“ဆေးလိပ်သောက်ခြင်းဟာ သင်နှင့် သင့်ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။” ဆိုတဲ့ ဆောင်ပုဒ်လေးကို လူတိုင်း ရင်းနှီးကြမှာပါ။ အဲ့ဒီဆောင်ပုဒ်အတိုင်း ဆေးလိပ်သောက်ခြင်းဟာ သောက်သုံးသူရော သူ့မိသားစု၊ ပတ်ဝန်းကျင်ရဲ့ ကျန်းမာရေးသာမက လူမှုရေး၊ စီးပွားရေး တွေကိုပါ ထိခိုက်စေနိုင်တဲ့ လက်နက်ကြီးတစ်ခုပါ။ ကျွန်မတို့ပတ်ဝန်းကျင်မှာ ဆေးလိပ်ဖြတ် ဖို့ ကြိုးစားကြတဲ့သူတွေ အများကြီးရှိပေမယ့် ဖြတ်ဖို့ကြိုးစားပြီးမှ မထိန်းနိုင်ဘဲ ပြန်သောက်မိကြတဲ့သူတွေလည်း ရှိနေကြပါတယ်။