ကိုယ့်လုပ်ငန်းခွင်ထဲက ဘက်တီးရီးယားပိုးမွှားတွေ အများဆုံး ရှင်သန်ရာနေရာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 6, 2020 . 3 mins read
Share now

လုပ်ငန်းခွင်တစ်ခုလို့ ဆိုလိုက်တာနဲ့ စားပွဲတွေ၊ ထိုင်ခုံတွေ၊ ပစ္စည်းကိရိယာတွေ၊ စာရွက်စာတမ်းတွေနဲ့ အမြဲ လှုပ်ရှားသက်ဝင်နေတဲ့ နေရာတစ်ခုပါ။

လူပေါင်းများစွာ စုစည်းလုပ်ကိုင်နေကြတဲ့နေရာမို့ ပစ္စည်းတော်တော်များများမှာ ရောဂါပိုးမွှားတွေ၊ ဘက်တီးရီးယားတွေလည်း အလွယ်တကူ ကူးစက်တွယ်ငြိနေတတ်ပါတယ်။

ကူးစက်ရောဂါ အသစ်အဆန်းတွေ တစ်နေ့တခြားပိုမိုများပြားလာနေတဲ့ ဒီခေတ်ထဲမှာ မိမိရဲ့ ကျန်းမာရေးကို ထိခိုက်မှုမရှိအောင် ဂရုတစိုက်နေထိုင်သွားဖို့ကလည်း အရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။

မိသားစု စားဝတ်နေရေးအတွက် ရုံးသွားရုံးတက်လုပ်နေရပေမယ့် ရုံးမှာရှိတဲ့ ပစ္စည်းတွေကနေ ရောဂါပိုးမွှားကပ်ငြိကူးစက်တာမျိုးလည်း မဖြစ်ရအောင် ဉာဏ်နဲ့ ယှဉ်ပြီး သတိထားနေထိုင်ဖို့ လိုအပ်ပါတယ်။

ခုဖော်ပြသွားမယ့် ပစ္စည်းတွေကတော့ မိမိရဲ့ ရုံးလုပ်ငန်းခွင်ထဲက ရောဂါပိုးမွှားတွေ အများဆုံးကပ်ငြိနေနိုင်တဲ့ အရာဝတ္ထုတွေ၊ အသုံးအဆောင်တွေဖြစ်ပြီး သတိထားကိုင်တွယ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

စက်လှေကား ခလုတ်

ရုံးတက်ရုံးဆင်းမှာ လူတိုင်းနီးပါး ထိကိုင်နေရတဲ့ ဓာတ်လှေကား ခလုတ်တွေဟာ ရောဂါပိုးမွှားတွေ တွယ်ငြိနိုင်ဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။ ဒါကြောင့်လည်း COVID-19 လို ကူးစက်ရောဂါကြီး ပျံ့နှံ့ချိန်လာချိန်မှာ ဓာတ်လှေကားခလုတ်တွေကို လက်အိတ်တွေ ကွန်ဒုံးတွေနဲ့ စွပ်ပြီး ကိုင်တွယ်ဖို့ တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။

တံခါးလက်ကိုင်

ရုံးထဲပဲဖြစ်ဖြစ် လုပ်ငန်းခွင်ထဲပဲဖြစ်ဖြစ် ဝင်ရောက်ဖို့ဆိုရင် တံခါးကိုတော့ မဖြစ်မနေ ဖြတ်ကျော်ရပါတယ်။ တံခါးလက်ကိုင်တွေဟာ လူတိုင်းထိတွေ့ကိုင်တွယ်နေတဲ့အရာဖြစ်တာမို့ ရောဂါပိုးတွေ ဖြန့်ဖြူးနေသလိုပါပဲ။ ဒါကြောင့် တံခါးဖွင့်ရာမှာ လက်ဖျံနဲ့ တွန်းတာမျိုး၊ ဒါမှမဟုတ်လဲ ကိုင်တွယ်ပြီးချိန်မှာ sanitizer နဲ့ သေချာသန့်စင်တာမျိုးလုပ်ဖို့ လိုအပ်ပါတယ်။

ကွန်ပျူတာမျက်နှာပြင်

ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ မှိုတွေ၊ ပိုးမွှားတွေဟာ ကွန်ပျူတာ မျက်နှာပြင်တွေအထက်မှာ ပိုမိုပျော်ပါးကြလေ့ရှိပါတယ်။ ကွန်ပျူတာမျက်နှာပြင်တွေဟာ အိမ်သာထက် ဘက်တီးရီးယားအဆ ၄၀၀ ပိုမိုပြီး များပြားနေတတ်ပါတယ်။

ကွန်ပျူတာ ကီးဘုတ်

ကွန်ပျူတာ မျက်နှာပြင်လိုပဲ ကီးဘုတ်တွေမှာလည်း ပိုးမွှားတွေ အများအပြားရှိနေတတ်ပါတယ်။ ကိုယ်တိုင် နှာချေ၊ ချောင်းဆိုး၊ နာနာ ဖျားဖျား ကိုင်တွယ်နေတဲ့ ကီးဘုတ်တွေမှာ ပိုးမျိုးစုံရှိနေနိုင်ပါတယ်။ အထူးသဖြင့် တစ်ချိန်က ကိုယ့်မှာဖြစ်ခဲ့သမျှ ရောဂါတွေရဲ့ ပိုးတွေပေါ့။

တယ်လီဖုန်း

ရုံးသုံး တယ်လီဖုန်းတစ်လုံးရဲ့ တစ်လက်မပတ်လည် ဧရိယာမှာ ပိုးမွှားပေါင်း ၂၅၀၀၀ ဝန်းကျင်လောက် တည်ရှိနေတတ်ပါတယ်။ ဒါကြောင့် ရုံးတယ်လီဖုန်းတွေကို မကြာခဏသန့်စင်ပေးဖို့ ရှင်းလင်းပေးဖို့ လိုအပ်တာဖြစ်ပါတယ်။

ရုံးလုပ်ငန်းသုံးစက်ပစ္စည်းများ

printer ၊ copier ၊ fax စတဲ့ ရုံးလုပ်ငန်းသုံး စက်ပစ္စည်းတွေဟာလည်း ရောဂါပိုးမွှားတွေ မထင်မှတ်ထားလောက်အောင် အများအပြား ကပ်ငြိနေနိုင်တဲ့ နေရာတွေပါပဲ။ အထူးသဖြင့် ခလုတ်တွေနဲ့ LED မျက်နှာပြင်တွေမှာပါ။

ရေပူ ရေအေးစက်

တစ်ရုံးလုံး ဝိုင်းအသုံးပြုနေကြတဲ့ ရေပူ၊ ရေအေးစက်ကလည်း ရောဂါပိုးမွှားတွေကို သယ်ပို့ ဖြန့်ဖြူးပေးနေတဲ့ နေရာတစ်ခုဆိုတာ မမေ့ပါနဲ့။ ရေသန့်စက်ဆိုရုံနဲ့ တခြားအရာတွေကိုပါ သန့်စင်နေလိမ့်မယ်လို့ ယုံကြည်မထားဖို့တော့ လိုအပ်ပါတယ်။

ကော်ဖီဖျော်စက်

ကော်ဖီဖျော်စက်ဟာလည်း ရေပူ၊ ရေအေးစက်လိုပါပဲ။ ရုတ်တရက်ဆိုရင် ရောဂါပိုးမွှားတွေ ကပ်ငြိနေနိုင်တဲ့ နေရာတစ်ခုလို့ ထင်ရက်စရာမရှိလှပါဘူး။ အထူးသဖြင့် ကော်ဖီဖျော်စက်တွေရဲ့ မှောင်နေတဲ့ အတွင်းဘက်တွေမှာ ပိုးမွှားတွေ စုဝေးနေတတ်ပါတယ်။ ဒါကြောင့် ကော်ဖီဖျော်စက်တွေကို မကြာခဏ သန့်ရှင်းပေးနေဖို့ လိုအပ်တာပါ။

ကော်ဖီအိုး/ကော်ဖီခွက်

ကော်ဖီတည်တဲ့ အိုးတွေနဲ့ ကော်ဖီထည့်တဲ့ ခွက်တွေမှာလည်း ပိုးမွှားတွေ ကပ်ငြိနေတတ်ပါတယ်။ အပူဒါဏ်ကို ခံရတဲ့နေရာဖြစ်တာမို့ ရောဂါပိုးမွှားတွေ ကပ်ငြိမနေနိုင်ဘူးလို့ မယူဆပါနဲ့။ ပုံမှန် သန့်ရှင်းရေးမလုပ်ပေးရင် ဒီအိုးတွေ၊ ခွက်တွေဟာလည်း ပြသနာတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ကော်ဖီခွက် ၉၀% လောက်မှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုး တစ်မျိုးမဟုတ် တစ်မျိုးရှိနေတတ်ပါတယ်။

ဘေစင်

ပန်းကန်ခွက်ယောက်ဆေးကြောရာ ဘေစင်တွေမှာ ဘက်တီးရီးယားတွေ ရှိနိုင်တာကိုတော့ လူတွေ သိနားလည်ကြမယ်ထင်ပါတယ်။ ဆပ်ပြာတွေနဲ့ မပြတ်ဆေးကြောခံနေရတဲ့ ဆပ်ပြာမြှုပ်မှာလည်း ဘက်တီးရီးယားပိုးတွေ တွယ်ငြိရှင်သန်နေနိုင်ပါတယ်။ ဒါကြောင့် ဘေစင်သုံး ရေမြှုပ်ကို ၂ ပတ် တစ်ခါလဲဖို့ ကျန်းမာရေးပညာရှင်တွေက အကြံပေးကြတာဖြစ်ပါတယ်။

Vending Machines

ရုံးတစ်ရုံး၊ ဒါမှမဟုတ် အဆောက်အအုံတစ်ခုလုံး ထိတွေ့ ကိုင်တွယ်နေကြတဲ့ အစားအသောက်ရောင်းစက် (Vending Machines) တွေမှာလည်း မှိုတွေ ဘက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။ လေ့လာချက်တွေအရ Vending Machines ၅ ခုမှာ တစ်ခုနှုန်းဟာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေ ရှိနေလေ့ရှိပါတယ်တဲ့။

အိမ်သာ

အိမ်သာကတော့ E. coli ဘက်တီးရီးယားတွေကို အဓိက ဖြန့်ချီရာဌာနပါပဲ။ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ဒီဘက်တီးရီးယားတွေဟာ အိမ်သာတွေမှာ ပိုမိုပေါများစွာ ရှိနေတတ်သလို အလွယ်တကူလည်း ကူးစက်နိုင်ပါတယ်။ အထူးသဖြင့်တော့ အိမ်သာရေဆွဲခလုတ်နဲ့ ရေပန်းလက်ကိုင်တွေမှာရှိနေနိုင်တာပါ။

ကိုယ်က ရုံးတက်နေတယ်၊ လုပ်ငန်းခွင်ဝင်နေတယ်ဆိုပေမယ့် ဒီလို ရောဂါပိုးမွှားတွေ ရှိနေနိုင်တဲ့ နေရာကို သတိထားကိုင်တွယ်ပြီး ဖျားနာခြင်းကင်းဝေအောင် နေထိုင်ကြဖို့ လိုအပ်ပါတယ်။ ကိုယ်ပိုင်ပစ္စည်းတွေကို ပိုးသတ်တာ၊ မကြာခဏ လက်ဆေးတာကလည်း ပိုးမွှားတွေ ရန်ကနေ ကာကွယ်ပေးပါတယ်။

ကိုယ့်ဆီကနေတဆင့် သူတစ်ပါးစီ ကူးစက်သွားတာလည်း မကောင်းသလို၊ သူတစ်ပါးဆီကနေတဆင့် ကိုယ့်ထံကူးစက်လာတာမျိုးလည်း မဖြစ်စေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် သတိထားနေထိုင်တာကတော့ အကောင်းဆုံးလို့ပဲ လမ်းညွှန်ပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နှာခေါင်းစည်း နှစ်ထပ် တပ်မယ်ဆိုရင်

ကိုဗစ်ကာလမှာ နှာခေါင်းစည်း တပ်တာက အမြဲတမ်း အရေးပါနေမှာပါ။ လေ့လာချက်အသစ်တွေအရ အရင်လို တစ်ထပ် မဟုတ်ဘဲ နှစ်ထပ်တပ်တာက ပိုကောင်းပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ဖြစ်ပြီး ထွက်တဲ့ antibodies ဘယ်လောက်ခံလဲ…….

ကိုဗစ်ဖြစ်ပြီး ထွက်တဲ့ antibodies ဘယ်လောက်ခံလဲ....... ကိုဗစ်ကနေ ကျန်းမာလာတဲ့အခါ ကိုဗစ်ဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ကိုယ်ခံအား ထွက်လာပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာကွယ်ဆေး နဲ့ မေးခွန်းများစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ မေးခွန်းများစွာ ကာကွယ်ဆေး ထိုးတာနဲ့ပတ်သက်လို့ သိချင်နေမယ့် မေးခွန်းတွေလည်း အများကြီးရှိ နေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာကွယ်ဆေး ထိုးတဲ့အခါ နှစ်ကြိမ်လုံး ပြည့်ပါစေ။

ကိုဗစ်ကာကွယ်ဆေး ထိုးတဲ့အခါ နှစ်ကြိမ်လုံး ပြည့်ပါစေ။ မျိုးဗီဇတွေ အဆင့်ဆင့်ပြောင်းရင်း လက္ခဏာတွေ ပြင်းထန်လာတဲ့ ကိုဗစ်ကို ကာကွယ်ဖို့ဆိုရင်...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆံပင်စိုလို့ ဖျားတာလား.........

ဆံပင်စိုလို့ ဖျားတာလား………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 20, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေး နဲ့ ဆီးချို

ကိုဗစ်ကာကွယ်ဆေး နဲ့ ဆီးချို

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 14, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေး ထိုးတော့မယ်ဆိုရင်

ကိုဗစ်ကာကွယ်ဆေး ထိုးတော့မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 14, 2021 . 2 mins read
ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သလဲ…….. booster ထပ်ထိုးဖို့ လိုမလား…….

ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သလဲ…….. booster ထပ်ထိုးဖို့ လိုမလား…….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 7, 2021 . 3 mins read