ရေများများသောက်ပါ။ ကိုယ့်ကိုယ်ကိုယ် ရေဓာတ်ခမ်းခြောက်ခြင်း မဖြစ်စေဖို့ သေချာဂရုစိုက်ပါ မှောင်ပြီး တိတ်ဆိတ်တဲ့ အခန်းထဲမှာ အိပ်စက်အနားယူပါ နဖူးပေါ်ကို ရေခဲဝတ် သို့မဟုတ် ရေအေးထဲ အဝတ်သန့်သန့်တစ်ထည် စိမ်ပြီး ကပ်ပေးပါ ကိုက်ခဲနာကျင်မှု ရှိသော ဦးခေါင်းဘက်ခြမ်းကို လက်ချောင်းလေးများဖြင့် ဖြည်းဖြည်းချင်း ပွတ်ပြီးနှိပ်ပေးပါ အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးပါ ခေါင်းကိုက်ပျောက်ဆေးကို နီးစပ်ရာဆေးဆိုင်တွေမှာ ဝယ်သောက်ပါ အပေါ်မှာ ပြောထားတဲ့ အချက်တွေနဲ့ သက်သာအောင် လုပ်လို့မရတဲ့အထိ ပြင်းထန်တာမျိုး၊ အထူးသဖြင့် သွေးဆုံးကာနီးနဲ့ သွေးဆုံးနေစဉ် ကာလမှာ ရောက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်ပြကြည့်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ မဟော်မုန်းပမာဏ ဘယ်လောက်ထိ နည်းနေလဲ၊ ရောဂါလက္ခဏာများ ဘယ်လောက်ထိ ပြင်းထန်လဲဆိုတာတွေပေါ် မူတည်ပြီး ဟော်မုန်းအစားထိုးကုသမှုတွေ ကုသမှုခံယူဖို့ ဆရာဝန်အနေနဲ့ အကြံပေးပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်နေစဉ်မှာ ခေါင်းကိုက်တယ်ဆိုရင်တော့ တွေ့ရာဆေး ဝယ်သောက်တာထက် ကိုယ်ပုံမှန်ပြနေကျ သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သင့်တော်တဲ့ ခေါင်းကိုက်ပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးတွေကို ညွှန်းပေးဖို့ အကြံတောင်းပါ။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။