မဟော်ဂနီစေ့၏ ကျန်းမာရေးကောင်းကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

မဟော်ဂနီစေ့၏ ကျန်းမာရေးကောင်းကျိုးများ

မဟော်ဂနီသစ်တွေဟာ အိမ်ထောင်ပရိဘောဂတွေ ပြုလုပ်ဖို့ အသုံးဝင်တာကို သင်သိကောင်းသိနိုင်ပေမယ့် သူ့အစေ့တွေကလည်း အသုံးဝင်တာကို သင်သတိထားမိပါသလား။

မဟော်ဂနီစေ့တွေမှာ တကယ်တမ်းတော့ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိပါတယ်။ ဒီဆောင်းပါးကို ဖတ်ကြည့်ပြီး သင်အံ့သြသွားပါလိမ့်မယ်။

အစာစားချင်စိတ် များခြင်း

မဟော်ဂနီစေ့တွေဟာ သင့်ရဲ့ အစာစားချင်စိတ်ကို မြှင့်တင်ပေးပါတယ်။ အစာစားခြင်းဟာ အထူးသဖြင့် နေမကောင်းရာက ပြန်နာလန်ထူကာစ အချိန်အတွက် အလွန်အရေးကြီးပါတယ်။

မဟော်ဂနီစေ့တွေဟာ သင့်အစာစားချိန်စိတ်မရှိချိန်တွေမှာ ကူညီပေးနိုင်ပါတယ်။ နေ့စဉ်တစ်နေ့ကို မဟော်ဂနီစေ့ တစ်စေ့ စားသင့်တယ်လို့ အကြံပြုထားကြပါတယ်။

ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း

မဟော်ဂနီစေ့တွေဟာ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ ဝမ်းနုတ်ဆေးတွေသောက်မယ့်အစား ဒီပြဿနာကိုဖြေရှင်းဖို့ မဟော်ဂနီစေ့တွေကို အစွမ်းထက်တဲ့ ကုသမှုအနေနဲ့ အသုံးပြုနိုင်ပါတယ်။

မဟော်ဂနီစေ့တွေဟာ အစာခြေစနစ်အတွက်လည်း ကောင်းမွန်ပါတယ်။ ဒီအစေ့တွေကို ချေပြီး ရေနွေးနဲ့ ရောသင့်ပါတယ်။ ဒီအရောကို တစ်နေ့နှစ်ကြိမ်သောက်မယ်ဆိုရင် တိုးတက်မှုကို မြင်ရမှာ ဖြစ်ပါတယ်။

အအေးမိခြင်းကို ကုသပေးခြင်း

သင့်မှာ အအေးမိခြင်း၊ ဖျားနာခြင်းတွေဖြစ်မယ်ဆိုရင်လည်း မဟော်ဂနီစေ့က ကူညီပေးနိုင်ပါတယ်။ ဒီအခြေအနေတွေဟာ သူတို့ကိုယ်တိုင် ပြန်ကောင်းနိုင်ပေမယ့် မဟော်ဂနီစေ့က ပိုမို မြန်ဆန်စွာ ပြန်ကောင်းစေပါတယ်။

သင်လိုအပ်တာကတော့ မဟော်ဂနီစေ့အမှုန့်၊ ရေနွေးနဲ့ ပျားရည်တို့ပဲ ဖြစ်ပါတယ်။ မဟော်ဂနီစေ့ အမှုန့်ကို လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ ရေ ခွက်ရဲ့ လေးပုံတစ်ပုံ၊ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရောနိုင်ပါတယ်။

ဒီအရည်ကို နွေးနေတုံး ရောမွှေပြီး သောက်နိုင်ပါတယ်။

သွေးသကြားဓါတ်ပမာဏကို ထိန်းချုပ်ခြင်း

လေ့လာမှုတွေအရ မဟော်ဂနီစေ့တွေဟာ ဆီးချိုရှိသူတွေမှာ သွေးသကြားဓါတ်ပမာဏကို ထိန်းညှိပေးဖို့ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

မဟော်ဂနီစေ့ လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ရေနွေးနဲ့ ရောပါ၊ သမအောင်မွှေပြီး သောက်ပါ။ သင့်သကြားဓါတ်ပမာဏကို ထိန်းညှိနိုင်ပါလိမ့်မယ်။

ကင်ဆာ ကာကွယ်ခြင်း

သုတေသနတွေက မဟော်ဂနီစေ့ဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ အစေ့တွေမှာ ရောင်ရမ်းခြင်းကို ကျစေတဲ့ အစွမ်းရှိပါတယ်။

သင့်ဆရာဝန်ကို ပိုမိုသိရှိရန် မေးမြန်းနိုင်ပါတယ်။ မဟော်ဂနီစေ့ တွေဟာ စိတ်ချရတာကြောင့် စမ်းကြည့်သင့်ပါတယ်။

သွေးပေါင်ကျစေခြင်း

သွေးပေါင်တက်ခြင်းဟာ လူအတော်များများမှာ ဖြစ်နေတာကြောင့် ကြီးမားတဲ့ ပြဿနာ တစ်ခုဖြစ်ပါတယ်။ ကံကောင်းတာကတော့ မဟော်ဂနီစေ့တွေဟာ သွေးပေါင်ကျခြင်းအတွက် ကောင်းမွန်တဲ့ ကုသမှုတစ်ခုဖြစ်ပါတယ်။

သူတို့ဟာ ခေါင်းမူးခြင်းနဲ့ ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

ကလေးရရှိစေခြင်း

မဟော်ဂနီဟာ ကလေးရရှိမှုကို ကူညီပေးပါတယ်။ တကယ်လို့ သင်ဟာ ကလေးရလိုရင် ဒီအစေ့တွေကို သုံးစွဲသင့်ပါတယ်။

ဒါပေမယ့် အစေ့တွေဟာ ဆိုးကျိုးတွေဖြစ်စေရင် (သို့) သင့်ဆေးတွေနဲ့ တွဲသောက်ဖို့ သင့်လျော်မှု ရှိမရှိကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု သက်သာစေဖို့ ဘာတွေစားမလဲ။

အစားအစာတွေက အာဟာရ ပြည့်ဝရုံတင် မဟုတ်ဘဲ ဓာတ်မတည့်မှုကို ခံစားရလေ့ရှိသူတွေမှာလည်း ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို သက်သာစေဖို့ ထောက်ပံ့ပေးပါသေးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စမုန်စပါးရဲ့ ကျန်းမာရေးအာနိသင်

စမုန်စေ့က လူတိုင်းနဲ့ ရင်းနှီးပြီး ဖြစ်နိုင်ပေမယ့် စမုန်စပါးပင်ကိုတော့ သိထားမိသူ နည်းနိုင်ပါတယ်။ စမုန်စပါးပင်က ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ

ကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

FDA ခွင့်ပြုချက်ရသွားပြီဖြစ်တဲ့ ကိုဗစ်အတွက်ဆေး ‘Remdesivir’

Remdesivir ဆိုတာ ကိုဗစ်ရောဂါကို ကုသတဲ့နေရာမှာ အသုံးပြုရန်အတွက် စမ်းသပ်နေဆဲဆေးဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်က FDAက တရားဝင်ခွင့်ပြုချက်ပေးလိုက်ပြီလို့ သိရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
အအေးမိခြင်း

အအေးမိခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 11, 2020 . 3 mins read