ဆားဝက်ခြံဖယ်ထုတ်တဲ့ ကိရိယာကိုအသုံးပြုပေးပါ – ဆားဝက်ခြံညှစ်တဲ့ကိရိယာက သတ္တုနဲ့လုပ်ထားပြီး အစွန်းတစ်ဖက်မှာ ဆားဝက်ခြံကို ညှစ်ထုတ်လို့ရတဲ့ အပေါက်သေးသေးလေးပါတတ်ပါတယ်။ သတိပြုစရာတစ်ချက်ကတော့ ဆားကြ်ခြံကိုမညှစ်ထုတ်ခင်မှာ ဆားဝက်ခြံညှစ်ထုတ်ဖို့အသုံးပြုမယ့် ကိရိယာကို ပိုးသေစေဖို့အတွက် အရက်ပြန်သုတ်ပေးဖို့ပါ။ လက်ချောင်းတွေကို အသုံးမပြုတာကြောင့် ပိုးဝင်နိုင်ခြေ နည်းသွားပါလိမ့်မယ်။
ဆားဝက်ခြံ ကပ်ခွာသုံးပေးလို့ရပါတယ် – ဆားဝက်ခြံတွေက များသောအားဖြင့်တော့ မျက်နှာရဲ့ T-zone မှာအဖြစ်များပါတယ်။ ဆားဝက်ခြံ ကပ်ခွာကို ဆားဝက်ခြံဖြစ်တဲ့နေရာတွေမှာ မိနစ်အနည်းငယ်လောက်ကပ်ထားပေးပြီးပြန်ခွာလိုက်ပါ ဆားဝက်ခြံတွေရောချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့အရာတွေပါ ပါသွားပါလိမ့်မယ်။
တတ်သိနားလည်သူတွေနဲ့ပြသပေးပါ – ဆားဝက်ခြံတွေကို ဖယ်ရှားချင်နေတယ်ဆိုရင်တော့ မျက်နှာအလှအပဆိုင်ရာတတ်သိနားလည် သူတွေနဲ့တိုင်ပင်ပြီး ဖယ်ရှားတာက အကောင်းဆုံးပါ။ အလှပြင်ဆိုင်တွေမှာ လွယ်လင့်တကူ လုပ်လိုက်တာတွေက ပိုးဝင်တာမျိုးဖြစ်တတ်တာကြောင့်ဖြစ်နိုင်ရင်တော့ အလှအပဆိုင်ရာဆေးခန်းတွေမှာပြသကြည့်ဖို့အကြံပြုချင်ပါတယ်။ အရေပြားဆိုင်ရာကျွမ်းကျင်တဲ့ဆရာဝန်တွေကသာ ဆားဝက်ခြံ သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ဆေးတွေကို ညွှန်းပေးနိုင်မှာပါ။
ဆားဝက်ခြံ သက်သာစေဖို့ လုပ်ဆောင်သင့်တဲ့ အလေ့အထများ
ဆားဝက်ခြံတွေကို မဆိတ်ဆွပါနဲ့ – လက်ချောင်းတွေနဲ့ ဆားဝက်ခြံတွေကို ညှစ်ထုတ်တာကချွေးပေါက်တွေကို ညစ်ပတ်တာတွေ နဲ့ ပိုးဝင်တာတွေဖြစ်စေနိုင်ပါတယ်။ ဆားဝက်ခြံတွေကို ဆိတ်ဆွတာက ပိုးဝင်ကူးစက်တာတွေကိုဖြစ်စေပြီး အရေပြားရောင်ရမ်းတာနဲ့ ဆားဝက်ခြံတွေကို ပိုဆိုးစေတာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ အဆိုးဆုံးဖြစ်နိုင်တာတစ်ခုက မျက်နှာပေါ်မှာ အမာရွတ်တွေကျန်ခဲ့စေနိုင်တာပါ။
အပြင်းစား ဓာတုပစ္စည်းတွေပါဝင်နေတဲ့ ဆဲသေလ်ဖယ်ရှားတဲ့ အလှကုန်တွေမသုံးပါနဲ့ – တုံ့ပြန်လွယ်တဲ့အသားအရေပိုင်ဆိုင်ထား မယ်ဆိုရင် အပြင်းစား ဆဲသေလ်သေဖယ်ရှားပေးတဲ့ အသားအရေသုံးအလှကုန်တွေက ဆားဝက်ခြံကို ပိုဆိုးစေနိုင်တာ နဲ့ အရေပြားကျိန်းစပ်တာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ လက်ရှိသုံးနေတဲ့ ဆဲလ်သေဖယ်ရှားတဲ့အသားအရေသုံးပစ္စည်းကိုအသုံးပြုတာကြောင့် အသားအရေမှာနာကျင်တာမျိုး ခံစားရမယ်ဆိုရင် ဆက်မသုံးဖို့ အကြံပြုပါရစေ။ ဓာတုပစ္စည်းပါဝင်မှုနည်းပြီး သဘာဝပစ္စည်းတွေကိုအခြေခံထားတဲ့ ဆဲလ်သေဖယ်ရှားပေးတဲ့ အသားအရေသုံးပစ္စည်းကိုပြောင်းသုံးပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။