backup og meta

သင့် ကလေးရဲ့ မျက်လုံးများအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့် ကလေးရဲ့ မျက်လုံးများအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

    မျက်လုံးများဟာ စိတ်ရဲ့ တံခါးပေါက်များ ဖြစ်တယ် ဆိုတဲ့ အဆိုရှိပါတယ်။ မျက်လုံးများဟာ သတ္တဝါများ အတွက် အလွန်အရေးပါပါတယ်။ ထို့ကြောင့် ငယ်စဉ်ဘ၀ ကတည်းက မျက်လုံးများကို ဂရုစိုက် ကာကွယ်ကြရပါတယ်။ သင့်ကလေးများ မျက်စိရောဂါများ မဖြစ်စေရန် ဘယ်လို ကာကွယ်ကြမလဲ။ အောက်ပါနည်းလမ်းများကို ကြည့်ကြပါစို့။

    နေ့စဉ်ကောင်းသော အလေ့အကျင့်များကို ထားရှိခြင်း

    ကလေးများ ဟာ အသက်ငယ်သည့်အတွက် အလေ့အကျင့်များကို လွယ်ကူစွာ မှတ်ယူသင်ကြားနိုင်ပါတယ်။ ဥပမာ- စာဖတ်ပါက စာအုပ်ကိုမျက်လုံးကနေ အနည်းဆုံး ၃၀ စင်တီမီတာတွင် ထားကာ ဖတ်ခြင်း။ စာအုပ်နှင့် မျက်လုံးအရမ်းကပ်ကြည့်ပါက မျက်လုံးအတွက် ပြဿနာများစွာ ဖြစ်စေနိုင်ပါတယ်။ မျက်လုံးအမြင်များ ထိခိုက်ရုံသာမက အခြားသော အရိုး၊ အဆစ်၊ ကိုယ်ခန္ဓါ အနေအထားများပါ ပုံမမှန်ဖြစ်တတ်ပါတယ်။

    ဖုန်း၊ ကွန်ပြူတာ နှင့် တီဗွီ များကို အချိန်တိုသာ ကန့်သတ် ကြည့်သင့်ပါတယ်။ ဗွီဒီယို ဂိမ်းများ ကို တစ်နေ့လျှင် တစ်နာရီ၊ တစ်နာရီခွဲသာ စော့သင့်ပါတယ်။ ဖုန်း၊ ကွန်ပြူတာ နှင့် တီဗွီများ ကြည့်ပါက မျက်လုံးနှင့် အရမ်းမကပ်သင့်ပါ။

    မျက်လုံးများ အသုံးပြုပြီးပါက တစ်နာရီခန့် အနားပေးသင့်ပါတယ်။

    သင့်ကလေးများအား အပြင်ထွက်ဆော့ရသော ကစားနည်းများကို ဆော့ကစားရန် အားပေးသင့်ပါတယ်။ သို့မှသာ ကွန်ပျူတာ၊ တီဗွီ ၊ ဖုန်း အသုံးပြုချိန်များ နည်းသွားပါလိမ့်မယ်။ သင့်ကလေးအား အနီးမှုန်ခြင်းမှ လည်း ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။

    မျက်လုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်သော အစားအစာများကို ကျွေးသင့်ပါတယ်။ အနီးမှုန်၊အဝေးမှုန်ခြင်းများမှ ကာကွယ်ရန် အောက်ပါ အစားအစာများကို နေ့စဉ်စားသုံးသင့်ပါတယ်။

    ဗီတာမင် အေပါသောအစားအစာများ- ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ကြက်ဥအနှစ်

    ကာရိုတင်းပါသော အစားအစာများ- ဂေါ်ဖီထုပ်၊ ပဲစိမ်း၊ ဂစွန်းဥ

    Crom အစားအစာများ- အမဲသား၊ ကလီစာ အသည်း၊ ပဲ၊ မှို

    ကယ်လ်စီယမ်ပါသော အစားအစာများ- ဂဏန်း၊ ပုစွန်၊ ပင်လယ်ငါး၊ နို့၊ ကြက်ဥ

    စိတ်ဖိစီးမှုနည်းအောင် ထားခြင်း

    ယနေ့ခေတ်များတွင် စိတ်ဖိစီးမှုသည် မျက်လုံးများကို ပင်ပန်းစေသော အချက်ထဲ ပါဝင်နေပါတယ်။ ကလေးများဟာ စာများဆက်တိုက်လုပ်ခြင်း ဖြင့် စိတ်ဖိစီးမှုများခြင်းကို ရနိုင်ပါတယ်။ ထိုအခါ ဖိစီးမှုအောက်တွင် အာရုံကြောများဟာ ပိုမို အလုပ်လုပ်ရပါတယ်။

    ထိုသို့ဖြင့် အာရုံကြောများ ထိခိုက်လာပြီး မျက်လုံးများကို အမြင်အာရုံများ ကျဆင်းလာစေပါတယယ်။

    မျက်လုံးများကို သန့်ရှင်းအောင်ထားခြင်း

    သင့်ကလေးရဲ့ မျက်လုံးများ သန့်ရှင်းနေစေရန် အောက်ပါတို့ကို လိုက်နာသင့်ပါတယ်။

    အပြင်ထွက်တိုင်း နေပူပါက နေကာမျက်မှန်တပ်ခြင်း၊ ထိုသို့ဖြင့် နေရောင်သာမက ဖုန်များ၊ မသန့်သော လေများ ဝင်ရောက်မှုကို လျော့နည်းစေပါတယ်။

    မျက်နှာသုပ်ပဝါကို သန့်ရှင်းအောင်ထားပါ၊ မျက်နှာသုတ်ပဝါကို အခြားလူတစ်ယောက်နှင့် ဝေငှသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ လက်တွင် ဘက်တီးရီးယားပိုးများစွာ ကပ်နေသည့်အတွက် မျက်လုံးများကို လက်နှင့် မပွတ်မိပါစေနှင့်။

    မျက်လုံးများ ခိုးလိုးခုလု ဖြစ်ခြင်း၊ အမှုန်ဝင်ခြင်းများ ဖြစ်ပါက လက်နှင့် မပွတ်ဘဲ ဆေးပါသော မျက်စင်းဆေးရည် သုံးကာ ဆေးကြောပါရန် သင်ကြားထားပေးသင့်ပါတယ်။ သို့သော် မျက်စင်းဆေးရည်ကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း အသုံးပြုရပါမယ်။

    သင့်ကလေးရဲ့ မျက်လုံးများ ပုံမမှန်ပါက ချက်ချင်း ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Nyan Linn မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement