကပြည်သူတွေက ထမင်းကိုအဓိကထားစားသုံးကြပါတယ်။ ဒီလိုမျိုးနေ့စဉ်စားသုံးဖြစ်နေတဲ့ ထမင်းက ခန္ဓါကိုယ်ကို ဘယ်လောက်ထိ အကျိုးပြုပေးနေလဲဆိုတာကို အခုဆောင်းပါးလေးထဲမှာပြောပြပေးချင်ပါတယ်။

ထမင်းကနေ ဘယ်လိုအာဟာရဓါတ်တွေရရှိနိုင်သလဲ

ထမင်းမှာ ခန္ဓါကိုယ်အတွက် စွမ်းအင်ပေးတဲ့ ကာဗိုဟိုက်ဒရိတ်၊ ကိုယ်တွင်း ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်ဓါတ်ကိုတွေကို ထိန်းညှိပေးဖို့လိုအပ်တဲ့ အာဟာရဓါတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင် D၊ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ အစာတွေကိုကြေညက်စေဖို့နဲ့ အူလမ်းကြောင်းကအာဟာရဓါတ်တွေစုပ်ယူမှုကို အားဖြည့်ပေးတဲ့ အမျှင်ဓါတ်၊ ခန္ဓါကိုယ်ရဲ့သွေးဆဲလ်တွေကို တိုးပွားစေနိုင်တဲ့ သံဓါတ်၊ ခန္ဓါကိုယ်ရဲ့သွေးပမာဏနဲ့ရေဓါတ်ပမာဏကို ထိန်းညှိပေးတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်တဲ့ ဆိုဒီယမ်တို့ပါဝင်ပါတယ်။

ထမင်းစားရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေကို အထောက်အပံ့ပေးတယ်

စိတ်ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ကာဗိုဟိုက်ဒရိတ်က အရမ်းကိုအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ခန္ဓါကိုယ်ထဲမှာ ကာဗိုဟိုက်ဒရိတ်မရှိဘူးဆိုရင် အားမရှိသလိုခံစားရမှာဖြစ်ပါတယ်။တွေးခေါ်စဉ်းစားမှုတွေကိုကောင်းကောင်းမလုပ်နိုင်ဘဲ စိတ်ရှုပ်တာ၊ စိတ်ဓါတ်ကျတာတွေတောင်ခံစားလာရနိုင်ပါတယ်။ ဒီလိုတွေမဖြစ်စေဖို့ဆိုရင်တော့ ထမင်းကိုပုံမှန်စားပေးဖို့လိုပါမယ်။

အရေပြားကျန်းမာစေနိုင်ပါတယ်

ထမင်းက ခန္ဓါကိုယ်အတွက် စွမ်းအင်အဓိကရရှိနိုင်တဲ့ အစားအသောက်ဖြစ်ရုံတင်မကဘဲ အရေပြားကိုကျန်းမာစေနိုင်တဲ့ အမျှင်ဓါတ်တွေကိုပါ ရရှိစေနိုင်တဲ့ အစားအစာတစ်ခုပါ။ အမျှင်ဓါတ်က ခန္ဓါကိုယ်ရဲ့ အစာခြေစနစ်အတွင်းက အဆိပ်အတောက်တွေ၊ ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကိုဖယ်ရှားပေးပါတယ်။ ဒီလိုမျိုးလုပ်ဆေင်ပေးတာက ဝက်ခြံဖြစ်တာနဲ့ အသားအရေမွဲခြောက်ခြောက်ဖြစ်တာတွေလျော့ပါးသက်သာစေပြီး အရေပြားကိုကျန်းမာစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တွေအတွက် သင့်တော်တယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင် D ချို့တဲ့သူတွေအနေနဲ့သွေးတိုးဖြစ်တာနဲ့ကိုယ်အင်္ဂါထိခိုက်ပျက်စီးတာတွေဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ထမင်းကို အသင့်အတင့်စားသုံးပေးမယ်ဆိုရင် အခုပြောခဲ့တဲ့ပြဿနာတွေကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင် D ပမာဏများလွန်းရင်လည်း ကလေးက အသက် ၂ နှစ်အရွယ်အတွင်းမှာ အစားအသောက်ဓါတ်မတည့်တာတွေဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် ထမင်းကိုအများကြီးမစားဖို့တော့ပြောချင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

ထမင်းမှာ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် နှလုံးကျန်းမာစေနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့ ကိုလက်စထရောတွေပါဝင်နေပါတယ်။

အဆီမတက်စေပါဘူး

အချို့သူတွေက ထမင်းစားရင် အဆီတက်တယ်လို့ထင်နေကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ ထမင်းက ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတယ်ဆိုပေမယ့် ကိုယ်အလေးချိန်တော့မတက်စေပါူး။ ထမင်းမှမဟုတ်ပါဘူး၊ အလွန်အကျွံစားရင် ဘယ်အစားအစာမဆို ကိုယ်အလေးချိန်တက်စေနိုင်တယ်ဆိုတာကို သတိရပါ။

အကျိုးပြုဘက်တီးရီးယားတွေဖြစ်ပေါ်လာစေတယ်

ထမင်းမှာ အူမကြီးကျန်းမာရေးကို အထောက်အကူပြုတဲ့ အကျိုးပြုဘက်တီးရီးယားတွေပေါက်ဖွားလာအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ဒီဘက်တီးရီးယားတွေက ဝမ်းလျှောတာ၊ဝမ်းကိုက်တာတွေမဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။နောက်တစ်ခုက ထမင်းက ခန္ဓါကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုဖြည့်ပေးပါတယ်။

သွေးအားနည်းရောဂါကို ကာကွယ်ပေးတယ်

ထမင်းမှာပါတဲ့ သံဓါတ်က ဟီမိုဂလိုဘင်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ ဟီမိုဂလိုဘင်အရေအတွက် များလာတဲ့အခါသွေးအားနည်းဝေဒနာခံစားရနိုင်ခြေကိုနည်းသွားစေမှာဖြစ်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်

ခန္ဓါကိုယ်ထဲမှာ အမျှင်ဓါတ်နည်းတဲ့အခါ အစာအိမ်နဲ့အူလမ်းကြောင်းကိုထိခိုက်စေနိုင်တဲ့ အူမကြီးကင်ဆာလိုမျိုး ကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုဝေဒနာတွေမဖြစ်အောင် အမျှင်ဓါတ်ပါတဲ့ အစားအစာတွေကို စားသုံးပေးလို့ရသလို ထမင်းကိုစားသုံးပေးလည်းရပါတယ်။ ထမင်းမှာအမျှင်ဓါတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေနိုင်တဲ့အပြင် အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးသလို ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်းလျော့ကျစေပါတယ်။

အသက်ကြီးတဲ့သူတွေမှာ အရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်

ထမင်းမှာ ဗီတာမင် D ကြွယ်ဝစွာပါဝင်တာကြောင့် အသက်အရွယ်ကြီးရင့်သူတွေအတွက် အထူးသင့်တော်ပါတယ်။ အသက်အရွယ်ကြီးရင့်လာလေလေ ကိုယ်တွင်းက ဗီတာမင် နဲ့ သတ္တုဓါတ်တွေလျော့နည်းလာလေလေပါ။ ဒါကြောင့် အသက်ကီးရင့်လတဲ့သူတွေကို ကျနးမာနေစေဖို့အတွက် ဗီတာမင် Dပြည့်ဝနေအောင်လုပ်ဆောင်ပေးဖို့လိုပါမယ်။နေရောင်ခြည်ကနေလည်း ဗီတာမင် D ရနိုင်သလို ထမင်းကနေလည်း ဗီတာမင် D ရရှိနိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်လာသူတွေမှာ အရိုးပွရောဂါမဖြစ်စေဖို့ အတွက် ဗီတာမင် D ရရှိအောင် ထမင်းကျွေးပေးလို့ရပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇန်နဝါရီ 31, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 16, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။