တစ်နေကုန်လိမ်းခြယ်ထားသမျှနဲ့ ဖုန်မှုန့်တွေကိုသေချာသန့်စင်ဖို့လိုပါမယ်။ ဒါကြောင့် မျက်နှာကို မျက်နှာသစ်ဆေးသုံးပြီး မသန့်စင်ခင်မှာ Micellar water သုံးပြီး သန့်စင်ပေးပါ။ ဝက်ခြံရှိတယ်ဆိုရင်တော့ BIODERMA Sebium H2Oလေးရှိပါတယ်။ ဂွမ်းစလေးမှာMicellar waterလေးကိုစွတ်ပြီး မျက်နှာကို အပေါ်ကိုဆွဲယူတဲ့ပုံစံနဲ့သန့်စင်ပါ။ ဒါမှချွေးပေါက်ထဲက အဆီတွေ။ ဖုန်မှုန့်တွေကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။ လည်ပင်းနဲ့ နားအနောက်ဖက်တွေကိုလည်း ချန်မထားဖို့ပြောပါရစေ။
ဒုတိယအဆင့်……. မျက်နှာသစ်မယ်
ချွေးပေါက်ထဲက အညစ်အကြေးတွေကို သန့်စင်ပြီးပြီဆိုရင်တော့ မျက်နှာသစ်ရမှာပါ။ ဝက်ခြံသမားတွေအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးကိုရွေးရပါမယ်။ မျက်နှာသစ်ဆေးဖြစ်ပြီးရောရွေးချယ်လိုက်မယ်ဆိုရင် ဝက်ခြံမသက်သာတဲ့အပြင်ချွေးပေါက်တွေကို ပိတ်မိစေပြီး ဝက်ခြံကို ပိုဆိုးသွားစေမှာပါ။ ဝက်ခြံတင်မဟုတ်ဘဲ အဆီပါပြန်တတ်သေးတယ်ဆိုရင် Double Cleansing လုပ်ဖို့လိုပြီပေါ့။ မျက်နှာသစ်ဆိုရင်လည်းဝက်ခြံရှိအသားရေတွက်ရွှေးရခက်ပါတယ်ဆပ်ပြာနဲ့မတည့်တဲ့ အသားရေဆိုအဆင်မပြေတာတွေ အဲဒါဆိုရင်တော့ ဆပ်ပြာမပါဝင်တဲ့ဂျယ်လ်အမျိုးအစား မျက်နှာသစ်ဆေးက အဆင်ပြေဆုံးဖြစ်မှာပါ။
အသားရေချောမွေ့စေတဲ့အပြင် အရေပြားအစိုဓါတ်ဖြည့်တင်းပေးတဲ့ Sensibio toner ကအဆင်ပြေဆုံးဖြစ်မှာပါ။ ဒါမှချွေးပေါက်တွေသန့်စင်ပြီး အသားအရေထိန်းသိမ်းမှု အတွက်အသင့်တော်ဆုံးဖြစ်မှာပါ။
တတိယအဆင့်……. Pore Refiner သုံးမယ်
မျက်နှာကို သန့်စင်တဲ့အဆင့်ပြီးပြီဆိုတော့ချွေးပေါက်ကျယ်နေတာကြောင့် ဝက်ခြံထပ်ဖြစ်လာမှာကိုကာကွယ်တဲ့အနေနဲ့ Pore Refinerလေးကို သုံးပေးရပါမယ်။ ဒါမှချွေးပေါက်တွေကျဉ်းပြီး အရေပြားမှာ မိတ်ကပ်လူးတဲ့အခါ အဆီပြန်တာမျိုးမရှိမှာပါ။ချွေးပေါက်ထဲမှာ မိတ်ကပ်တွေပိတ်ဆို့တာမျိုးမဖြစ်အောင်လည်း ကာကွယ်ရာရောက်မှာပါ။ ဒါပေမယ့် လေဒီလေးက ချွေးပေါက်ကျယ်တဲ့သူလေးမို့ တစ်နေ့တာလုံးလှနေစေဖို့ BIODERMA Sebium Series ထဲက ချွေးပေါက်ကျဉ်းဆေး Pore Refinerကိုသုံးမယ်ဆိုရင်တော့ နေ့ဘက် Foundation အနေနဲ့အသုံးပြုနိုင်ပါတယ်။ ကျယ်နေတဲ့ချွေးပေါက်တွေ ကျဉ်းစေဖို့ဆိုရင်BIODERMA Sebium Series ထဲက Pore Refinerလေးရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။