backup og meta

ဝက်ခြံလေးတွေကို စိတ်ရှည်ပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံလေးတွေကို စိတ်ရှည်ပါ။

    ဝက်ခြံဖြစ်တာက အတော်လေး စိတ်ညစ်စရာပါ။ တစ်ခါတစ်ခါ စိတ်တိုလို့ မျက်နှာတွေ ရောင်တဲ့အထိ ဝက်ခြံတွေကို ညှစ်ပစ်ဖူးတဲ့ အခိုက်အတန့်တွေရှိတယ်ဟုတ်။ တကယ်ကတော့ဒါက ဝက်ခြံလေးတွေကို ပိုဆိုးလာအောင် ကိုယ်တိုင်က လုပ်လိုက်မိတာပါ။

    ဝက်ခြံတွေ သက်သာသွားစေဖို့ဆိုရင် စိတ်ရှည်ဖို့လိုပါမယ်။ ဘယ်လိုစိတ်ရှည်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

    ဝက်ခြံအမျိုးအစားတွေက ဘာတွေလဲ……….

    ဝက်ခြံတွေက အရွယ်အစား၊ ပုံစံ စုံသလို အမျိုးအစားလည်း ကွဲပြားပါတယ်။

  • ဝက်ခြံဖုသေးသေးလေးတွေ
  • နီရဲနေတတ်တဲ့ဝက်ခြံဖု
  • နီရဲရောင်ရမ်းနေသောဝက်ခြံ (ဆင်ဝက်ခြံ)
  • အဆံဖြူလေးတွေထွက်သော ဝက်ခြံ
  • ဆားဝက်ခြံ
  • မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုပြီး အမျိုးမျိုးကွာခြားနိုင်ပါတယ်။
  • ဝက်ခြံလေးတွေကို ဘယ်နေရာမှာ တွေ့နိုင်လဲ………..

    ဝက်ခြံတွေက မျက်နှာမှာ အတွေ့ရများပေမယ့် ခန္ဓာကိုယ်အနှံ့ နှာခေါင်းထဲနဲ့ နားထဲမှာပါမကျန် ပေါက်နိုင်ပါတယ်။

    ဝက်ခြံဆိုတာ…….

    ဝက်ခြံဆိုတာက အရေပြားပေါ်မှာ နီမြန်းပြီး နာကျင်တဲ့ အဖုအပိမ့်တွေထစေတဲ့ အဖြစ်များတဲ့ အရေပြားပြဿနာတစ်မျိုးပါ။ အသက်အရွယ်မရွေးဝက်ခြံပြဿနာကို ခံစားရနိုင်တယ်ဆိုပေမယ့် ဆယ်ကျော်သက်အရွယ်တွေ၊ သက်လတ်ပိုင်းတွေမှာ အဖြစ်များပါတယ်။

    ဝက်ခြံ ဘာကြောင့်ဖြစ်ရတာလဲ……..

    ဝက်ခြံဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေက အများကြီးပါ။ ဟော်မုန်း အပြောင်းအလဲကြောင့် ဝက်ခြံဖြစ်နိုင်သလို မျိုးရိုးလိုက်တာကြောင့်လည်း ဝက်ခြံဖြစ်နိုင်ပါတယ်။ အဆီပြန်စေတဲ့အရာတွေနဲ့ ထိတွေ့မိတာကလည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။

    ဝက်ခြံကို ပိုဆိုးစေနိုင်တဲ့ အခြားအလေ့အထတွေကတော့ ဝက်ခြံကို ကုတ်ဖဲ့တာ၊ စိုထိုင်းဆများတာ၊ စိတ်ဖိစီးတာ၊ ဝက်ခြံရှိတဲ့နေရာတွေကို တင်းကျပ်စွာ ဝတ်စားမိတာ၊ ဥပမာ အဝတ်အစားကျပ်ကျပ်တွေ ဝတ်တာမျိုးတွေပါ။

    ဝက်ခြံလေးတွေကို ဘာတွေကဖြစ်စေတာလဲ………..

    ဝက်ခြံ ဘယ်လိုဖြစ်လာတာလဲ...........

    အရေပြားမှာရှိတဲ့ အဆီဂလင်းနဲ့ မွေးညှင်းအိတ်တွေရဲ့ လုပ်ဆောင်မှုအနေအထား ဟန်ချက်ပျက်မှုတွေကနေ ဝက်ခြံဖြစ်လာရတာပါ။ အဆီဂလင်းတွေနဲ့ မွေးညှင်းအိတ်လေးတွေက အဆီတွေကို ထုတ်လွှတ်ပါတယ်။

    တကယ်လို့ အဆီဂလင်းတွေက အဆီတွေ အများကြီး ထုတ်လွှတ်မယ်။ ဆဲလ်သေတွေက မွေးညှင်းအိတ်ထဲမှာရှိတဲ့ အဆီထုတ်ပေးတဲ့ လမ်း​ကြောင်းကို ပိတ်ဆို့မိမယ်ဆိုရင်ဖြစ်ဖြစ် မွေးညှင်းပေါက်တွေကို ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်ခံရရင်ဖြစ်ဖြစ် ဝက်ခြံတွေ ဖြစ်လာပါတယ်။ ဘက်တီးရီးယားတွေ ရှိနေခြင်းက ရောင်ရမ်းခြင်းကိုဖြစ်စေနိုင်ပါတယ်။ ရလဒ်ကတော့ အရေပြားပေါ်မှာ နီမြန်းရောင်ရမ်းတဲ့ အဖုတွေထွက်လာတာပါ။

    ဝက်ခြံအားလုံး ကုသနည်းတူလား……….

    ဝက်ခြံတွေက အရွယ်အစားနဲ့ ပြင်းထန်မှုတွေ ကွခြားနိုင်ပါတယ်။ အဆံဖြူထွက်တဲ့ ဝက်ခြံနဲ့ ဆားဝက်ခြံတွေက ပန်းရောင်လိုမျိုး အနီဖျော့ဖျော့အဖုလေးတွေပါ။ အလယ်မှာ အဖြူဆံလေးတွေနဲ့ အမည်းရောင်အဆံလေးတွေရှိနေတတ်ပါတယ်။ ပြည်ဖုလိုမျိုးဖြစ်နေတဲ့ နီရဲရောင်ရမ်းတဲ့ ဝက်ခြံတွေနဲ့ ဆင်ဝက်ခြံတွေကတော့ ဝက်ခြံအမျိုးအစားတွေထဲမှာ အပြင်းထန်ဆုံးပုံစံတွေဖြစ်ပြီး ကြီးမားနာကျင်သလို ပြည်ဖုကြီးတွေဖြစ်နေတတ်ပါတယ်။ ဝက်ခြံတဝိုက်မှာလည်း ရောင်ရမ်းနေတတ်ပါတယ်။

    ဝက်ခြံ အမျိုးအစားတွေ ကွာခြားသလို ဝက်ခြံအတွက် ကုသနည်းတွေကလည်း မတူနိုင်ပါဘူး။ သာမန် ဝက်ခြံအတွက် ကုသနည်းက မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ​ကြောင့် ဝက်ခြံ အမျိုးအစားအလိုက် သုံးရတဲ့ အသားအရေ ထိန်းပစ္စည်းတွေ ကွာနိုင်သလို ဂရုစိုက်ရပုံခြင်းလည်း ကွာနိုင်ပါတယ်။

    ဝက်ခြံလေးတွေကို သက်သာအောင်လုပ်ရာမှာ တူညီတဲ့အချက်

    ဝက်ခြံ အမျိုးအစားတွေ ကွာခြားတာကြောင့် ကုသမှုတွေ အသားအရေ ထိန်းသိမ်းရမှုတွေ ကွာနိုင်ပေမယ့် တူညီတာကတော့ စိတ်ရှည်ဖို့ပါ။ ဝက်ခြံတွေကို သက်သာအောင် လုပ်တဲ့အခါ ရက်ပိုင်းကနေ လပိုင်းအတိ စောင့်ရပါမယ်။

    အသားအရေထိန်းပစ္စည်းတစ်ခုခုကို သုံးတဲ့အခါ အဲ့ကာလလောက် စောင့်မှ ရလဒ်ကို သိရမှာပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ဝက်ခြံလည် မပျောက် အသားအရေလည်း ထိခိုက် ပျက်စီးနိုင်ပါတယ်။

    ဒါကြောင့် ဝက်ခြံ ဖြစ်တဲ့အခါ ကုတ်ဖဲ့တာ၊ ညှစ်တာတွေ မလုပ်ပါနဲ့။ ပုံမှန် အသားအရေထိန်းသိမ်းမှုတွေကို လုပ်ပါ။ အသားအရေနဲ့ လိုက်ဖက်မယ့် အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကို နည်းစနစ်မှန်မှန်နဲ့ စိတ်ရှည်ရှည် အသုံးပြုပေးပါ။

    တစ်ပတ်တစ်ခါလောက်ကို သိသာတဲ့ ရလဒ်တွေ ရရှိမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement